Connect with us

Africa & Middle East

စစ်ပွဲအလွန်ကာလ၌ ဂါဇာအား ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ အုပ်ချုပ်မှုကို နေတန်ယာဟု ပယ်ချ

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုအား အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ တဲလ်အဗစ် ဒေသန္တရအုပ်ချုပ်ရေးရုံး၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Reuven Kastro/JINI via Xinhua)

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
စစ်ပွဲအလွန်ကာလ၌ ဂါဇာဒေသအား ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) က စီမံအုပ်ချုပ်မည့် အလားအလာအပေါ် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပယ်ချလိုက်သည်။
ဟားမက်စ်အဖွဲ့အနေဖြင့် ဂါဇာဒေသအား ထိန်းချုပ်ခွင့်ကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထံ လွှဲအပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သတင်းမီဒီယာများက ဖော်ပြနေသည့်အပေါ် နေတန်ယာဟုက “ကျွန်တော် ကတိပြုထားတဲ့အတိုင်းပဲ ဂါဇာစစ်ပွဲပြီးဆုံးပြီး နောက်တစ်နေ့မှာ ဟားမက်စ်အဖွဲ့ရော ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရော ရှိတော့မှာမဟုတ်ပါဘူး” ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ဂါဇာရှိ ပါလက်စတိုင်းလူထုအား အိမ်နီးချင်းနိုင်ငံများဆီသို့ ရွှေ့ပြောင်းခြင်း အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာဒေသအတွက် အဆိုပြုထားသော အစီအစဉ်ကို ထောက်ခံကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အာရပ်ခေါင်းဆောင်များကမူ ယင်းအဆိုပြုချက်အား ပယ်ချခဲ့သည်။
“ကျွန်တော့်အနေနဲ့ မတူကွဲပြားတဲ့ ဂါဇာဒေသကို ဖန်တီးမယ့် သမ္မတထရမ့်ရဲ့ အစီအစဉ်အပေါ် အလေးအနက် အာရုံစိုက်ထားပါတယ်” ဟု နေတန်ယာဟုက ဆိုသည်။
အစ္စရေးအနေဖြင့် ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း သိမ်းယူခဲ့သည့် ဂါဇာကမ်းမြောင်ဒေသ၊ အနောက်ဘက်ကမ်းဒေသနှင့် အရှေ့ဂျေရုဆလမ်တို့အား ပါလက်စတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1ff
………………………
(English Version)
Netanyahu rules out Palestinian Authority’s rule in post-war Gaza
JERUSALEM, Feb. 17 (Xinhua) — Israeli Prime Minister Benjamin Netanyahu dismissed the possibility of the Palestinian Authority (PA) governing post-war Gaza.
In a response to media reports that Hamas had expressed willingness to relinquish control of the enclave to the PA, Netanyahu said in a statement: “As I promised — the day after the war in Gaza, there will be no Hamas and no Palestinian Authority.”
He reiterated his support for former U.S. President Donald Trump’s plan for Gaza, which includes the transfer of the enclave’s Palestinian population to neighboring countries. Arab leaders have rejected the proposal.
“I am committed to President Trump’s plan for creating a different Gaza,” Netanyahu said.
Israel objects to Palestinian sovereignty in the Gaza Strip, West Bank, and East Jerusalem, territories it seized in the 1967 Middle East war. xhtxs.cn/1ff
English Caption
Israeli Prime Minister Benjamin Netanyahu is seen at the Tel Aviv courthouse in Tel Aviv, Israel, on Dec. 10, 2024. (Reuven Kastro/JINI via Xinhua)