Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ၉ လတာကာလအတွင်း သဘာဝဘေးအန္တရာယ် ၁,၀၀၀ ကျော်ကြုံတွေ့ခဲ့ရ

မြန်မာနိုင်ငံ တောင်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံဖြစ်ပွားသောနေရာကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း သဘာဝဘေးအန္တရာယ် ၁,၂၃၇ ကြိမ် ကြုံတွေ့ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။
ယင်းပမာဏမှာ ၂၀၂၃ ခုနှစ် အလားတူကာလကဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ၁,၆၇၀ ကြိမ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက ဆင်ဟွာကို ပြောခဲ့သည်။
အဆိုပါ ကာလအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များမှာ ရေဘေး၊ လေပြင်းတိုက်ခတ်မှုဘေးနှင့် မီးဘေးတို့ ဖြစ်ပြီး ၎င်းတို့အနက် လေဘေးမှာ ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ယင်းကာလအတွင်း သဘာဝဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ကျပ် ၆.၈၉၃ ဘီလီယံကျော် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ တောင်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံဖြစ်ပွားသောနေရာ၌ သစ်သားလှေဖြင့် ကူးခတ်သွားလာနေသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Myanmar experiences over 1,000 natural disasters in 9 months
YANGON, Feb. 3 (Xinhua) — Myanmar experienced 1,237 natural disasters from April to December 2024, according to the Department of Disaster Management under the Ministry of Social Welfare, Relief and Resettlement on Monday.
This is a decrease from the 1,670 natural disasters recorded during the same period in 2023, Daw Lay Shwe Sin Oo, a director from the department told Xinhua.
The disasters included floods, strong winds, and fires, with wind-related disasters being the most common during this period.
In response to the disasters, the department provided over 6.893 billion kyats (approximately 3.28 million U.S. dollars) in aid.
Photo 1: This photo taken on July 29, 2024 shows a flooded area in Bago Region of southern Myanmar. (Xinhua/Myo Kyaw Soe)
Photo 2: People row a wooden boat on flood water in Bago Region of southern Myanmar, July 29, 2024. (Xinhua/Myo Kyaw Soe)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.