Africa & Middle East
“တရုတ်နိုင်ငံက ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်သည်” ဟု နိုင်ဂျီးရီးယားနိုင်ငံ သမ္မတဟောင်း Olusegun Obasanjo က ပြောကြား
အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
လက်ရှိ အာဖရိက-တရုတ်ဆက်ဆံရေးသည် ယခင်ကမရှိခဲ့ဖူးသည့် မြင့်မားသော အဆင့်သို့ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ဂျီးရီးယား၊ အာဖရိကတိုက်နှင့် ကမ္ဘာကြီး၏ အခွင့်အလမ်းဖြစ်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ သမ္မတဟောင်း Olusegun Obasanjo သည် မကြာသေးမီက နိုင်ဂျီးရီးယားနိုင်ငံ Ogun ပြည်နယ် Abeokuta မြို့တွင် ဆင်ဟွာသတင်းဌာန သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။“ ‘ရပ်ဝန်းနှင့် ပိုးလမ်းမ’ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွတည်ဆောက်ခြင်းက အာဖရိကတိုက် ခေတ်မီအသွင်ပြောင်းတည်ဆောက်မှုကို အားဖြည့်ပေးပြီး ဒေသတွင်း အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်ရေးကို မြှင့်တင်ပေးတယ်။ ဒါက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ခေတ်မီအသွင်ပြောင်း တည်ဆောက်မှုအတွက် ရွေးချယ်စရာအသစ် ပံ့ပိုးပေးပြီး တစ်ကမ္ဘာလုံး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဖော်ဆောင်မှုမြှင့်တင်ရန်အတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်တယ်” ဟု Olusegun Obasanjo ကဆိုသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးတွင် တရုတ်-အာဖရိကဆက်ဆံရေးတစ်ရပ်လုံး အနေအထားကို ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းအဖြစ် မြှင့်တင်ခဲ့သည်။ “လက်ရှိ အာဖရိက-တရုတ်ဆက်ဆံရေးက ယခင်ကမရှိခဲ့ဖူးတဲ့ မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနေတယ်”၊ တရုတ်နိုင်ငံသည် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားနှင့် တရုတ်နိုင်ငံ၏ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်လေးစားသော၊ တန်းတူညီမျှဖြစ်သော အခြေခံပေါ်တွင် တည်ဆောက်ထားသဖြင့် ရေရှည်လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း Olusegun Obasanjo ကဆိုသည်။
Lagos ရထားလမ်း အပြာလိုင်းနှင့် အနီလိုင်း၊ Lekki ရေနက်ဆိပ်ကမ်း၊ အဘူဂျာမြို့တွင်းရထား စသဖြင့် လတ်တလောနှစ်ပိုင်းအတွင်း “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုသည် လက်တွေ့ကျနက်ရှိုင်းလာသည်နှင့်အမျှ အဓိကစီမံကိန်းများ တစ်ခုပြီးတစ်ခုကို နိုင်ဂျီးရီးယားနိုင်ငံ၌ စတင် ခြေစိုက်ဖော်ဆောင်ခဲ့ရာ ဒေသအများအပြားမှ အခြေခံအဆောက်အအုံများသည်လည်း တိုးတက်ကောင်းမွန်လာသည်။ တစ်ချိန်တည်းတွင် တရုတ်-နိုင်ဂျီးရီးယား နှစ်နိုင်ငံက စက်မှု၊ စိုက်ပျိုးရေး၊ လူရည်ချွန်ပျိုးထောင်ရေး စသည့် ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေခဲ့သည်။
Olusegun Obasanjo က တရုတ်နိုင်ငံသို့ အကြိမ်များစွာ ရောက်ရှိခဲ့ဖူးပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသောပြောင်းလဲမှုများက ၎င်းကို နက်ရှိုင်းစွာအမှတ်ရနေစေသည်ဟုဆိုသည်။ “တရုတ်နိုင်ငံကိုသွားတိုင်း ပြောင်းလဲမှုတွေ တွေ့မြင်နေရတယ်”၊ တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် လူဦးရေပေါင်း သန်းရာချီကို ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းစေခဲ့ကြောင်း၊ “ဒါက အံ့ဖွယ်တစ်ခုဖြစ်ပြီး ယခင်က ကမ္ဘာ့သမိုင်းမှာ မရှိခဲ့ဖူးပါဘူး” ဟု Olusegun Obasanjo ကဆိုသည်။
Olusegun Obasanjo က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတွင် အတုယူထိုက်သည့် အတွေ့အကြုံများစွာရှိကြောင်း၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေး၊ အတူတကွ စည်ပင်ဝပြောမှု၊ မိတ်ဖက်ဆက်ဆံရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကဏ္ဍများတွင် တစ်မူထူးခြားသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ အဆိုပါအောင်မြင်မှုများသည် တရုတ်နိုင်ငံက မိမိ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအပေါ် ယုံကြည်ချက်ကို ဖော်ပြနေရုံသာမက တရုတ်နိုင်ငံက တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်ပေးနိုင်သည့် စွမ်းရည်ရှိကြောင်းလည်း ဖော်ပြနေသည်ဟု ပြောခဲ့သည်။
အနောက်တိုင်းမှ အချို့သောလူပုဂ္ဂိုလ်များက အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုအပေါ် အမည်ဖျက်မှုနှင့်စပ်လျဉ်း၍ Olusegun Obasanjo က “တရုတ်နိုင်ငံက အချို့သော အခြေခံအဆောက်အုံနယ်ပယ်တွေမှာ ကျွန်တော်တို့ကိုကူညီနေပြီး အာဖရိကတိုက်နဲ့အတူ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်နေတာရှိတယ် (အာဖရိက-တရုတ် က) အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးဖြစ်တယ်…… တရုတ်နိုင်ငံက တရားမျှတမှု ဖော်ဆောင်မှုကဏ္ဍမှာ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တယ်” ဟုပင် တိုက်ရိုက်ပြောကြားခဲ့သည်။
လက်ရှိပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာ့အခြေအနေကို ရင်ဆိုင်ရာတွင် Olusegun Obasanjo က ကမ္ဘာကြီးသည် အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်သည့် ဘေးကင်းလုံခြုံမှုနှင့် စည်ပင်ဝပြောမှုလိုအပ်ကြောင်း၊ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်း အယူအဆနှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး (၃) ရပ် စသည်တို့သည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်နည်းလမ်း ပံ့ပိုးပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————–
(Chinese Version)
新华社阿布贾1月3日电 题:“中国是伟大的合作伙伴”——访尼日利亚前总统奥巴桑乔
新华社记者杨喆 侯鸣
尼日利亚前总统奥卢塞贡·奥巴桑乔日前在尼日利亚奥贡州阿贝奥库塔接受新华社记者专访时表示,当前非中关系达到前所未有的高水平,中国是伟大的合作伙伴,中国的和平发展是尼日利亚、非洲和世界的机遇。 “共建‘一带一路’合作助力非洲现代化建设,促进当地就业和经济增长,为广大发展中国家现代化建设提供了新的选择,为促进全球和平发展事业发挥了积极作用。”奥巴桑乔说。 在2024年9月举行的中非合作论坛北京峰会上,中非关系整体定位提升至新时代全天候中非命运共同体。“当前非中关系达到前所未有的高水平。”奥巴桑乔说,中国是“伟大的合作伙伴”,尼日利亚和中国的互惠合作建立在互相尊重、平等相待的基础上,因此会迈向长远。 拉各斯轻轨蓝线和红线、莱基深水港、阿布贾城铁……近年来,随着共建“一带一路”合作走实走深,一个个重点项目在尼日利亚落地生根,多地基础设施得到改善。同时,中尼两国在工业、农业、人才培养等方面开展合作,惠及两国人民。 奥巴桑乔曾多次到访中国,中国的发展变化给他留下了深刻印象。“每次去中国都能看到变化。”奥巴桑乔说,中国成功使数亿人口摆脱贫困,“这是一个奇迹,此前在世界历史上从未发生过”。 奥巴桑乔表示,中国的发展有许多经验值得借鉴,中国在促进全球和平、共同繁荣、伙伴关系和减贫方面发挥着独特作用。他说,这些成就不仅表明中国对自身发展道路的自信,也表明中国具有为全球发展作出贡献的能力。 针对西方一些人对非中合作的抹黑,奥巴桑乔直言:“中国在一些基础设施领域帮助我们,同非洲开展贸易与合作,(非中)是双赢的关系……中国在实现公平和正义方面做得相当好。” 面对当前变乱交织的世界局势,奥巴桑乔表示,世界需要普惠包容的安全与繁荣,构建人类命运共同体理念和三大全球倡议等为维护世界和平、安全与稳定提供了中国方案。(完)