Connect with us

Africa & Middle East

ဓားစာခံနှင့် အကျဉ်းသား လဲလှယ်မှုအဖြစ် အစ္စရေးဓားစာခံ ၃ ဦး၊ ပါလက်စတိုင်း အကျဉ်းသား ၃၆၉ ဦး ပြန်လွတ်မြောက်လာ

ဂျေရုဆလမ်/ဂါဇာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း ‌လက်နက်ကိုင်အုပ်စုများက ဂါဇာဒေသတွင် ဖမ်းဆီးထားသော နောက်ထပ် အစ္စရေးဓားစာခံ သုံးဦးအား ဖေဖော်ဝါရီ ၁၅ ရက်၌ ပြန်လွှတ်ပေးခဲ့သလို တစ်ဖက်တွင်လည်း အစ္စရေး အာဏာပိုင်များက ပါလက်စတိုင်း အကျဉ်းသားနှင့် ထိန်းသိမ်းခံရသူ ၃၆၉ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ပြန်လွတ်မြောက်လာသော အစ္စရေးဓားစာခံများမှာ အသက် ၂၉ နှစ်အရွယ် အစ္စရေး-ရုရှား နှစ်နိုင်ငံသား ခံယူထားသူ အလက်ဇန်းဒါး ဆာရှာ ထရူဖာနော့ဗ်၊ ၃၆ နှစ်အရွယ် အစ္စရေး-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသူ ဆာဂီ ဒက်ကယ်-ချန်နှင့် ၄၆ နှစ်အရွယ် အစ္စရေး-အာဂျင်တီးနား နှစ်နိုင်ငံသား ခံယူထားသူ အိုင်ရာဟွန်းတို့ဖြစ်သည်။ ၎င်းတို့မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ အစ္စရေး တောင်ပိုင်းအား ဟားမက်စ်အဖွဲ့ ဦးဆောင်၍ စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသူများဖြစ်သည်။

အနောက်ဘက်ကမ်းဒေသရှိ ရာမာလာမြို့တွင် ပြန်လွတ်မြောက်လာသော ပါလက်စတိုင်း အကျဉ်းသားတစ်ဦးအား ကြိုဆိုနေသူများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းဓားစာခံများ အစ္စရေးသို့ ရောက်ရှိလာပြီး မကြာမီတွင် ပါလက်စတိုင်း အကျဉ်းသားနှင့် ထိန်းသိမ်းခံထားရသူများကို တင်ဆောင်လာသော ပထမဆုံး ဘတ်စ်ကားမှာ အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရှိ အစ္စရေး၏ အိုဖာ အကျဉ်းထောင်မှ ထွက်ခွာလာခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်၌ အစ္စရေး အကျဉ်းထောင်မှ လွတ်မြောက်လာသော ပါလက်စတိုင်း ၃၆၉ ဦးအနက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသူ ၃၆ ဦး၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစ္စရေးက ဂါဇာဒေသမှ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၃၃၃ ဦးတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1cK
…………………………………………………………………………………….
(English Version)
3 Israeli hostages freed in exchange for 369 Palestinians prisoners
JERUSALEM/GAZA, Feb. 15 (Xinhua) — The Palestinian militant groups on Saturday released three more Israeli hostages held in Gaza, while Israeli authorities freed 369 Palestinian prisoners and detainees in exchange.
The freed Israeli hostages are Alexandre Sasha Troufanov, a 29-year-old Israeli-Russian citizen; Sagui Dekel-Chen, a 36-year-old Israeli-American citizen; and Iair Horn, a 46-year-old Israeli-Argentine citizen. They were kidnapped during the Hamas-led attack on southern Israel on Oct. 7, 2023.
Shortly after they arrived in Israel, the first bus carrying freed Palestinian prisoners and detainees departed Israel’s Ofer jail in the Israeli-occupied West Bank.
Among the 369 Palestinians released Saturday from the Israeli jail were 36 serving life sentences, and 333 detainees arrested by Israel from the Gaza Strip following the Oct. 7 attack. xhtxs.cn/1cK
English Caption 1
A woman watches the televised broadcast of the hostage release process through a big screen at a square in Tel Aviv, Israel, on Feb. 15, 2025. (Xinhua/Chen Junqing)
English Caption 2
People welcome a released Palestinian prisoner in the West Bank city of Ramallah, Feb. 8, 2025.(Photo by Ayman Nobani/Xinhua)