Economy
တရုတ်ဗဟိုဘဏ်က ၂၀၂၅ ခုနှစ်အတွက် ငွေကြေးဆိုင်ရာ ဦးစားပေးကိစ္စရပ်များကို ကြေညာ
တရုတ်နိုင်ငံ ဗဟိုဘဏ်က ဇန်နဝါရီ ၄ ရက်၌ ပြီးဆုံးခဲ့သည့် နှစ်ရက်ကြာ အစည်းအဝေးအပြီးတွင် ၂၀၂၅ ခုနှစ်အတွက် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးကိစ္စရပ်များကို ကြေညာခဲ့ကာ ပြည်တွင်းဝယ်လိုအား မြှင့်တင်ရေးအတွက်လည်း အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း အတန်သင့်ဖြေလျှော့ထားသည့် ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ကာ အဓိကကျသော နယ်ပယ်များတွင် ငွေကြေးဆုံးရှုံးနိုင်ခြေများကို ကြိုတင်ဟန့်တား၍ ထိန်းချုပ်ဆောင်ရွက်လျက် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အဆင့်မြင့်မားသော တံခါးဖွင့်မှုတို့ကို တစ်ဆင့်တိုး၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားမည်ဟုလည်း တရုတ်ပြည်သူ့ဘဏ် (PBOC) က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0dG
#China #PBOC #MonetaryPolicy #တရုတ်နိုင်ငံ #တရုတ်ပြည်သူ့ဘဏ် #ငွေကြေးမူဝါဒ
…………………………………………………………..
(English Version)
China’s central bank outlines monetary priorities for 2025
China’s central bank has outlined its monetary and financial priorities for 2025 following a two-day meeting that ended Saturday, emphasizing expanding domestic demand.
The People’s Bank of China (PBOC) said it will implement a moderately loose monetary policy in 2025, forestall and defuse financial risks in key areas, and further deepen financial reform and high-standard opening up. xhtxs.cn/0dG