International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ရီးရဲလ်မက်ဒရစ်၏ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဥ်တွင် ဗင်နီစီယက်စ် ပါဝင်နိုင်မည်
ဇန်နဝါရီ ၉ ရက်၌ မာလော့ကာအသင်းနှင့် ယှဥ်ပြိုင်ကစားရမည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဥ်တွင် ရီးရဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးတိုက်စစ်ကစားသမား ဗင်နီစီယက်စ် ဂျူနီယာ ပြန်လည်ပါဝင်လာမည်ဟု သိရသည်။ ၎င်းမှာ လွန်ခဲ့သော သီတင်းပတ်က ဗလင်စီယာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဥ်တွင် ထုတ်ပယ်ခံရပြီး နှစ်ပွဲပယ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါပွဲစဥ်တွင် ဗင်နီစီယက်စ်မှာ ဗလင်စီယာဂိုးသမား စတိုးလ် ဒီမီထရီယက်စကီးကို သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့သလို အနီကတ်ပြစ်ဒဏ်အပေါ် စောဒကတက်မှုကြောင့် ၎င်းအား ဥမင်လမ်းအတိုင်း အဝတ်လဲခန်းသို့ ခေါ်ဆောင်သွားခဲ့ရသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ဆလော့တီအနေဖြင့် စတုတ္ထတန်းမှ ဒီပို့တီဗာ မင်နဲရာအသင်းအား အဝေးကွင်း၌ ၅ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် ဇန်နဝါရီ ၆ ရက် စပိန်ဘုရင့်ဖလား ပွဲစဥ်တွင် အဓိကကစားသမားများကို အနားပေးခဲ့သဖြင့် ယခုပွဲစဥ်ကို လူစုံတက်စုံနီးပါးဖြင့် ယှဥ်ပြိုင်နိုင်မည်ဖြစ်သည်။
…..
— အင်ဒိုနီးရှား ဘောလုံးအသင်းနည်းပြအဖြစ် ပက်ထရစ် ကလွိုက်ဗက်အား ခန့်အပ်
အင်ဒိုနီးရှား အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ်အဖြစ် နယ်သာလန် ဘောလုံးဂန္ထဝင်ဖြစ်သူ ပက်ထရစ် ကလွိုက်ဗက်အား ခန့်အပ်လိုက်ကြောင်း အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်က ဇန်နဝါရီ ၈ ရက်၌ ကြေညာခဲ့သည်။
ဇန်နဝါရီ ၆ ရက်၌ ရာထူးမှထုတ်ပယ်လိုက်သည့် တောင်ကိုရီးယားနိုင်ငံသား နည်းပြဖြစ်သူ ရှင်းထယ်ယုံ၏ နေရာတွင် ကလွိုက်ဗက်အား အစားထိုးခန့်အပ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကနဦး ၂ နှစ်သက်တမ်းရှိသော စာချုပ်ကိုချုပ်ဆိုခဲ့ကာ တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်ပါဝင်ကြောင်း အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PSSI) ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အသက် ၄၈ နှစ်အရွယ် ကလွိုက်ဗက်အနေဖြင့် ဇန်နဝါရီ ၁၁ ရက်၌ အင်ဒိုနီးရှားသို့ ရောက်ရှိလာဖွယ်ရှိသည်။
…..
— အာရှဆောင်းရာသီအားကစားပြိုင်ပွဲ ကျင်းပရန် ရက် ၃၀ အလိုတွင် ဟားအယ်ပင်းမြို့၌ ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်
၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၃၀ အလိုတွင် အဆိုပါ အားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဟားအယ်ပင်းမြို့၌ နောက်ဆုံးအဆင့် ပြင်ဆင်မှုများ လုပ်ဆောင်နေကာ ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိသည်။
“ဟားအယ်ပင်းမြို့မှာ ကျင်းပမယ့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲဟာ အာရှတိုက်ရဲ့ အိုလံပစ်လှုပ်ရှားမှုသမိုင်းမှာ နောက်ထပ် ကြီးမားတဲ့အောင်မြင်မှု ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ” ဟု အာရှအိုလံပစ်ကောင်စီ (OCA) ညွှန်ကြားရေးမှူးချုပ် ဟူစိန် အယ်လ်မူဆာလမ်က ပြောကြားခဲ့သည်။
“ဆောင်းရာသီအိပ်မက်၊ အာရှတိုက်အကြားမှ ချစ်ခြင်းမေတ္တာ” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည့် အဆိုပါ အားကစားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် လက်ရှိအချိန်အထိ အာရှတိုက်တစ်လွှား နိုင်ငံနှင့် ဒေသပေါင်း ၃၄ ခုမှ အားကစားသမား ၁,၂၇၅ ဦး (အမျိုးသား ၇၅၅ ဦးနှင့် အမျိုးသမီး ၅၂၀ ဦး) စာရင်းသွင်းထားကြောင်း သိရသည်။
…..
— “သံမဏိအမျိုးသမီး” ဟု တင်စားခံရသည့် ဟန်ဂေရီ ရေကူးအားကစားမယ် ကာတင်ကာ ဟော့စ်ဇူး ရေကူးအားကစားမှ အနားယူ
“သံမဏိအမျိုးသမီး” ဟူ၍ တင်စားခေါ်ဝေါ်ခံရသည့် ဟန်ဂေရီ ရေကူးအားကစားမယ် ကာတင်ကာ ဟော့စ်ဇူးမှာ ရေကူးအားကစားလောကမှ အနားယူကြောင်း ဇန်နဝါရီ ၈ ရက်၌ ကြေညာခဲ့သည်။
ဟော့စ်ဇူးအနေဖြင့် ပြောင်မြောက်သည့် အောင်မြင်မှုများကို ရရှိထားသူဖြစ်ကာ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲ၌ မီတာ ၂၀၀ နှင့် မီတာ ၄၀၀ တစ်ဦးချင်းအလွတ်ကူးပြိုင်ပွဲ၊ မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ကာ အိုလံပစ်ချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့သည်။ (Xinhua)
………………………..
(English Version)
Vinicius available as Real Madrid prepares for Supercup semi
JEDDAH, Saudi Arabia, Jan. 8 (Xinhua) — Real Madrid has forward Vinicius Jr available for its Spanish Supercup semifinal against Mallorca on Thursday, after the Brazilian was given a two-game ban in La Liga for his sending off against Valencia last week.
Vinicius committed a clear aggression against Valencia goalkeeper Stole Dimitrievski in the game, and then had to be hauled down the tunnel to the dressing room as he protested the subsequent red card he was shown.
Real Madrid coach Carlo Ancelotti has almost a full squad available after resting key players for Monday’s 5-0 Copa del Rey win away to fourth-tier Deportiva Minera.
…..
Kluivert appointed as Indonesia’s national football team coach
Indonesia has announced Dutch football legend Patrick Kluivert as the new coach for its national men’s football team, the country’s football governing body said on Wednesday.
On its official website, the Indonesian Football Association (PSSI) said that Kluivert, who replaces South Korean coach Shin Tae-yong, dismissed on Monday, has signed an initial two-year contract running from 2025 to 2027, with an option for extension.
The 48-year-old is expected to arrive in the Southeast Asian country on Saturday.
…..
30 days to go: Harbin gears up for return of Asian Winter Games
As the 9th Asian Winter Games marks its 30-day countdown on Wednesday, the host city of Harbin is entering its final preparation stage, accompanied by growing enthusiasm.
“I have no doubt that the 9th Asian Winter Games in Harbin will be another great success in the history of the Olympic Movement in Asia,” said Husain Al Musallam, director general of the Olympic Council of Asia (OCA).
Under the theme “Dream of Winter, Love Among Asia,” the Games has so far received 1,275 athlete registrations (755 men and 520 women) from 34 countries and regions across Asia.
…..
Hungarian swimmer ‘Iron Lady’ Katinka Hosszu announces retirement
Hungarian swimmer Katinka Hosszu, nicknamed the “Iron Lady,” announced her retirement from competitive swimming on Wednesday.
Hosszu boasts an extraordinary list of achievements. She is a three-time Olympic champion, having won gold in the 200m and 400m individual medley, as well as the 100m backstroke at the 2016 Rio Olympics.