Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်နိုင်ငံထုတ် AS700D လူလိုက်ပါနိုင်သောလေသင်္ဘော ပထမဆုံးအကြိမ်ပျံသန်းမှုပြီးမြောက် - Xinhua News Agency
Connect with us

China

တရုတ်နိုင်ငံထုတ် AS700D လူလိုက်ပါနိုင်သောလေသင်္ဘော ပထမဆုံးအကြိမ်ပျံသန်းမှုပြီးမြောက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် တရုတ်နိုင်ငံထုတ် AS700D လူလိုက်ပါနိုင်သောလျှပ်စစ်လေသင်္ဘော ပထမဆုံးအကြိမ်ပျံသန်းနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ AS700D လူလိုက်ပါနိုင်သောလေသင်္ဘောသည် ဖေဖော်ဝါရီ ၂၁ ရက်က ပထမဆုံးအကြိမ် ပျံသန်းမှု အောင်မြင်စွာပြီးမြောက်ခဲ့ရာ နိုင်ငံ၏ ဝေဟင်နိမ့်စီးပွားရေးလုပ်ငန်းကဏ္ဍတွင် အစိမ်းရောင်လေကြောင်းပျံသန်းမှုဆိုင်ရာစက်ကိရိယာ၌ အဓိကထိုးဖောက်အောင်မြင်မှု အထိမ်းအမှတ်လည်းဖြစ်ကြောင်း အဆိုပါ လေသင်္ဘောတည်ဆောက်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) က ကြေညာခဲ့သည်။
အဆိုပါ သမိုင်းမှတ်တိုင်သည် တရုတ်နိုင်ငံ၏ ပြည်တွင်း၌ သီးခြားလွတ်လပ်စွာတည်ဆောက်ထားသော AS700D ၏ နည်းပညာပိုင်းဆိုင်ရာ ရင့်ကျက်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို စစ်ဆေးအတည်ပြုပေးလိုက်ခြင်းဖြစ်ပြီး လျှပ်စစ်လေယာဉ်သင်္ဘောများ နောက်ဆက်တွဲတိုးတက်မှုအတွက် နည်းပညာအရန်ထားရှိမှုကို ပံ့ပိုးကူညီပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း AVIC က ဆိုသည်။
AS700D လေယာဉ်သင်္ဘောသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ပထမဆုံးပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းလေသင်္ဘောသည် ဒေါင်လိုက် ပျံတက်သွားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၅၀ အထိ လျင်မြန်စွာမြင့်တက်သွားခဲ့သည်။ ထို့နောက် လေသင်္ဘောက ဝေဟင်တွင် ခေတ္တပျံဝဲခဲ့ကာ ဒေါင်လိုက်ဆင်းသက်မှုကို စွမ်းဆောင်ပြသခဲ့ပြီး တည်ငြိမ်စွာ ရပ်တန့်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် ပထမဆုံးအကြိမ်မပျံသန်းမီ တရုတ်နိုင်ငံထုတ် AS700D လူလိုက်ပါနိုင်သောလျှပ်စစ်လေသင်္ဘောကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………….
(English Version)
China-developed AS700D electric manned airship completes maiden flight
BEIJING, Feb. 21 (Xinhua) — China’s AS700D electric manned airship completed a successful maiden flight on Friday, marking a major breakthrough for the country in green aviation equipment in the low-altitude economy sector, announced the Aviation Industry Corporation of China (AVIC), the developer of the airship.
The milestone verified the technical maturity and principles of China’s independently-developed AS700D, providing technical reserve for the development of subsequent electric airships, said the AVIC.
The AS700D carried out the maiden flight on Friday morning in Jingmen, central China’s Hubei Province.
It conducted a vertical takeoff and then quickly climbed to an altitude of 50 meters. After briefly hovering, it performed a vertical landing and then stopped steadily.
Photo 1: China’s AS700D electric manned airship is pictured during its maiden flight in Jingmen, central China’s Hubei Province, Feb. 21, 2025. (AVIC/Handout via Xinhua)
Photo 2: China’s AS700D electric manned airship is pictured before its maiden flight in Jingmen, central China’s Hubei Province, Feb. 21, 2025. (AVIC/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.