Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လာလီဂါပွဲစဉ်-၂၄ တွင် ရီးရဲလ်မက်ဒရစ်၏ ပွဲဆက်များမှုကို အခွင့်ကောင်းယူနိုင်ရန် ဘာစီလိုနာနှင့် အက်သလက်တီကို မျှော်လင့်
အက်သလက်တီကို မက်ဒရစ်နှင့် ဘာစီလိုနာတို့အနေဖြင့် လာလီဂါ ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေးနိုင်ရန် ရီးရဲလ်မက်ဒရစ်၏ ပွဲဆက်များနေမှုကို အခွင့်ကောင်းယူရန် ရည်မှန်းထားလျက်ရှိသည်။
အက်သလက်တီကိုနှင့် ဘာစီလိုနာတို့မှာ ယခုသီတင်းပတ်တွင် ကြားပွဲများ ယှဉ်ပြိုင်ကစားရန် မလိုသော်လည်း ရီးရဲလ်မက်ဒရစ်မှာမူ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် မန်ချက်စတာစီးတီးနှင့် ချန်ပီယံလိဂ် play-off ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရသဖြင့် ပွဲပန်းမှုဒဏ်ကို ခံစားရလျက်ရှိသည်။ အဆိုပါပွဲစဉ်တွင် ရီးရဲလ်က ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ စိတ်ဓာတ်တက်ကြွဖွယ် နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့သော်လည်း လာမည့်သီတင်းပတ်တွင် ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဖြစ်ရာ နည်းပြ ကာလိုအန်ဆယ်လော့တီအနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ယှဉ်ပြိုင်ရမည့် အိုဆာဆူနာနှင့် အဝေးကွင်းပွဲစဉ်တွင် လူစာရင်း အပြောင်းအလဲပြုလုပ်ရဖွယ်ရှိသည်။
အက်သလက်တီကိုမှာမူ ပြီးခဲ့သည့် သီတင်းပတ်က ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ရီးရဲလ်အား သရေကစားနိုင်ခဲ့သလို ယခုတစ်ပတ်၌ ပမ်ပလိုနာတွင် ရီးရဲလ်အသင်း အနိုင်မရဘဲ အက်သလက်တီကိုက ဆယ်လ်တာဗီဂိုအား အိမ်ကွင်း၌ အနိုင်ရရှိမည်ဆိုလျှင် အမှတ်ပေးဇယား ထိပ်ဆုံးသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ဖေဖော်ဝါရီ ၁၇ ရက် မတိုင်မီအထိ အနားရထားသော ဘာစီလိုနာအနေဖြင့် အိမ်ကွင်း၌ ရာယိုဗယ်လက်ကာနိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ထိုပွဲစဉ်မှာ စိတ်ဝင်စားစရာ ပွဲစဉ်တစ်ပွဲဖြစ်သည်။ ဗယ်လက်ကာနိုမှာ လာလီဂါတွင် ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိသေးသော အသင်းဖြစ်သလို အကောင်းဆုံးပုံစံ ပြသနေသော အသင်းတစ်သင်းလည်းဖြစ်သည်။
…..
— တိုက်စစ်မှူးဂျက်ခ်ဆင် ဒဏ်ရာရရှိနေသည့်အတွက် ချဲလ်ဆီးအသင်း၏ တိုက်စစ်ပိုင်း အားလျော့ဖွယ်ရှိ
ချဲလ်ဆီးအသင်းတိုက်စစ်မှူး နစ်ကိုးလပ်စ် ဂျက်ခ်ဆင်မှာ ဒဏ်ရာပြဿနာကြောင့် လာမည့် နိုင်ငံတကာပွဲစဉ်များ မပြီးဆုံးမီအချိန်ထိ ပါဝင်ကစားနိုင်တော့မည် မဟုတ်သဖြင့် ချဲလ်ဆီးအသင်းမှာ ဒေါင်ဒေါင်မြည် တိုက်စစ်မှူးမရှိဘဲ ဧပြီလဆန်းပိုင်းအထိ ဖြတ်သန်းရတော့မည်ဖြစ်သည်။
ယခုရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုး သွင်းယူထားသော အဆိုပါ ဆီနီဂေါတိုက်စစ်မှူးမှာ လွန်ခဲ့သော သီတင်းနှစ်ပတ်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ကလပ်အသင်းဘက်က ဒဏ်ရာပြင်းထန်မှုမရှိစေရန် မျှော်လင့်ထားသော်လည်း ဓာတ်မှန်စစ်ဆေးမှုအရ နှစ်လနီးပါး အနားယူရဖွယ်ရှိကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။
…..
— ၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး တရုတ်အမျိုးသား ဘောလုံးသမားဆုအတွက် တိုက်စစ်မှူးဝူလေ ရွေးချယ်ခံရ
၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး တရုတ်အမျိုးသား ဘောလုံးသမားဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပခဲ့ရာ ရှန်ဟိုင်းပို့ထ်အသင်းတိုက်စစ်မှူး ဝူလေမှာ အဆိုပါဆုအတွက် ရွေးချယ်ခံခဲ့ရပြီး ၎င်းဆုအား ငါးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈၊ ၂၀၁၉၊ ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ်တို့တွင်လည်း အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဝူသည် ယခုနှစ် ဆန်ခါတင်စာရင်းတွင် ပါဝင်သော ကျန်းယွိနင်နှင့် ရှဲ့ဝန်နန်တို့ကို ကျော်ဖြတ်ကာ ဆုချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ ဝူသည် ၂၀၂၄ ခုနှစ် တရုတ်စူပါလိဂ် (CSL) ရာသီတွင် စံချိန်တင်သွင်းဂိုး ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ရှန်ဟိုင်းပို့ထ်အား လိဂ်ချန်ပီယံဆုနှင့် CFA ဖလား နှစ်ခုလုံး ဆွတ်ခူးနိုင်စေရန် ကူညီစွမ်းဆောင်ပေးခဲ့သည်။ (Xinhua)


……………….
(English Caption)
Real Madrid’s non-stop fixture list gives Barca and Atletico hope on La Liga matchday 24
Atletico Madrid and FC Barcelona are both looking to capitalize on Real Madrid’s jam-packed fixture schedule to maintain pressure in the La Liga title race this weekend.
While Atletico and Barca enjoyed a week free of midweek matches, Real Madrid endured a draining Champions League clash against Manchester City on Tuesday night. Although that match ended in a morale-boosting 3-2 win for Real Madrid, they still face the return leg next week, and Carlo Ancelotti may have to rotate his squad for Saturday’s challenging league trip to Osasuna.
Atletico secured a draw last weekend at the Santiago Bernabeu Stadium, and if Real Madrid fails to win in Pamplona, Atletico could climb to the top with a win at home against Celta Vigo.
Barcelona, which doesn’t play until Monday, has an intriguing home match against Rayo Vallecano, one of La Liga’s most in-form teams after a nine-game unbeaten run that lifted them to sixth place.
…..
Jackson injury leaves Chelsea short of firepower until April
Chelsea will be without striker Nicolas Jackson until after the next international break, leaving the club without a recognized “number 9” until the start of April.
The Senegalese forward, who has nine goals in the Premier League this season, tore his hamstring against West Ham a fortnight ago and although the club had hoped the injury was not serious, the BBC reports that scans have now shown Jackson could be sidelined for almost two months.
…..
Wu Lei named 2024 Chinese Men’s Footballer of Year
Shanghai Port forward Wu Lei was named 2024 Chinese Men’s Footballer of the Year at a ceremony here on Thursday, marking the fifth time he has clinched the annual award.
Beating the other two nominees, Zhang Yuning and Xie Wenneng, Wu – who won the award in 2018, 2019, 2021, and 2023 – scored a record-high 34 goals in the 2024 Chinese Super League (CSL) season and helped his club secure both the league and the CFA Cup trophies.