Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အေစီမီလန်က မြို့ခံပြိုင်ဘက် အင်တာမီလန်အား နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ပြီး စူပါကိုပါ အီတာလီယာဖလားကို ၈ ကြိမ်မြောက် ဆွတ်ခူး
ဇန်နဝါရီ ၆ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် စူပါကိုပါ အီတာလီယာဖလား ဗိုလ်လုပွဲတွင် အေစီမီလန်က မြို့ခံပြိုင်ဘက် အင်တာမီလန်၏ ဦးဆောင်ဂိုးနှစ်ဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်သွင်းယူကာ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။
ဆော်ဒီနိုင်ငံက အဆိုပါပြိုင်ပွဲအား ဘောလုံးရာသီ သုံးရာသီဆက်တိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ကာ အသင်းလေးသင်း ပါဝင်သော ပြိုင်ပွဲအဖြစ် နှစ်နှစ်ဆက်တိုက် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ ဆီမီးဖိုင်နယ်တွင် အင်တာမီလန်က အတ္တလန်တာအား ဒန်ဇယ် ဒွန်ဖရီ၏ ခြေစွမ်းပြမှုနှင့်အတူ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို အေစီမီလန်ကလည်း နည်းပြချုပ်သစ် ဆာဂျီယို ကွန်ဆေကာအို၏ ပွဲဦးထွက် ကိုင်တွယ်မှုအောက်တွင် ဂျူဗင်တပ်အား နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ယူ၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
…..
— စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်း ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်
ဇန်နဝါရီ ၆ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်က စတုတ္ထတန်းမှ ဒီပို့တီဗာ မင်နဲရာအား ၅ ဂိုးပြတ် အနိုင်ယူကာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ရီးရဲလ်နည်းပြ ကာလို အန်ဆလော့တီအနေဖြင့် အဆိုပါပွဲစဥ်တွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ထားသော်လည်း ပြိုင်ဘက်အသင်းက ရီးရဲလ်အား ထိထိရောက်ရောက် ဖိအားပေးနိုင်ခြင်းမရှိဘဲ တစ်ပွဲလုံးတွင် ဂိုးပေါက်တည့်မှု တစ်ကြိမ်သာရှိခဲ့ပြီး ရီးရဲလ်က ဂိုးပေါက်တည့်သည့် ကန်သွင်းချက် ၂၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။
ယခုအခါ ရီးရဲလ်အသင်းအနေဖြင့် ဇန်နဝါရီ ၉ ရက်၌ မာယော့ကာအသင်းနှင့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဥ် ယှဥ်ပြိုင်ကစားရန်အတွက် ဆော်ဒီနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
…..
— အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းနည်းပြချုပ်အား ထုတ်ပယ်
အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PSSI) က အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ရှင်းထယ်ယုံအား ဇန်နဝါရီ ၆ ရက်၌ တရားဝင် စာချုပ်ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကစားသမားအားလုံးက လက်ခံသဘောတူသည့် ပေါင်းစည်းညီညွတ်သော မဟာဗျူဟာကို ဖော်ဆောင်ကာ ပိုမိုထိရောက်သော ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ပေးနိုင်မည့် နည်းပြတစ်ဦးကို လိုအပ်လျက်ရှိကြောင်း PSSI ဥက္ကဋ္ဌ အဲရစ်ခ် သိုဟာက ပြောကြားခဲ့သည်။ (Xinhua)


……………………………
(English Version)
AC Milan wins eighth Supercoppa Italiana with comeback derby victory
AC Milan claimed its eighth Supercoppa Italiana title after coming from two goals down to defeat city rival Inter Milan 3-2 on Monday.
Saudi Arabia hosted the competition for a third consecutive season, and for the second straight year, it featured four teams. In the semifinals, Inter Milan beat Atalanta 2-0, courtesy of Denzel Dumfries’ brace, while Sergio Conceicao enjoyed a victorious debut as AC Milan head coach in a 2-1 comeback triumph over Juventus.
…..
Real Madrid cruises into last-16 of Copa del Rey
Real Madrid sailed into the last 16 of the Copa del Rey with a 5-0 victory away to fourth-tier side Deportiva Minera on Monday.
Real Madrid coach Carlo Ancelotti made several changes to his lineup for the match, but his team had little trouble facing a rival that managed just one shot on target all game, compared to Madrid’s 21.
Real Madrid now travels to Saudi Arabia to face Mallorca in the Spanish Super Cup semifinal on Thursday.
…..
Indonesia’s football association dismisses Shin as national team coach
The Indonesian Football Association (PSSI) on Monday officially terminated Shin Tae-yong’s contract as head coach of the national men’s football team.
PSSI chairman Erick Thohir said the association needs a coach who can implement a unified strategy agreed upon by all players and foster more effective communication.