Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၁၀ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်‌‌‌ဒေါ်လာ ၆၅၆ သန်း ဆွဲဆောင်ထားနိုင်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အေးရှားဝေါဆိပ်ကမ်းကို ၂၀၁၈ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်း ဆွဲဆောင်နိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ဖေဖော်ဝါရီ ၂၄ ရက်၌ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု ခွင့်ပြုခဲ့ကြောင်း DICA အချက်အလက်များ၌ ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၃၅၇.၀၄ သန်းဖြင့် FDI အများဆုံးဝင်ရောက်ခဲ့ကာ ယင်းနောက်တွင် စက်မှုကုန်ချောကဏ္ဍက ဒေါ်လာ ၁၄၈.၆၄ သန်းဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍက ဒေါ်လာ ၈၇.၇၁ သန်းဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုကာလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် အများဆုံးရင်းနှီးမြှုပ်နှံသူများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်း စသည့်နိုင်ငံများဖြစ်ကြောင်း DICA အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
………………………..
(English Version)
Myanmar attracts 656-mln-USD FDI in 10 months of FY 2024-25
YANGON, Feb. 24 (Xinhua) — Myanmar attracted 656.15 million U.S. dollars in foreign direct investment (FDI) in the first 10 months of the fiscal year 2024-25, according to figures released by the Directorate of Investment and Company Administration (DICA) on Monday.
From April 1, 2024, to Jan. 31 this year, the Myanmar Investment Commission approved 52 foreign-invested enterprises, according to the DICA data.
During the period, the oil and gas sector attracted the most FDI with 357.04 million dollars, followed by the manufacturing sector with 148.64 million dollars, and the transport and communication sector with 87.71 million dollars.
Singapore, China and Thailand were the largest investors in Myanmar during the period, the data showed.
Photo: Photo taken on May 19, 2018, shows the Asia World Port in Yangon, Myanmar. (Xinhua/U Aung)