Europe
ပူတင်နှင့် ထရမ့် တတိယနိုင်ငံတွင် တွေ့ဆုံမည်ဟု ကရင်မလင်နန်းတော် ပြော
![](https://xinhuamyanmar.com/wp-content/uploads/2025/02/14g01.jpg)
မော်စကို၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာတီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အနေဖြင့် တတိယနိုင်ငံ တစ်နိုင်ငံတွင် အလုပ်သဘော အစည်းအဝေးတစ်ရပ်ကို မြန်မြန်ဆန်ဆန် ညှိနှိုင်းကျင်းပရန် သဘောတူညီခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်၌ ပြည်တွင်းမီဒီယာနှင့် အင်တာဗျူး ပြုလုပ်စဉ်အတွင်း ကရင်မလင်နန်းတော် ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။
သို့ရာတွင် အလုပ်သဘော အစည်းအဝေး ကျင်းပမည့် နေရာအား အပြီးသတ် ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း၊ ယင်းအစည်းအဝေးအား နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး အပြန်အလှန် သွားရောက်မည့် ခရီးစဉ်များမတိုင်မီ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးအတွက် ပြင်ဆင်ရန် ရုရှားနှင့် အမေရိကန်တို့အကြား လုပ်ငန်းအဖွဲ့အချင်းချင်း ဆက်သွယ်ဆွေးနွေးမှုများကို လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဟု မျှော်လင့်ရကြောင်း ပက်စကော့ဗ်က ဖြည့်စွက်ပြောကြားခဲ့သည်။
အရှုပ်ထွေးဆုံး ပြဿနာများနှင့် ရင်ဆိုင်နေရသည့်တိုင် ယူကရိန်း ပဋိပက္ခအား စေ့စပ်ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းမည့် ရည်ရွယ်ချက်ကိုလည်း နှစ်နိုင်ငံ သမ္မတနှစ်ဦးက အတည်ပြုခဲ့ကြောင်း ပက်စကော့ဗ်က အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1aa
…………………………
(English Version)
Kremlin says Putin, Trump to meet in third country
MOSCOW, Feb. 13 (Xinhua) — Kremlin spokesman Dmitry Peskov said in an interview with local media on Thursday that Russian President Vladimir Putin and U.S. President Donald Trump “agreed quite quickly to coordinate and hold a working meeting somewhere in a third country.”
However, the final place of the working meeting has not been decided, he said, stressing that the meeting will happen prior to the exchange of visits of the two heads of state.
Working team communication between Russia and the United States is expected to be established in the coming days to prepare the summit meeting, Peskov added.
Peskov underlined that the two presidents had confirmed their intention to settle the Ukraine conflict through negotiations “even facing most complicated problems.” xhtxs.cn/1aa
English Caption
File photo taken on Dec. 19, 2019 shows Kremlin spokesman Dmitry Peskov at a press conference in Moscow, Russia. (Xinhua/Evgeny Sinitsyn)