Business
မြန်မာနိုင်ငံက ၁၀ လအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11u01.jpg)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၀ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်ထုတ် The Global New Light of Myanmar သတင်းစာအရ သိရသည်။
၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၂ သန်းကျော် တင်ပို့ခဲ့ကြောင်း၊ ယင်းအနက် အောက်တိုဘာလက တန်ချိန် ၄၀၀,၀၀၀ ကျော်ဖြင့် လအလိုက်ပမာဏအများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အဆိုပါ ကာလအတွင်း ဆန်နှင့် ဆန်ကွဲများကို ကုန်းလမ်းနှင့် ရေကြောင်းလမ်းများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဘယ်လ်ဂျီယံ စသည်တို့အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၁.၆ သန်းကျော် တင်ပို့နိုင်ခဲ့ရာ ဝင်ငွေအားဖြင့် ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း အဆိုပါ ဆန်စပါးအသင်းချုပ်မှ အချက်အလက်များအရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar earns over 1 bln USD from rice, broken rice exports in 10 months
YANGON, Feb. 11 (Xinhua) — Myanmar earned over 1 billion U.S. dollars from rice and broken rice exports in the first ten months of the current fiscal year 2024-2025, starting April 2024, state-run daily The Global New Light of Myanmar reported on Tuesday.
From April 2024 to Jan 2025, the country exported over 2.2 million tons of rice and broken rice, with October recording the highest monthly export volume of over 400,000 tons, the report said.
During this period, the country exported rice and broken rice via both sea and land routes to more than 30 countries, including Bangladesh, China, Indonesia, and Belgium, according to the Myanmar Rice Federation.
In the 2023-24 fiscal year, Myanmar exported over 1.6 million tons of rice and broken rice, earning more than 845 million dollars, according to the federation.
Photo: Workers carry packages of rice at a warehouse in Yangon, Myanmar, March 8, 2023. (Photo by Myo Kyaw Soe/Xinhua)