Africa & Middle East
ဆီးရီးယား စစ်ဘက်ဆိုင်ရာ အစိုးရအဖွဲ့က အယ်လ်-ရှာရာအား ကြားဖြတ်သမ္မတအဖြစ် တင်မြှောက်ကာ လက်နက်ကိုင်အဖွဲ့များကို ဖျက်သိမ်း
ဒမတ်စကပ်စ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
အသွင်ကူးပြောင်းရေး ကာလအတွင်း အာမက် အယ်လ်-ရှာရာအား သမ္မတအဖြစ် တင်မြှောက်ကာ အမြဲတမ်း ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင် အတည်မပြုမီအချိန်ထိ ယာယီ ဥပဒေပြုရေးကောင်စီ ဖွဲ့စည်းရေးအတွက် ၎င်းအား အခွင့်အာဏာ အပ်နှင်းလိုက်ကြောင်း ဆီးရီးယား စစ်ဘက်ဆိုင်ရာ အစိုးရအဖွဲ့က ဇန်နဝါရီ ၂၉ ရက်၌ ကြေညာခဲ့သည်။
အယ်လ်-ရှာရာအနေဖြင့် ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ကာ နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ဆီးရီးယားနိုင်ငံအား ကိုယ်စားပြုမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟတ်ဆန် အက်ဘ်ဒယ် ဂါနီက ဆိုသည်။ ထို့အတူ လက်နက်ကိုင်အုပ်စု အားလုံးနှင့် တော်လှန်ရေးအင်အားစု နိုင်ငံရေးအဖွဲ့အစည်းများကို ချက်ချင်း ဖျက်သိမ်းကြောင်း၊ ၎င်းတို့အနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစည်းမည်ဖြစ်ကြောင်းလည်း ၎င်းက ကြေညာခဲ့သည်။ ဒမတ်စကပ်စ်မြို့၌ ကျင်းပသည့် အောင်ပွဲခံ ညီလာခံအတွင်း ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0O2
……………………
(English Version)
Syria’s military administration appoints al-Sharaa as interim president, dissolves armed factions
Syria’s Military Operations Administration announced on Wednesday the appointment of Ahmed al-Sharaa as president during the transitional period, granting him authority to establish an interim legislative council until a permanent constitution is ratified.
Spokesman Hassan Abdel Ghani said al-Sharaa would serve as interim president and represent Syria in international forums. He also announced the immediate dissolution of all military factions and revolutionary political bodies, with their integration into state institutions.
The announcement came during a “Victory Conference” held in Damascus.
English Caption
Syria’s de facto leader, Ahmed al-Sharaa (R), meets with visiting Lebanese caretaker Prime Minister Najib Mikati in Damascus, Syria, on Jan. 11, 2025. (Syria’s interim Foreign Ministry/Handout via Xinhua)