Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဥ်တွင် ဘီဘာအိုနှင့် ဘာစီလိုနာ ယှဥ်ပြိုင်ကစားမည်
ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ဇန်နဝါရီ ၈ ရက်၌ စပိန်စူပါဖလားပြိုင်ပွဲ ပထမဆုံး ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် အက်သလက်တစ် ဘီဘာအိုနှင့် ဘာစီလိုနာအသင်းတို့ ယှဥ်ပြိုင်ကစားမည်ဖြစ်ကာ ဇန်နဝါရီ ၉ ရက်၌ ဒုတိယမြောက် ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ရီးရဲလ်မက်ဒရစ်နှင့် မာလော့ကာတို့ ယှဥ်ပြိုင်မည်ဖြစ်သည်။
ဘာစီလိုနာအနေဖြင့် fair-play ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ငြိစွန်းနေသဖြင့် စပိန်လက်ရွေးစင် ဒါနီ အိုလ်မိုနှင့် တိုက်စစ်မှူး ပါအူးဗစ်တာတို့ကို ဒုတိယရာသီဝက်အတွက် မှတ်ပုံတင်နိုင်ခြင်းမရှိသည့် အခြေအနေကြားတွင် ယခုပွဲစဥ်ကို ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အနေဖြင့် အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့် လာမင်းယမားလ်၏ ကြံ့ခိုင်မှုအခြေအနေနှင့် ပတ်သက်၍လည်း သံသယရှိနေသည်။ ယမားလ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဇန်နဝါရီ ၄ ရက်က စတုတ္ထတန်းမှ ဘာဘာစထရိုအသင်းအား ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စပိန်ဘုရင့်ဖလား ပွဲစဥ်ကိုလည်း လွဲချော်ခဲ့သည်။
ယမားလ် ပါဝင်နိုင်ခြင်းမရှိပါက ပတ်ဘလို တော်ရေ သို့မဟုတ် ဖယ်ရန်လိုပက်ဇ်က ရောဘတ် လီဝန်ဒေါစကီးနှင့် တွဲဖက်၍ ဘာစီလိုနာတိုက်စစ်ပိုင်းတွင် ပွဲထွက်လာဖွယ်ရှိသည်။
…..
— အက်ဒီဒက်စ်က ဖော်ြမူလာဝမ်း ရာသီသစ်အတွက် Mercedes အသင်းနှင့် လက်တွဲ
ဖော်ြမူလာဝမ်းပြိုင်ပွဲဝင် Mercedes-AMG PETRONAS Formula One (F1) နှင့် နှစ်အတန်ကြာ မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ကြောင်း ဂျာမနီ အားကစားဝတ်စုံ ထုတ်လုပ်ရေးကုမ္ပဏီ အက်ဒီဒက်စ်က ဇန်နဝါရီ ၇ ရက်၌ ကြေညာခဲ့သည်။
ထိုသို့ပူးပေါင်းမှုကြောင့် Mercedes အသင်းအနေဖြင့် မတ်လထဲတွင် ကျင်းပရန် စီစဥ်ထားသည့် F1 Chinese Grand Prix အပါအဝင် ၂၀၂၅ FIA ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည်ဖြစ်သည်။
အက်ဒီဒက်စ်အနေဖြင့် Mercedes-AMG PETRONAS F1 အသင်း၏ တရားဝင်မိတ်ဖက်အဖြစ် ကားမောင်းသမားများ၊ စက်ပြင်နှင့် အင်ဂျင်နီယာများ အပါအဝင် အသင်းတစ်သင်းလုံးအတွက် စွမ်းဆောင်ရည်နှင့် စတိုင်ကျမှုတို့ကို ပေါင်းစပ်ထားသော ဝတ်စုံနှင့် အသုံးအဆောင်အမျိုးမျိုးအား ဒီဇိုင်းဖန်တီး ထုတ်လုပ်ပေးမည်ဟု သိရသည်။
…..
— ဩစတြေးလျအိုးပင်း လက်ရည်စစ်ပွဲ၌ တရုတ်တင်းနစ်ကစားသမားများ ဒုတိယအဆင့်သို့ တက်ရောက်
တရုတ်အမျိုးသမီး တင်းနစ်ကစားသမားများဖြစ်သည့် Gao Xinyu နှင့် Wei Sijia တို့မှာ ဇန်နဝါရီ ၇ ရက်၌ ယှဥ်ပြိုင်ခဲ့သည့် အဖွင့်လက်ရည်စစ်ပွဲများတွင် အသီးသီးအနိုင်ရရှိခဲ့ပြီး ဩစတြေးလျအိုးပင်း ပြိုင်ပွဲ၌ ပါဝင်နိုင်ရန် ခြေတစ်လှမ်း ပိုမိုနီးစပ်လာပြီဖြစ်သည်။
Gao အနေဖြင့် United Cup တွင် တရုတ်အသင်း ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်စေရန် ကူညီစွမ်းဆောင်ပေးခဲ့သည့် ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပြီး မဲဘုန်းပါ့ခ်၌ ၆၃ မိနစ်ကြာ ယှဥ်ပြိုင်ခဲ့သည့် ၎င်းပွဲစဥ်တွင် နယ်သာလန်မှ အာနော့ခ် ကီဗာမန်းစ်အား ၆-၀၊ ၆-၀ ဖြင့် အပြတ်အသတ်အနိုင်ယူခဲ့သည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် ဘီလာရုစ်မှ အလီယက်ဆန်ဒရာ ဆာနိုဗစ်ကို အချိန် ၂ နာရီနှင့် ၁၁ မိနစ်ကြာ ယှဥ်ပြိုင်ခဲ့ပြီး ၇-၅၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည့် Wei နှင့်အတူ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ပြီဖြစ်သည်။
လက်ရည်စစ်ပွဲတွင် ဆီဒင်-၂၅ ရရှိထားသည့် Wei မှာ ထိုပွဲစဥ်၌ ဆာနိုဗစ်၏ စပေးဘောမှ အမှတ်ယူနိုင်မည့် အခွင့်အရေး ၉ ကြိမ်တွင် ၇ ကြိမ်အထိ အမှတ်ယူနိုင်ခဲ့သည်။ (Xinhua)


………………………
(English Version)
Athletic Bilbao faces Barcelona in Spanish Supercup semi with Olmo in background
Athletic Bilbao and FC Barcelona play the first semifinal of the Spanish Supercup in Jeddah on Wednesday, ahead of the second semi between Real Madrid and Mallorca on Thursday.
The match takes place under the shadow of Barca’s failure to register Spain international Dani Olmo and forward Pau Victor for the second half of the season, after the club failed to meet financial fair-play regulations.
Barca coach Hansi Flick also has a doubt over the fitness of 17-year-old Lamine Yamal, who has been suffering from an ankle problem that saw him miss Barca’s 4-0 win over fourth-tier Barbastro in the Copa del Rey last Saturday.
If Yamal isn’t able to play, Pablo Torre or Ferran Lopez will accompany Robert Lewandowski in the Barca attack.
…..
Adidas teams up with Mercedes for new F1 season
German sportswear manufacturer Adidas announced Tuesday a multi-year partnership with the Mercedes-AMG PETRONAS Formula One (F1) Team.
The collaboration will see the team compete in the 2025 FIA Formula One World Championship, including the F1 Chinese Grand Prix scheduled for March.
As the official team partner of the Mercedes-AMG PETRONAS F1 Team, Adidas will design and create a complete range, combining performance and style for the entire team, including drivers, mechanics and engineers.
…..
China’s Gao and Wei advance to second round of Australian Open qualifying
China’s Gao Xinyu and Wei Sijia are one step closer to reaching the main draw at the Australian Open after winning their opening qualifying matches on Tuesday.
Gao continued her form from the United Cup, where she helped team China reach the quarterfinals, with a dominant 6-0, 6-0 win against Anouk Koevermans of the Netherlands in 63 minutes at Melbourne Park.
She will be joined in the second round by Wei, who beat Belarusian Aliaksandra Sasnovich 7-5, 4-6, 6-3 in two hours and 11 minutes.
Wei, the 25th seed in the qualifying tournament, broke Sasnovich’s serve seven times from nine opportunities in the match.