North America
လွှတ်တော်အဆောက်အအုံ စီးနင်းခံရပြီး ၄ နှစ်အကြာတွင် အမေရိကန် ကွန်ဂရက်လွှတ်တော်က ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရလဒ်ကို အတည်ပြု
ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ရန် ကြိုးပမ်းသည့်အနေဖြင့် ကွန်ဂရက်လွှတ်တော် အဆောက်အအုံကို စီးနင်းခဲ့ကြပြီး လေးနှစ်အကြာတွင် အမေရိကန် ကွန်ဂရက်လွှတ်တော်က ထရမ့်အား ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိသူအဖြစ် တရားဝင်အတည်ပြုခဲ့သည်။
ဆောင်းရာသီမုန်တိုင်း တိုက်ခတ်နေစဥ် မြင့်မားသော အနက်ရောင်ခြံစည်းရိုးများ ကာရံထားသည့် အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံ၌ အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်အမတ်များက ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်ခံရကြောင်း အတည်ပြုကြေညာရန် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးကို ဇန်နဝါရီ ၆ ရက် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီဝန်းကျင်၌ ကျင်းပခဲ့ကာ ယင်းသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ရလဒ်များကို အတည်ပြုသည့် နောက်ဆုံးအဆင့် လုပ်ငန်းစဥ်ဖြစ်သည်။
အဆိုပါ ကွန်ဂရက်လွှတ်တော် အစည်းအဝေးအား ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ထရမ့်ကို ရှုံးနိမ့်ခဲ့သည့် ဒီမိုကရက်တစ် သမ္မတလောင်း၊ လက်ရှိ ဒုတိယသမ္မတ ကမ်မလာ ဟားရစ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0gM
……………………..
(English Version)
U.S. Congress certifies Trump’s election victory four years after Capitol riot
U.S. Congress officially confirmed Donald Trump as winner of the 2024 presidential election, four years after his supporters stormed the Capitol in an attempt to overturn the previous election result.
Amid a winter storm and with towering black fences encircling the U.S. Capitol complex, the U.S. House of Representatives and Senate convened in a joint session around noon to certify President-elect Donald Trump’s election, marking the final step in confirming the results of the 2024 presidential election.
The session of U.S. Congress was chaired by the current Vice President Kamala Harris, the Democratic candidate who lost to Trump in the election. xhtxs.cn/0gM
English Caption
The U.S. Capitol Building is seen in Washington, D.C., the United States, Feb. 6, 2024. (Photo by Aaron Schwartz/Xinhua)