Myanmar
မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ပြား ဖမ်းဆီးရမိ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/10u01.jpg)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ပြားကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဖေဖော်ဝါရီ ၁၀ ရက်၌ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၉ ရက်၌ မော်တော်ဆိုင်ကယ်တစ်စီးအား သတင်းအရ ရပ်တန့်ရှာဖွေရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြားနှင့်အတူ သံသယရှိသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အဆိုပါမြို့နယ်ရှိ သံသယရှိသူ၏ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း CCDAC က ဆိုသည်။
ဆက်လက်၍ ရဲတပ်ဖွဲ့အနေဖြင့် တာချီလိတ်မြို့နယ်ရှိ နောက်ထပ် သံသယရှိသူတစ်ဦး၏ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟုလည်း CCDAC က ဖြည့်စွက်ဖော်ပြခဲ့သည်။
ယင်းသံသယရှိသူ နှစ်ဦးအား မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/10u02.jpg)
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)
………………………
(English Version)
240,000 stimulant tablets seized in eastern Myanmar
YANGON, Feb. 10 (Xinhua) — Myanmar police seized 240,000 stimulant tablets in eastern Myanmar’s Shan state, according to the Central Committee for Drug Abuse Control (CCDAC) on Monday.
Acting on a tip-off, a joint anti-narcotic task force intercepted a motorcycle in Tachileik township on Feb. 9 and confiscated 4,000 stimulant tablets along with a suspect.
Further investigation led to the seizure of an additional 6,000 stimulant tablets at the suspect’s house in the same township, it said.
Subsequently, police seized 230,000 stimulant tablets at another suspect’s house in Tachileik town, it added.
The two suspects were charged under the Southeast Asian country’s Narcotic Drugs and Psychotropic Substances Law, and further investigations were underway, the CCDAC said. ■