Connect with us

Culture & Entertainment

ဆောင်းရာသီ အားကစားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ဝန်ကြီးချုပ် အလေးအနက် တိုက်တွန်းပြောကြား

ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဝန်ဆောင်မှုများ အသုံးပြုရေးအတွက် အခွင့်အလမ်းသစ်များနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် မောင်းနှင်အားသစ်များ ဖန်တီးနိုင်ရေးအတွက် ဆောင်းရာသီ အားကစားနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဖေဖော်ဝါရီ ၁၅ ရက်၌ အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ လီက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၌ လှည့်လည် ကြည့်ရှုစစ်ဆေးစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခု၌ ရေခဲနှင့် ဆီးနှင်း ယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်များကို လေ့လာနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထူးခြားပေါ်လွင်၍ အကျိုးပြုနိုင်သော အရင်းအမြစ်များကို အသုံးချရန်၊ အရည်အသွေးရှိသော ထုတ်ကုန်များ ထောက်ပံ့ဖြည့်တင်းမှု ဖူလုံစေရန်၊ ဆောင်းရာသီကာလ စီးပွားရေး အရှိန်အဟုန်ကောင်းမွန်အောင် နှိုးဆွပေးရန်၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။

ဟားအယ်ပင်း ဆုန်းဟွားမြစ် ရေခဲနှင့် ဆီးနှင်းပွဲတော်သို့ တက်‌ရောက်စဉ်အတွင်း လီက အများပြည်သူ လက်လှမ်းမီနိုင်သော ရေခဲနှင့် ဆီးနှင်းပွဲတော် ကျင်းပရာနေရာများ တည်ဆောက်ရေးအတွက် ဒေသန္တရ အရင်းအမြစ်များကို တိုးမြှင့်ဖော်ထုတ်ရန်၊ ဆွဲဆောင်မှုရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသော ဆောင်းရာသီ လှုပ်ရှားမှု အစီအစဉ်များကို ပိုမိုဖန်တီးပေးရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1cO
……………………………………………………………..
(English Version)
Chinese premier stresses development of winter sports, economy
HARBIN, Feb. 15 (Xinhua) — Chinese Premier Li Qiang on Saturday stressed stepping up the development of winter sports and related industries to create new opportunities for service consumption and a new growth driver for the economy.
Li, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, made the remarks during his inspection tour to northeast China’s Heilongjiang Province.
He highlighted the need to utilize distinctive advantageous resources, enrich the supply of quality products, stimulate the vitality of the winter economy, and continuously improve the well-being of the people.
While visiting the Harbin Songhua River Ice and Snow Carnival, Li said it was necessary to further tap into local resources to build snow and ice venues accessible to the public and create more engaging and entertaining winter activities. xhtxs.cn/1cO
English Caption 1
Chinese Premier Li Qiang, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, communicates with children at a local ice sports center in Harbin, northeast China’s Heilongjiang Province, Feb. 15, 2025. (Xinhua/Liu Bin)
English Caption 2
Chinese Premier Li Qiang, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, learns about ice and snow cultural products at a local company engaged in culture and tourism in Harbin, northeast China’s Heilongjiang Province, Feb. 15, 2025. (Xinhua/Liu Bin)