Asia
ထိုင်းနိုင်ငံက နိုင်ငံဖြတ်ကျော် အွန်လိုင်းမှုခင်းများ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ထောင်မည်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11l01.png)
မဲဆောက်၊ ထိုင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံက နိုင်ငံဖြတ်ကျော်နှင့် အွန်လိုင်းမှုခင်းများ တိုက်ဖျက်ရေး အားထုတ်ဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုစင်တာတစ်ခု တည်ထောင်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစင်တာသည် လူကုန်ကူးခံရကြောင်း သို့မဟုတ် တရားမဝင်လုပ်ငန်းများ၌ လုပ်ဆောင်နေရကြောင်း သံသယရှိသည့် လူပုဂ္ဂိုလ်များကို ခွဲခြားသိရှိနိုင်ရန် ပြည်ပသံရုံးများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများအကြား ထိတွေ့ဆက်ဆံမှုမြှင့်တင်ရာတွင် အထောက်အကူပြုပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ အဆင့်မြင့် စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ချုပ်ကြီး Thatchai Pitaneelaboot က ပြောကြားခဲ့သည်။
၎င်းစင်တာအနေဖြင့် အိမ်နီးချင်းနိုင်ငံများရှိ ဆိုက်ဘာလိမ်လည်မှုလုပ်ဆောင်သောနေရာများ၌ အလုပ်လုပ်ကိုင်ရန် မှားယွင်းလိမ်လည်ခေါ်ဆောင်မှုများအရ ထိုင်းနိုင်ငံနယ်စပ်များတွင် ပျောက်ဆုံးခဲ့ သို့မဟုတ် ထိုင်းနယ်စပ်ကို ဖြတ်သန်းခဲ့သော နိုင်ငံသားအသီးသီး၏ အရေးကိစ္စများနှင့် ရင်ဆိုင်နေရသော သက်ဆိုင်ရာနိုင်ငံများအားလုံးကို အတူတကွ ပေါင်းစည်းပေးလိမ့်မည်ဟု Thatchai က မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့သို့ စစ်ဆေးရေးခရီးသွားရောက်စဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် တရားမဝင်လုပ်ငန်းဆောင်ရွက်မှုများ တိုက်ဖျက်ရန် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံနှင့်နယ်စပ်တစ်လျှောက်အား လျှပ်စစ်မီးဖြန့်ဖြူးပေးမှုကို လွန်ခဲ့သောသီတင်းပတ်က ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Thailand to set up international coordination center for combating transnational, online crimes
MAE SOT, Thailand, Feb. 10 (Xinhua) — Thailand is gearing up to establish an international coordination center to exchange information on cross-border human trafficking as part of its efforts to combat transnational and online crimes, a senior Thai police officer said here on Monday.
The coordination center will help Thai authorities enhance communication with foreign embassies and law enforcement agencies to identify individuals suspected of falling victim to human trafficking or engaging in illegal activities, said Thatchai Pitaneelaboot, senior inspector general of the Thai police.
This center will bring together all countries facing issues with their nationals who have gone missing or crossed Thai borders under false pretenses to work in cyber scam compounds in neighboring countries, Thatchai told reporters during an inspection visit at Mae Sot in Thailand’s Tak province bordering Myanmar.
Thailand cut power supply along the border with Myanmar last week as part of its effort to combat illegal operations.
Photo: Senior inspector general of the Thai police, Thatchai Pitaneelaboot, speaks during an interview in Mae Sot, Tak province, Thailand, Feb. 10, 2025. (Xinhua/Lin Hao)