International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— လီဗာပူးလ်နှင့် မန်ချက်စတာယူနိုက်တက်၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပရီးမီးယားလိဂ်ပွဲစဥ်မှာ သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့
လူအများ မျှော်လင့်စောင့်စားနေသည့် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်နှင့် မန်ချက်စတာယူနိုက်တက်တို့၏ ပရီးမီးယားလိဂ်ပွဲစဥ်ကို ဇန်နဝါရီ ၅ ရက် ညပိုင်းက ယှဥ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။
အင်္ဂလန်နိုင်ငံ မြောက်ပိုင်းတွင် ဆီးနှင်းများ ထူထပ်မှုကြောင့် အဆိုပါပွဲစဥ်အား မူလပွဲချိန်အတိုင်း ယှဥ်ပြိုင်ကစားနိုင်ပါမည်လောဟူသည့် စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။
ယူနိုက်တက်အနေဖြင့် ပြီးခဲ့သည့် ရှုံးပွဲများတွင် စိတ်ဓာတ်ပြင်းပြမှု ပျောက်ဆုံးနေခဲ့ရာ ယခုရလဒ်မှာ ပြိုင်ဘက်နည်းပြနှစ်ဦးအနက် ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်မ်အတွက် ပိုမိုကျေနပ်စရာကောင်းနေသည်။
လီဗာပူးလ် ဂိုးဧရိယာထဲတွင် နေရာလွတ်ရရှိထားသည့် လီဆန်ဒရို မာတီနက်ဇ်က ပွဲချိန် ၅၂ မိနစ်တွင် ဂိုးအပေါ်ထောင့်သို့ ကန်သွင်း၍ ဧည့်သည်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။
သို့သော် လီဗာပူးလ်အသင်းက ပြန်လည်ဖိအားပေး ကစားခဲ့ပြီး ၇ မိနစ်အကြာတွင် ကိုဒီဂတ်ပိုက ဧရိယာထဲသို့ ချိုးဝင်ကာ အဝေးထောင့်သို့ ကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် ယူနိုက်တက်နောက်ခံလူ ဒီလစ် ဂိုးဧရိယာထဲတွင် လက်ထိခဲ့သဖြင့် ပွဲချိန် မိနစ် ၇၀ တွင် လီဗာပူးလ်အသင်း ပင်နယ်တီရရှိခဲ့ရာ မိုဟာမက် ဆာလာက အပိုင်ကန်သွင်း၍ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
သို့ရာတွင် ယူနိုက်တက် တောင်ပံကစားသမား အာမက် ဒီယာလိုက ပွဲချိန် မိနစ် ၈၀ တွင် ချေပဂိုးပြန်လည်သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့သည်။
…..
— လက်စ်ပါမားစ်နှင့် ဗယ်လာဒိုးလစ်တို့ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရ
ဇန်နဝါရီ ၅ ရက် ညပိုင်းက ယှဥ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) တတိယအဆင့်တွင် လာလီဂါကလပ်အသင်း နှစ်သင်းက လိဂ်အဆင့်နိမ့်သော ပြိုင်ဘက်များကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ဒုတိယတန်းမှ အယ်လ်ချီက လာလီဂါကလပ် လက်စ်ပါမားစ်အား အိမ်ကွင်း၌ ၄-၀ ဂိုးပြတ် အနိုင်ရရှိကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အိမ်ရှင်အသင်းမှာ ပွဲအစကတည်းက စိတ်ကြိုက်စိုးမိုးထားခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီးတွင် ရိုဒရီဂို မန်ဒိုဇာက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ဒုတိယပိုင်းတွင် ဒေးဗစ် အက်ဖန်ဂရက်ဘာ၊ ဟိုဆေးဆာလီနာစ်နှင့် နစ်ကိုးလပ်စ် ဖာနန်ဒက်ဇ်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သဖြင့် အယ်လ်ချီအသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
တတိယတန်းမှ Ourense အသင်းကလည်း လာလီဂါအမှတ်ပေးဇယား အောက်ဆုံးမှ ဗယ်လာဒိုးလစ်အား နှစ်ကြိမ်တိုင်တိုင် နောက်မှလိုက်ကစားကာ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— ATP Hong Kong Open ဖိုင်နယ်ပွဲတွင် ပြင်သစ်တင်းနစ်ကစားသမား မူလာ အနိုင်ရရှိ
ဇန်နဝါရီ ၅ ရက်က ယှဥ်ပြိုင်ခဲ့သည့် ATP Hong Kong Open ဖိုင်နယ်ပွဲတွင် ပြင်သစ်တင်းနစ်ကစားသမား အလက်ဇန်းဒါး မူလာက ယခင်ကမ္ဘာ့အဆင့်-၄ ကစားသမားဖြစ်သူ ခဲအိ နီရှိကိုရိအား တစ်ပွဲရှုံးနိမ့်နေရာမှ နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့သည်။
ကမ္ဘာ့အဆင့်-၆၇ ဖြစ်သူ မူလာမှာ ပထမပွဲတွင် ၆-၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း လက်စွမ်းပြန်လည်ပြသကာ ၆-၁၊ ၆-၃ ဖြင့် နှစ်ပွဲဆက်တိုက် အနိုင်ပြန်ယူခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်ရှိ Victoria Park ၌ ယှဥ်ပြိုင်ခဲ့သည့် အဆိုပါ ဖိုင်နယ်ပွဲမှာ ၁ နာရီနှင့် ၄၃ မိနစ် ကြာမြင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Liverpool, Man Utd end in thrilling draw in Premier League
Premier League leader Liverpool and Manchester United concluded their much-anticipated duel in a 2-2 draw on Sunday.
The game was under threat of not being played as scheduled due to heavy snow in the north of England.
Manchester United coach Ruben Amorim was the happier of the two coaches after his side showed the passion that had been missing in recent defeats.
The visitor took the lead in the 52nd minute when Lisandro Martinez found space inside the Liverpool area to smash the ball into the roof of the net.
Liverpool fought back and Cody Gakpo leveled when he cut inside and fired in at the far post just seven minutes later. Mohamed Salah put Liverpool ahead from the penalty spot in the 70th minute after Matthijs de Ligt was guilty of handball.
There was no let-up on a rapid surface and Amad Diallo leveled 2-2 in the 80th minute as United again found joy down the Liverpool right.
…..
Las Palmas, Valladolid crash out of Copa del Rey
The third round of the Copa del Rey saw two more upsets on Sunday with La Liga sides crashing out against lower league opposition.
Second-division Elche claimed an emphatic 4-0 win at home to top-flight Las Palmas, with the home side dominating from start to finish and moving into the last-16 with Rodrigo Mendoza’s goal on the stroke of halftime.
Elche then ran riot after the break with goals from David Affengruber, Jose Salinas and Nicolas Fernandez sealing a resounding win.
Third-tier Ourense twice came back from behind before dumping out La Liga’s bottom club Valladolid 3-2.
…..
France’s Muller wins ATP Hong Kong Open
France’s Alexandre Muller came back from one set down to defeat former world No. 4 Kei Nishikori of Japan in the ATP Hong Kong Open final on Sunday.
Muller, ranked 67th in the world, dropped the first set 6-2. However, he turned the match around, winning the next two sets 6-1 and 6-3. The match lasted one hour and 43 minutes at Hong Kong’s Victoria Park.