International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ၂၀၂၅ ခုနှစ်၏ ပထမဆုံး လာလီဂါပွဲစဥ်အဖြစ် ဗလင်စီယာနှင့် ရီးရဲလ်မက်ဒရစ် ယှဥ်ပြိုင်ကစားမည်
၂၀၂၅ ခုနှစ်၏ ပထမဆုံး စပိန်လာလီဂါ ပွဲစဥ်အဖြစ် ဗလင်စီယာအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် ယှဥ်ပြိုင်ကစားမည်ဖြစ်ကာ အဆိုပါပွဲစဥ်တွင် အနိုင်ရရှိပါက ရီးရဲလ်မက်ဒရစ်အနေဖြင့် အက်သလက်တီကို မက်ဒရစ်ကို ကျော်တက်နိုင်မည်ဖြစ်သလို ဘာစီလိုနာကိုလည်း ငါးမှတ်ဖြတ်ထားနိုင်မည်ဖြစ်သည်။
ရီးရဲလ်နှင့် ဗလင်စီယာတို့မှာ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဗလင်စီယာဒေသ၌ ရေလွှမ်းမိုးမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သဖြင့် ရွှေ့ဆိုင်းခဲ့ရသည့် ပွဲစဥ်ကို ပြန်လည်ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။
ရီးရဲလ်နည်းပြ ကာလို အန်ဆလော့တီအတွက် သတင်းကောင်းမှာ ကာလရှည် အနားယူရမည့် ဒါနီ ကာဗာဟယ်နှင့် အီဒါ မီလီတိုတို့နှစ်ဦးမှလွဲ၍ ကစားသမားအင်အား ပြန်လည်တောင့်တင်းလာပြီဖြစ်သလို ဒူးဒဏ်ရာကြောင့် တစ်နှစ်ကြာ အနားယူနေရသည့် ဒေးဗစ် အလာဘာမှာလည်း လေ့ကျင့်ခန်းအစီအစဥ်များကို အပြည့်အဝ လုပ်ဆောင်နိုင်ပြီဖြစ်ပြီး ပါဝင်ကစားနိုင်ရန် နီးစပ်နေပြီဖြစ်သည်။
…..
— Brisbane International တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်နှင့် ဆာဘလန်ကာ ကွာတားဖိုင်နယ် တက်ရောက်
ဇန်နဝါရီ ၂ ရက် ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် Brisbane International တင်းနစ်ပြိုင်ပွဲတွင် ဆီဒင်အမြင့်ဆုံး ကစားသမားများဖြစ်သည့် နိုဗက် ဂျိုကိုဗစ်နှင့် အရီနာ ဆာဘလန်ကာတို့မှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း တရုတ်တင်းနစ်မယ် ယွမ်ယွဲ့မှာမူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် အရေးပါသော အကြိုလေ့ကျင့်ပြင်ဆင်မှုဟု ဆိုရမည့် ၁ နာရီနှင့် ၁၂ မိနစ် ကြာမြင့်သော အဆိုပါပွဲစဥ်တွင် ဂျိုကိုဗစ်က ဝါရင့် ပြင်သစ်တင်းနစ်ကစားသမား ဂေးမွန်းဖီးစ်အား ၆-၃၊ ၆-၃ ဖြင့် အနိုင်ယူကာ ပွဲ ၂၀ ဆက်တိုက် ရှုံးပွဲမရှိအောင် ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ ယင်းအနိုင်ရလဒ်ကြောင့် ဂျိုကိုဗစ်အနေဖြင့် ၎င်း၏ ကစားသမားဘဝတစ်လျှောက် အကြိမ် ၁၀၀ မြောက် တစ်ဦးချင်းဆုဖလားကို ကိုင်မြှောက်နိုင်ရန် ခြေတစ်လှမ်း ပိုမိုနီးစပ်လာပြီဖြစ်သည်။
…..
— ATP Hong Kong Open တင်းနစ်ပြိုင်ပွဲတွင် ဆီဒင်-၁ ကစားသမား ရူဘလက်ဗ် အံ့အားသင့်ဖွယ်ရှုံးနိမ့်
ဇန်နဝါရီ ၂ ရက်က ယှဥ်ပြိုင်ခဲ့သည့် ATP Hong Kong Open ဒုတိယအဆင့် ပွဲစဥ်တွင် ဆီဒင်အမြင့်ဆုံးဖြစ်သလို လက်ရှိချန်ပီယံလည်းဖြစ်သည့် ရုရှားတင်းနစ်ကစားသမား အန်ဒရေ ရူဘလက်ဗ်မှာ ဟန်ဂေရီမှ ဖေဘီယန် မာရိုဇန်အား အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည်။
ကမ္ဘာ့အဆင့်-၈ ရူဘလက်ဗ်မှာ ကမ္ဘာ့အဆင့်-၅၈ တွင်ရှိသော မာရိုဇန်အား ဗစ်တိုးရီးယားပါ့ခ် ကစားကွင်း၌ ၁ နာရီနှင့် ၅၈ မိနစ်ကြာ ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် ၅-၇၊ ၆-၃၊ ၃-၆ ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မာရိုဇန်အနေဖြင့် ကွာတားဖိုင်နယ်တွင် တရုတ်တင်းနစ်ကစားသမား Shang Juncheng နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အသက် ၁၉ နှစ်အရွယ် Shang မှာ ဆီဒင်-၇ စပိန်တင်းနစ်ကစားသမား ပက်ဒရို မာတီနက်ဇ်အား ၆-၃၊ ၆-၁ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ အလွယ်တကူ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
————————–
(English Version)
Valencia and Real Madrid kick off La Liga in 2025
Valencia and Real Madrid get La Liga underway in 2025 on Friday in a match that could see Madrid go top, ahead of Atletico Madrid and five points clear of FC Barcelona.
Madrid and Valencia play a game that was postponed from November due to the catastrophic floods that hit the Valencia region.
The good news for coach Carlo Ancelotti is that apart from long-term absentees Dani Carvajal and Eder Militao, he has a full squad to choose from, with David Alaba back in full training after a year out with a knee injury and close to returning to action.
…..
Djokovic, Sabalenka through to Brisbane quarters, China’s Yuan Yue out
Top seeds Novak Djokovic and Aryna Sabalenka won through to the quarterfinals at the Brisbane International on Thursday, while China’s Yuan Yue was knocked out of the tournament.
Djokovic extended his career unbeaten streak against French veteran Gael Monfils to 20 matches with a 6-3, 6-3 win in one hour and 12 minutes on Thursday night at the key warm-up event for the Australian Open. The victory takes Djokovic one step closer to his 100th career singles title.
…..
Top seed Rublev shocked at ATP Hong Kong Open
Top seed and defending champion Andrey Rublev of Russia suffered a surprising defeat to Hungary’s Fabian Marozsan in the second round of the ATP Hong Kong Open on Thursday.
The world No. 8 fell to 58th-ranked Marozsan 5-7, 6-3, 3-6 after a match that lasted one hour and 58 minutes at Victoria Park. Marozsan will face China’s Shang Juncheng in the quarterfinals. 19-year-old Shang advanced comfortably, defeating seventh seed Pedro Martinez of Spain 6-3, 6-1.