Connect with us

Business

မြန်မာနိုင်ငံက ပြည်ပတွင် အလုပ်လုပ်ကိုင်သူများကို အထူးအစီအစဉ်အရ EV ကားများ တင်သွင်းခွင့်ပြုမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Pannita ကားအရောင်းပြပွဲ၌ BYD အမှတ်တံဆိပ် လျှပ်စစ်ကားများကို ၂၀၂၃ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများကို လျှပ်စစ်မော်တော်ယာဉ်များ (EVs) နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းခွင့်ပြုမည့် အထူးအစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာအရ သိရသည်။
အဆိုပါ အစီအစဉ်အရ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် တစ်နှစ်အတွင်း အမေရိကန်‌ဒေါ်လာ ၅၀,၀၀၀ နှင့်အထက် ပြန်လည်လွှဲပို့ပါက ထိုလွှဲပို့ငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်း တန်ဖိုးနှင့်ညီမျှသော လျှပ်စစ်မော်တော်ယာဉ်များ (EVs) နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်လွှဲပို့သော ငွေပမာဏတွင် တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် လွှဲပို့သော ၎င်းတို့၏ လစာငွေ သို့မဟုတ် အခြားဝင်ငွေများလည်း ပါဝင်ကြောင်း သိရသည်။
အကယ်၍ တစ်ဦးတစ်ယောက်ချင်းစီ၏ ပြန်လည်လွှဲပို့သော ငွေပမာဏမှာ တင်သွင်းမည့်မော်‌တော်ယာဉ်တန်ဖိုး မပြည့်မီပါက အခြားသူများနှင့် စုပေါင်း၍ တင်သွင်းမှုကိုလည်း ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်မော်တော်ယာဉ်များ (EVs) နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ အသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အထောက်အကူပြုရန် ရည်ရွယ်၍ အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Pannita ကားအရောင်းပြပွဲ၌ BYD အမှတ်တံဆိပ် လျှပ်စစ်ကားများကို ၂၀၂၃ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Pannita ကားအရောင်းပြပွဲ၌ BYD အမှတ်တံဆိပ် လျှပ်စစ်ကားများကို ၂၀၂၃ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(English Version)
Myanmar allows overseas workers to import EVs under special program
YANGON, Feb. 22 (Xinhua) — Myanmar has introduced a special program allowing its citizens working abroad to import electric vehicles (EVs) and electric motorcycles, the official daily Myanma Alinn reported on Saturday.
Under the initiative, Myanmar citizens working abroad who remitted at least 50,000 U.S. dollars annually through official bank channels will be eligible to import one EV per year, with the import value capped at five percent of their total remitted amount, it said.
Their remitted amount included their salaries or other income remitted through official bank channels, it said.
In cases where the remitted amount is insufficient to cover the full cost of a vehicle, the ministry has also approved collective imports, enabling multiple individuals to pool their funds for vehicle purchases, it added.
The plan, announced by the Ministry of Commerce, aims to further promote the use of EVs in the country and contribute to environmental conservation, the report said.
Photo: This photo taken on March 2, 2023 shows BYD electric cars at the Pannita Auto Fair in Yangon, Myanmar. (Photo by Myo Kyaw Soe/Xinhua)