International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လာလီဂါပွဲစဉ်-၂၆ တွင် ထိပ်ဆုံးအသင်းများ၏ အရေးကြီးပွဲစဉ်များနှင့် နည်းပြများ ထုတ်ပယ်ခံရနိုင်ခြေရှိသော ပွဲစဉ်များ ပါဝင်နေ
ယခုသီတင်းပတ်ကုန်တွင် ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်-၂၆ တွင် အမှတ်ပေးဇယား ထိပ်ပိုင်းနေရာများ အပြောင်းအလဲ ဖြစ်လာနိုင်သလို နည်းပြအချို့မှာလည်း ဖိအားများအောက်သို့ ကျရောက်ဖွယ်ရှိနေသည်။
လက်စ်ပါမားစ်အသင်းမှာ နောက်ဆုံးကစားခဲ့သည့် လိဂ်ပြိုင်ပွဲ ၇ ပွဲတွင် ၆ ပွဲ ရှုံးနိမ့်ထားပြီးနောက် တန်းဆင်းဇုန်ထဲသို့ ကျရောက်နေခြင်းကြောင့် နည်းပြ ဒီယေဂို မာတီနက်ဇ်အနေဖြင့် အဦးဆုံးထုတ်ပယ်ခံရသည့် နည်းပြဖြစ်လာနိုင်သည်။ ၎င်းအနေဖြင့် ဗယ်လာဒိုးလစ်နှင့် အဝေးကွင်းပွဲစဉ်တွင် မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေသလို ဗယ်လာဒိုးလစ်မှာလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ အက်သလက်တစ် ဘီဘာအိုအား ၁-၇ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားပြီး အသင်း၏အခြေအနေမှာ အလွန်အမင်း စိုးရိမ်စရာဖြစ်လာခဲ့သည်။
မတ် ၁ ရက် ပွဲစဉ်များတွင် ချန်ပီယံဖြစ်ရေးအတွက် အလွန်အရေးပါသော ပွဲစဉ်နှစ်ပွဲ ပါဝင်နေပြီး ရီးရဲလ်မက်ဒရစ်က ရီးရဲလ်ဘက်တစ်အိမ်ကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ အက်သလက်တီကို မက်ဒရစ်က ဘီဘာအိုနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် ဆန်ဆီဘက်ရှန်၌ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ကစားထားရသည့် ရီးရဲလ်မက်ဒရစ်မှာ နားချိန်အနည်းငယ်သာ ရရှိခဲ့သလို ယခုပွဲစဉ်တွင်လည်း ပွဲပယ်ခံထားရသည့် ဂျုဒ်ဘယ်လင်ဟမ် ပါဝင်နိုင်ဦးမည်မဟုတ်ပေ။ မက်ဒရစ်အနေဖြင့် အကောင်းဆုံးပုံစံတွင် ရှိနေသော်လည်း ဘက်တစ်၏ အိမ်ကွင်းဖြစ်သည့် ဘန်နီတို ဗီလာမာရင်မှာ ပြိုင်ဘက်များအဖို့ ရလဒ်ကောင်းရရန် ခက်ခဲသော နေရာတစ်ခုပင်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဘာစီလိုနာနှင့် ၄ ဂိုးစီ သရေကျခဲ့သည့် အက်သလက်တီကိုက မက်ထရိုပိုလစ်တာနို အားကစားကွင်း၌ ဘီဘာအိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘီဘာအိုအနေဖြင့် လိဂ်ပြိုင်ပွဲတွင် ၁၆ ပွဲတိတိ ရှုံးပွဲမရှိသေးသော်လည်း ယခုပွဲစဉ်တွင် အသင်း၏ ထိပ်တန်းဂိုးသွင်းရှင် အိုဟန် ဆန်းဆက် ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။
ဘာစီလိုနာကမူ မတ် ၂ ရက်တွင် ရီးရဲလ် ဆိုစီဒက်နှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ သီတင်းပတ်အလယ်၌ စပိန်ဘုရင့်ဖလားပွဲစဉ် ကစားထားရသည့်အတွက် ပွဲထွက်လူစာရင်းအား အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိသည်။ နည်းပြဟန်ဆီဖလစ်ခ်အနေဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ၎င်း၏အသင်းအား ပွဲပန်းမှုမရှိဘဲ လန်းလန်းဆန်းဆန်းရှိစေရန် စီမံသွားမည်ဖြစ်ပြီး ရောဘတ် လီဝန်ဒေါစကီးက ဘာစီလိုနာတိုက်စစ်ကို ပြန်လည်ဦးဆောင်မည်ဖြစ်ကာ ဖာမင် လိုပက်ဇ်လည်း ပွဲထွက်ပါဝင်လာဖွယ်ရှိသည်။
…..
— ကမ္ဘာ့အဆင့်-၁ တင်းနစ်ကစားသမား ဆင်နာ တားမြစ်ဆေးကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရသဖြင့် Laureus ဆု ဆန်ခါတင်စာရင်းမှ ပယ်ဖျက်ခံရ
ကမ္ဘာ့အဆင့်-၁ အီတလီ တင်းနစ်ကစားသမား ဂျန်းနစ်ဆင်နာအား ၂၀၂၅ ခုနှစ်အတွက် Laureus World တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုအတွက် ဆန်ခါတင် ရွေးချယ်ထားခြင်းအား ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း Laureus World Sports Academy က ဖေဖော်ဝါရီ ၂၇ ရက်၌ ကြေညာခဲ့သည်။ ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့ (WADA) က ၎င်းအား ပြိုင်ပွဲဝင်ခွင့် သုံးလ ပိတ်ပင်ခဲ့ပြီး မကြာမီတွင် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာြခင်းဖြစ်သည်။
ယင်းအမှုအား ပြစ်ဒဏ်လျှော့ပေါ့ပေးမည့် အခြေအနေများ ရှိနေသော်လည်း ထိုကဲ့သို့ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရသဖြင့် ဆင်နာမှာ ဆန်ခါတင်အဖြစ် ရွေးချယ်ခံရရန် အရည်အချင်းပြည့်မီမှု မရှိတော့ခြင်းဖြစ်သည်ဟု ၎င်းအကယ်ဒမီက ဆုရွေးချယ်ရေးအဖွဲ့ထံ ပေးပို့ခဲ့သည့် အီးမေးလ်၌ ရှင်းလင်းပြောဆိုထားကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် Laureus World Sports ဆုအတွက် ဆန်ခါတင်ရွေးချယ်ထားသော ကစားသမားစာရင်း အပြည့်အစုံကို မတ် ၃ ရက်၌ ကြေညာသွားမည်ဟု သိရသည်။
…..
— IOC ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ် ဇွန် ၂၃ ရက်၌ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အမှုဆောင်ဘုတ်အဖွဲ့က IOC ဥက္ကဋ္ဌဖြစ်သူ သောမတ်စ်ဘတ်ချ်၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းကို လက်ခံရန် သဘောတူညီခဲ့ကာ ယင်းသို့နုတ်ထွက်ခြင်းမှာ ဇွန် ၂၃ ရက် နောက်ပိုင်းတွင် စတင်အသက်ဝင်မည်ဟု သိရသည်။
IOC ဥက္ကဋ္ဌသစ်ထံ တာဝန်လွှဲပြောင်းမှုအား အိုလံပစ်နေ့အဖြစ်လည်း အသိအမှတ်ပြုထားသော အဆိုပါနေ့၌ပင် လုပ်ဆောင်မည်ဖြစ်ကာ ဥက္ကဋ္ဌသစ်အား ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်၌ ဂရိနိုင်ငံ ကော့စတာ နာဗာရီနိမြို့၌ ရွေးကောက်တင်မြှာက်သွားမည်ဟု သိရသည်။
…..
— ပရိသတ်များကို ဆွဲဆောင်နိုင်ခြင်းက ပရော်ဖက်ရှင်နယ်အဆင့် လိဂ်ပြိုင်ပွဲများ၏ ထိပ်တန်းဦးစားပေးဖြစ်ဟု JFA အကြီးအကဲဟောင်း ဆို
ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ်ဦးရေ တိုးပွားလာခြင်းက ထိပ်တန်း ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲများ၏ အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဥက္ကဋ္ဌဟောင်းဖြစ်သူ ဆာဘူရို ကာဝါဘူချီက ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး ပြုလုပ်စဉ်အတွင်း ပြောကြားခဲ့သည်။
“ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲတိုင်းရဲ့ အဓိကအကျဆုံးမစ်ရှင်ကတော့ အားကစားကွင်းထဲကို ပရိသတ်ဦးရေ များများပိုဝင်လာအောင် ဆွဲဆောင်ဖို့ပါပဲ” ဟု ဂျပန်ဘောလုံးလောကနှင့် ဘတ်စကက်ဘော လိဂ်ပြိုင်ပွဲ ပြုပြင်ပြောင်းလဲမှုများ၏ နောက်ကွယ်မှ ဗိသုကာတစ်ဦးဖြစ်သူ ကာဝါဘူချီက ပြောကြားခဲ့သည်။ (Xinhua)
……………………………..
(English Version)
Coaches in danger of sack, big games at top in La Liga’s matchday 26
The 26th round of La Liga this weekend could bring changes at the top of the table and put several coaches under pressure.
Las Palmas coach Diego Martinez could be the first to face the sack, as his team has slipped toward the relegation zone after six defeats in its last seven league games. Martinez needs a win away to Valladolid, a side looking increasingly doomed after last weekend’s 7-1 thrashing by Athletic Club.
Saturday features two crucial title-race clashes: Real Madrid visits Real Betis, while Atletico Madrid hosts Athletic Club.
Real Madrid has little time to recover from its Copa del Rey semifinal in San Sebastian on Wednesday night and will again be without the suspended Jude Bellingham. Madrid has been in excellent form, but Betis’s Benito Villamarin Stadium is a tough place to get a result.
Atletico faces Athletic at the Metropolitano Stadium, buoyed by its dramatic 4-4 Copa del Rey semifinal draw against Barcelona on Tuesday. Athletic remains unbeaten in 16 league matches but will be without top scorer Oihan Sancet due to injury.
On Sunday, FC Barcelona meets Real Sociedad at Montjuic, with squad rotations expected after midweek Copa del Rey matches. Robert Lewandowski is set to return to lead Barca’s attack, with Fermin Lopez also expected to start as coach Robert Flick looks to keep the league leaders fresh.
…..
World No. 1 Sinner’s Laureus nomination canceled due to doping ban
The Laureus World Sports Academy announced on Thursday that it is withdrawing the nomination of Italian tennis player Jannik Sinner for the 2025 Laureus World Sportsman of the Year Award. This decision follows a recent three-month suspension imposed by the World Anti-Doping Agency (WADA).
In an email to the nominations panel, the Academy explained that, despite the “extenuating circumstances” surrounding the case, the suspension made Sinner’s nomination ineligible. The full list of nominees for the 2025 Laureus World Sports Awards will be announced on March 3.
…..
Bach to resign as IOC member on June 23
The International Olympic Committee (IOC) Executive Board (EB) on Wednesday agreed to accept the resignation of IOC President Thomas Bach as an IOC member, effective after June 23, 2025.
The handover to the new IOC president will take place on the same day, which is also recognized as Olympic Day. The new president will be elected on March 20, 2025, in Costa Navarino, Greece.
…..
Attracting crowds top priority for professional leagues, says ex-JFA chief
Increasing live stadium attendance is the cornerstone of success for top-tier professional leagues, said Saburo Kawabuchi, former president of the Japan Football Association (JFA), in an exclusive interview with Xinhua.
“The foremost mission for any elite professional league is to draw more spectators to stadiums,” said Kawabuchi, the architect behind Japan’s football and basketball league reforms.