Connect with us

China

ဆင်ဟွာ တတ်သိပညာရှင်အဖွဲ့၏ အစီရင်ခံစာက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများအတွက် တရုတ်နိုင်ငံ၏ နည်းလမ်းများကို မီးမောင်းထိုးဖော်ပြနေ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ၏ မီဒီယာအဖွဲ့အစည်းများနှင့် တတ်သိပညာရှင်အဖွဲ့များကြား ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ၌ “ဖလှယ်မှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုမှတစ်ဆင့် လူမှုယဉ်ကျေးမှုအဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို မြှင့်တင်ခြင်း” အမည်ဖြင့် ထုတ်ပြန်ထားသောအစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာလွှမ်းမိုးမှု ကြီးထွားလာသည်နှင့်အညီ တရုတ်နိုင်ငံသည် ကမ္ဘာ့ရေးရာများတွင် ပါဝင်ဆောင်ရွက်လျက်ရှိခြင်းက ဆင်းရဲနွမ်းပါးမှုနှင့် ရာသီဥတုပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အယူအဆပိုင်းရော လုပ်ဆောင်မှုပိုင်းကိုပါ တရုတ်နိုင်ငံ၏ နည်းလမ်းများက ပံ့ပိုးပေးလျက်ရှိကြောင်း ဖေ‌ဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်လိုက်သော ဆင်ဟွာ တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဆင်ဟွာသတင်းအေဂျင်စီ၊ တတ်သိပညာရှင်အဖွဲ့ဖြစ်သည့် ဆင်ဟွာ အင်စတီကျုက “ဖလှယ်မှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုမှတစ်ဆင့် လူမှုယဉ်ကျေးမှုအဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို မြှင့်တင်ခြင်း” အမည်ဖြင့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်မတိုင်မီက တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအစီအစဉ်ကြောင့် ကျေးလက်နေပြည်သူ ၉၈.၉၉ သန်းက ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာခဲ့ကာ ယင်းမှာ နိုင်ငံတကာ စီးပွားရေးစီမံအုပ်ချုပ်မှုအတွက် ဘုံမေးခွန်းတစ်ရပ်ဖြစ်သည့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၌ ကြီးမားသော အောင်မြင်မှု အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ခဲ့သည်။
ကမ္ဘာ့အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် တရုတ်နိုင်ငံသည် ၎င်း၏ တိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုကို အစဉ်တစိုက် နီးကပ်စွာချိတ်ဆက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအမြောက်အမြား၌ လူမှုဘဝတိုးတက်မြင့်မားစေသည့် စီမံကိန်းပေါင်း ၆,၀၀၀ ကျော် ပံ့ပိုးကူညီခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့တိုက်ကြီး ၅ ခုရှိ နိုင်ငံပေါင်း ၇၀ နီးပါးကိုလည်း တရုတ်စပ်မျိုးစပါးကို မိတ်ဆက်ဖြန့်ချိခဲ့ကြောင်း အစီရင်ခံစာ၌ ‌ဖော်ပြထားသည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ၏ မီဒီယာအဖွဲ့အစည်းများနှင့် တတ်သိပညာရှင်အဖွဲ့များကြား ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ၌ “ဖလှယ်မှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုမှတစ်ဆင့် လူမှုယဉ်ကျေးမှုအဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို မြှင့်တင်ခြင်း” အမည်ဖြင့် ထုတ်ပြန်ထားသောအစီရင်ခံစာကို ဖတ်ရှုနေသည့် ကိုယ်စားလှယ်တစ်ဦးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(English Version)
Xinhua think tank report highlights Chinese solutions to global challenges
BEIJING, Feb. 18 (Xinhua) — With its rapid development and growing international influence, China has been increasingly engaging in global affairs, offering Chinese solutions to global challenges such as poverty and climate change in both concept and action, said a Xinhua think tank report released on Tuesday.
The report, titled “Promoting the Development and Progress of Human Civilization through Exchange and Mutual Learning,” was released by Xinhua Institute, a think tank affiliated with Xinhua News Agency.
By 2020, China’s large-scale anti-poverty campaign had lifted 98.99 million rural residents out of poverty, marking a monumental victory in the fight against poverty, which is also a common question for international economic governance.
As the world’s largest developing country, China has always closely linked its growth with global development. According to the report, China has supported over 6,000 projects for livelihood improvement in numerous developing countries.
Chinese hybrid rice has been introduced to nearly 70 countries across five continents.
Photo 1: This photo taken on Feb. 18, 2025 shows copies of a report titled “Promoting the Development and Progress of Human Civilization through Exchange and Mutual Learning” in Tokyo, Japan. (Xinhua/Jia Haocheng)
Photo 2: A delegate reads a report titled “Promoting the Development and Progress of Human Civilization through Exchange and Mutual Learning” at the ongoing dialogue on boosting cultural exchange between media organizations and think tanks of China and Japan in Tokyo, Japan, Feb. 18, 2025. (Xinhua/Jia Haocheng)