Connect with us

Myanmar

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၅၀ ဦး ထပ်မံဖမ်းဆီး

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်နေစဥ် (ဓာတ်ပုံ-Information Team)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်ခဲ့ကြသည့် ပြည်ပ နိုင်ငံသား ၂၅၀ ဦးကို ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်) တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁,၅၅၃ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုနှင့် နယ်စပ်ဒေသများတွင် ရာဇ၀တ်မှုများကို နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်နေစဥ် (ဓာတ်ပုံ-Information Team)

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်နေစဥ် (ဓာတ်ပုံ-Information Team)

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်နေစဥ် (ဓာတ်ပုံ-Information Team)

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးစစ်ဆေးမှုပြုလုပ်နေစဥ် (ဓာတ်ပုံ-Information Team)

……………………………
(English Version)
Myanmar arrests additional 250 illegal aliens in telecom fraud crackdown
YANGON, Feb. 19 (Xinhua) — Myanmar authorities on Wednesday arrested additional 250 foreign nationals who had illegally entered the country in Myawaddy township of Kayin state, the Information Team of Myanmar’s State Administration Council said.

The team said the illegal aliens were arrested in the areas of Shwe Kokko and KK Park.

A total of 1,553 foreign nationals were arrested for illegally entering Myanmar from Jan. 30 to Wednesday, the team said.

These are part of the government’s efforts to crack down on illegal online gambling, telecom fraud, and crimes in border areas, it added. ■