International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— လာလီဂါတွင် ဘာစီလိုနာက ဗလင်စီယာကို ၇ ဂိုးသွင်း၊ ရီးရဲလ်မက်ဒရစ်က လေးမှတ်ဖြတ်ထား
ဇန်နဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းက ရုန်းကန်နေရသည့် ဗလင်စီယာကို ၇-၁ ဂိုးဖြင့် အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယား ဒုတိယနေရာမှ အက်သလက်တီကိုနှင့် သုံးမှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။
ထို့အတူ ရီးရဲလ်မက်ဒရစ်က ဗယ်လာဒိုးလစ်အား အဝေးကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ အက်သလက်တီကို မက်ဒရစ်အား လေးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိပြီး အက်သလက်တီကိုမှာမူ အိမ်ကွင်း၌ ဗီလာရီးရဲလ်နှင့် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သည်။
…..
— ကမ္ဘာ့အဆင့်-၁ ဂျန်းနစ်ဆင်နာက ဇဲရက်ဗ်ကို အနိုင်ယူကာ ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ကာကွယ်
ဇန်နဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်-၁ ဂျန်းနစ်ဆင်နာက ဂျာမနီမှ အလက်ဇန်းဒါး ဇဲရက်ဗ်ကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကာ အမျိုးသားတင်းနစ်လောကတွင် ထိပ်တန်းကစားသမားအဖြစ် အခိုင်အမာ ရပ်တည်လျက်ရှိသည်။
ဗိုလ်လုပွဲတွင် ဆီဒင်အမြင့်ဆုံး ကစားသမားနှစ်ဦး ထိပ်တိုက်တွေ့ဆုံနေသော်လည်း ပွဲမှာ တစ်ဖက်သတ်ဖြစ်နေခဲ့ပြီး ရပ်တန့်၍မရနိုင်သည့် ဆင်နာက ၎င်း၏ပြိုင်ဘက်အား ၆-၃၊ ၇-၆ (၄)၊ ၆-၃ ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ရော့ဒ်လေဗာ အားကစားကွင်း၌ အချိန် ၂ နာရီနှင့် ၄၂ မိနစ် ကြာမြင့်ခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ၎င်းအနေဖြင့် break point တစ်ကြိမ်မှမပေးခဲ့ရပေ။
…..
— စပိန်အမျိုးသမီး စူပါဖလားဗိုလ်လုပွဲတွင် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူး
ဇန်နဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်အမျိုးသမီးစူပါဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်ကို ၅-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ယူခဲ့ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ၎င်းတို့၏ လွှမ်းမိုးမှုကို ထင်ထင်ရှားရှား ထပ်မံပြသခဲ့သည်။
စပိန်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အဆင့်အမြင့်ဆုံး ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် စပိန်လီဂါအက်ဖ်တွင် ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားသည့် ဘာစီလိုနာက ပြည်တွင်းလိဂ်၌ ဒုတိယနေရာတွင်ရှိသော မက်ဒရစ်အား ပွဲစကတည်းက ထိန်းချုပ်ကစားကာ အခွင့်အရေး မပေးရစေရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ ယခုနိုင်ပွဲကြောင့် ဘာစီလိုနာ အမျိုးသမီးအသင်းက စူပါဖလား ချန်ပီယံဆုကို လေးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
…..
— အင်ဒိုနီးရှား မာစတာစ် ကြက်တောင်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ငွေတံဆိပ်ဆုဆွတ်ခူး
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အစ္စတိုရာ ဆီနာယန် အားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အင်ဒိုနီးရှား မာစတာစ် ကြက်တောင်ပြိုင်ပွဲမှာ ဇန်နဝါရီ ၂၆ ရက်က ပြီးဆုံးသွားပြီဖြစ်ကာ တရုတ်နိုင်ငံက ငွေတံဆိပ်ဆုတစ်ခု ဆွတ်ခူးနိုင်ခဲ့သည်။
ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်ကြက်တောင်ကစားသမားများဖြစ်သည့် Guo Xinwa နှင့် Chen Fanghui တို့က ဂျပန်ကစားသမားများဖြစ်သည့် Hiroki Midorikawa နှင့် Natsu Saito တို့အား ၂၁-၁၅၊ ၂၁-၁၇ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ရွှေတံဆိပ်ဆုနှင့် လွဲချော်ခဲ့ရသည်။ အဆိုပါ ဗိုလ်လုပွဲမှာ ၃၄ မိနစ် ကြာမြင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Barca in seventh heaven in La Liga as Real Madrid go four clear
FC Barcelona moved to three points of Atletico after they returned to winning ways at home with a 7-1 thrashing of struggling Valencia Sunday.
Real Madrid extended their lead at the top of La Liga to four points over Atletico Madrid with a comfortable 3-0 win away to Valladolid while Atletico were held to a 1-1 draw at home to Villarreal.
…..
No. 1 Sinner outplays Zverev to retain Australian Open title
World No. 1 Jannik Sinner dispatched Germany’s Alexander Zverev in straight sets to successfully defend his Australian Open title on Sunday, cementing his standing as the dominant player in men’s tennis.
An unstoppable Sinner romped to a 6-3, 7-6 (4), 6-3 victory in a one-sided final between the top two seeds. He did not face a break point in two hours and 42 minutes on Rod Laver Arena.
…..
Barcelona crushes Real Madrid to win Spanish Women’s Super Cup
FC Barcelona once again made clear their dominance of the women’s game as they cruised to a comfortable 5-0 win over Real Madrid in the final of the Women’s Super Cup on Sunday.
Barcelona, who has a 100 percent record in Spain’s Liga F, looked to control the match from the kick-off, and gave Madrid, currently second in Spain’s domestic competition, a chance. The win means Barca’s women’s team has now won four consecutive Super Cup titles
…..
China takes silver at badminton Indonesia Masters
The 2025 Indonesia Masters badminton tournament concluded here at the Istora Senayan Sports Stadium on Sunday, with China securing one silver medal.
In the mixed doubles final, Guo Xinwa and Chen Fanghui failed to secure gold after being outclassed by Japan’s Hiroki Midorikawa and Natsu Saito 21-15, 21-17 within 34 minutes.