Connect with us

China

ရှီးဇန့်ဒေသ၌ ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီးနောက် ကယ်ဆယ်ရေး အစွမ်းကုန်လုပ်ဆောင်ရန် သမ္မတရှီ ညွှန်ကြား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရစ်ကာကျယ်မြို့ Dingri ခရိုင် Changsuo မြို့နယ်ရှိ ငလျင်ဒဏ်သင့် နေရာတစ်ခု၌ ကယ်ဆယ်ရေးလုပ်ဆောင်နေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရိုင်တစ်ခုတွင် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်း၌ ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီးနောက် လူ့အသက်များကို ကယ်ဆယ်ရေး၊ ထိခိုက်သေဆုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချရေးအတွက် ကယ်ဆယ်ရေး အစီအစဥ်များကို အစွမ်းကုန် လုပ်ဆောင်ရန် သမ္မတ ရှီကျင့်ဖိန်က ညွှန်ကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အရေးပါသော လမ်းညွှန်မှုပြုလုပ်ခဲ့ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ၌ အစွမ်းကုန်ကြိုးပမ်းရန်၊ ဒဏ်ရာရရှိသူများကို ဆေးကုသမှုပေးရန် တိုက်တွန်းခဲ့သည်။
ထို့အတူ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရေး၊ ငလျင်ဒဏ်သင့် ပြည်သူများကို သင့်တင့်လျောက်ပတ်စွာ ပြန်လည်နေရာချထားရေး၊ နောက်ဆက်တွဲ အခြေအနေများကို ထိထိရောက်ရောက် ကိုင်တွယ်ရေးအတွက် ကြိုးပမ်းကြရန်လည်း ရှီက တိုက်တွန်းခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0hS
#China #Xizang #Earthquake #PresidentXi #Order #တရုတ်နိုင်ငံ #ရှီးဇန့်‌ဒေသ #ငလျင်လှုပ်ခတ်မှု #သမ္မတရှီ #ညွှန်ကြားချက်


…………………..
(English Version)
Xi orders all-out rescue efforts following heavy casualties in 6.8-magnitude Xizang quake
President Xi Jinping has ordered all-out rescue efforts to save lives and minimize casualties following a 6.8-magnitude earthquake that took a heavy toll after jolting a county in southwest China’s Xizang Autonomous Region Tuesday morning.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made an important instruction, demanding utmost efforts to carry out search and rescue and provide medical treatment for the injured.
He also urged efforts to prevent secondary disasters, properly resettle affected residents, and handle the aftermath effectively. xhtxs.cn/0hS
English Caption
Rescuers work in an earthquake-affected area in Changsuo Township of Dingri in Xigaze, southwest China’s Xizang Autonomous Region, Jan. 7, 2025. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.