China
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
– ဘာစီလိုနာ၏ နောက်ဆုံးကစားသမားအဖြစ် ဂါဗီ စာချုပ်သစ်လက်မှတ်ရေးထိုး
စပိန် နိုင်ငံတကာကွင်းလယ်ကစားသမား ဂါဗီ ဟု လူသိများသော ပါဘလို မာတင်ပဲဇ် ဂါဗီရီယာနှင့် ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ လေးနှစ် သက်တမ်းတိုးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း ဘာစီလိုနာအသင်းက ဇန်နဝါရီ ၃၁ ရက်၌ ကြေညာလိုက်သည်။
အသက် ၂၀ နှစ်အရွယ် ဂါဗီသည် ရော်နယ်အာရော်ဂျို၊ ဂျရတ်မာတင်၊ ပတ်ဒရီတို့နှင့် ဘာစီလိုနာတွင် ကာလရှည်အတူရှိနေမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် ပတ်ဒရီက သက်တမ်းတိုးစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ၂၄ နာရီကြာမျှအချိန်အတွင်း ဂါဗီ၏ စာချုပ်သစ်အကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
……….
– တရုတ်နိုင်ငံတွင် ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲအတွက် ယူအေအီး အားကစားသမားများ အသင့်ဖြစ်နေ
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အားကစားသမားများသည် တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ ဖေဖော်ဝါရီ ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပရန်စီစဉ်ထားသော ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အသင့်ရှိနေကြပြီဖြစ်သည်။
ယူအေအီး အမျိုးသားစကိတ်အသင်း အဖွဲ့ဝင် အဗ္ဗဒူလာ အယ်လ်-ရာရှစ်က ၎င်းအနေဖြင့် လွန်ခဲ့သောနှစ်လကတည်းက အပြင်းအထန်လေ့ကျင့်လျက်ရှိကြောင်းနှင့် ဟားအယ်ပင်းတွင် ထိပ်တန်းအဆင့်များ ရရှိနိုင်ရန် ရည်မှန်းထားကြောင်း ဆင်ဟွာကို ပြောကြားခဲ့သည်။
…..
– အာဆင်နယ်က စိတ်ဝင်စားမှုရှိသော်ငြားလည်း ဝတ်ကင်စ်က အသင်းတွင် ဆက်ရှိနေမည်ဟု အက်စ်တွန်ဗီလာ နည်းပြ အခိုင်အမာပြော
အင်္ဂလန်တိုက်စစ်မှူး အိုလီ ဝတ်ကင်စ်သည် အက်စ်တွန်ဗီလာအသင်းတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်းနှင့် ၎င်းက အသင်း၌ ဆက်နေရန်ဆန္ဒရှိကြောင်း အက်စ်တွန်ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီက ဇန်နဝါရီ ၃၁ ရက်၌ ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ဘရန့်ဖို့ဒ်အသင်းသို့ ဝင်ရောက်ခဲ့ချိန်မှစ၍ ပွဲ ၂၀၁ ပွဲ၌ သွင်းဂိုး ၈၁ ဂိုး သွင်းခဲ့သော ဝတ်ကင်စ်အား အာဆင်နယ်က ပေါင် သန်း ၆၀ ခန့် (အမေရိကန်ဒေါ်လာ ၇၅ သန်းခန့်) ကမ်းလှမ်းမှုကို ဗီလာဘက်က ပယ်ချခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
…..
– အမေရိကန်နိုင်ငံ မီလ်ဝေါ်ကီမြို့တွင် ကျင်းပသော ISU ကမ္ဘာ့ဖလား စကိတ်အမြန်စီးပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ပြိုင်ပွဲ ၄ ခု စံချိန်ချိုး
အမေရိကန်နိုင်ငံ မီလ်ဝေါ်ကီမြို့တွင် ဇန်နဝါရီ ၃၁ ရက်က ကျင်းပသော ISU ကမ္ဘာ့ဖလား စကိတ်အမြန်စီးပြိုင်ပွဲ ပထမဆုံးနေ့၌ အမျိုးသား မီတာ ၁,၀၀၀၊ အမျိုးသမီး မီတာ ၁,၀၀၀၊ အမျိုးသမီး မီတာ ၃,၀၀၀ နှင့် အမျိုးသား မီတာ ၅,၀၀၀ ပြိုင်ပွဲတွင် လမ်းကြောင်း ၄ ခု စံချိန်ချိုးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
– Gavi becomes latest Barcelona player to sign new contract
MADRID, Jan. 31 (Xinhua) — FC Barcelona announced on Friday that Spain international midfielder Pablo Martin Paez Gaviria, known as “Gavi,” has signed a four-year contract extension until the end of June 2030.
The 20-year-old joins Ronald Araujo, Gerard Martin and Pedri in committing his long-term future to the club, with the announcement of his new deal coming just 24 hours after Pedri signed an extension until the same date.
Photo 1: Gavi (C) passes the ball during a La Liga football match against Real Madrid in Barcelona, Spain, Oct. 28, 2023. (Photo by Joan Gosa/Xinhua)
……….
– UAE athletes gear up for 9th Asian Winter Games in China
DUBAI, Jan. 31 (Xinhua) — Athletes from the United Arab Emirates (UAE) are gearing up to compete in the 9th Asian Winter Games, scheduled to be held in Harbin, China, from February 7-14.
Abdullah Al-Rashid, a member of the UAE national skiing team, told Xinhua that he has been undergoing intensive training for the past two months and aims to achieve top rankings in Harbin.
…..
– Aston Villa coach insists Watkins wants to stay despite Arsenal interest
LONDON, Jan. 31 (Xinhua) — Aston Villa coach Unai Emery said on Friday that England striker Ollie Watlins is committed to the club and he is happy to stay.
Reports suggest that Villa has rejected Arsenal’s offer of approximately 60 million pounds (around 75 million U.S. dollars) for Watkins, who has scored 81 goals in 201 appearances since joining from Brentford in 2020.
…..
– Four track records refreshed on opening day of ISU Speed Skating World Cup in Milwaukee
WASHINGTON, Jan. 31 (Xinhua) — All four track records were broken in the men’s 1,000m, women’s 1,000m, women’s 3,000m, and men’s 5,000m on the first competition day of the ISU Speed Skating World Cup in Milwaukee of the United States on Friday.