International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— စပိန်ဘုရင့်ဖလားတွင် အက်သလက်တီကိုမက်ဒရစ် ဆီမီးဖိုင်နယ်တက်ရောက်
ဖေဖော်ဝါရီ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ကွာတားဖိုင်နယ်ပွဲစဉ်တွင် အက်သလက်တီကိုက ဂီတာဖေးအား အိမ်ကွင်း၌ ၅-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဂူလီယာနို ဆီမြွန်နီက ပွဲချိန် ၇ မိနစ်တွင် ဂျာဗီဂါလန်၏ ဘယ်ခြမ်းမှ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် ဂီတာဖေးဂိုးသမား ဂျီရီ လီတာဆက်ခ်ကိုကျော်ကာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်၍လည်းကောင်း၊ ဟူလီယန် အယ်လ်ဗာရက်ဇ်နှင့် ရိုဒရီဂို ဒီပေါလ်တို့၏ လှပသေသပ်သော တွဲလုံးမှတစ်ဆင့် အဆုံးသတ်၍လည်းကောင်း အက်သလက်တီကိုအတွက် ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၄၂ မိနစ်တွင် ဆမ်မြူရယ် လီနိုက တတိယဂိုးသွင်းယူခဲ့သည်။
အက်သလက်တီကိုခံစစ်ကလည်း မာကျောမှုရှိခဲ့သလို အိန်ဂျယ် ကော်ရီယာက ပွဲချိန် ၇၈ မိနစ်တွင် ပင်နယ်တီဧရိယာအပြင်ဘက်မှ အပြင်းကန်သွင်းကာ အသင်းအတွက် စတုတ္ထဂိုးသွင်းယူခဲ့သလို ၈ မိနစ်အကြာတွင် ၎င်းနှင့် အလက်ဇန်းဒါး ဆော်လော့တို့၏ တွဲလုံးမှတစ်ဆင့် ဆော်လော့က ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— ချဲလ်ဆီးအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ်စ် အေစီမီလန်သို့ အငှားဖြင့်ပြောင်းရွှေ့
အီတလီစီးရီးအေ ထိပ်တန်းအသင်းတစ်သင်းဖြစ်သည့် အေစီမီလန်က ချဲလ်ဆီးအသင်းမှ ဂျာအိုဖီးလစ်စ်ကို အငှားဖြင့်ခေါ်ယူခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက်၌ အတည်ပြုခဲ့ပြီး အသင်း၏ တိုက်စစ်အစုအဖွဲ့အား ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်ခဲ့သည်။
Rossoneri (အေစီမီလန်အသင်း) အနေဖြင့် တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်မှုအဖြစ် မက္ကဆီကိုတိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်အား ဖီယင်နုအသင်းမှ ခေါ်ယူစာချုပ်ချုပ်ဆိုထားသလို အယ်လ်ဗာရို မိုရာတာနှင့် နိုအာ အိုကာဖော်တို့ကိုလည်း အငှားဖြင့်ခေါ်ယူထားပြီးဖြစ်သည်။ ပေါ်တူဂီတိုက်စစ်ကစားသမား ဖီးလစ်စ်မှာ ဇွန်လအထိ အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း အသင်းဘက်မှ တရားဝင်ထုတ်ပြန်ခဲ့သည်။
၁၉၉၉ ခုနှစ်ဖွား ဖီးလစ်စ်မှာ ပေါ်တူဂီပြည်တွင်းလိဂ်တွင် ခြေစွမ်းပြကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဘင်ဖီကာအသင်းမှ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ အက်သလက်တီကိုနှင့်အတူ စပိန်လာလီဂါဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့နောက် ဖီးလစ်စ်သည် ဘာစီလိုနာနှင့် ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ၎င်း၏ကစားသမားဘဝတွင် ပွဲပေါင်း ၂၅၉ ပွဲ ကစားခဲ့ကာ ၇၅ ဂိုး သွင်းယူခဲ့သည်။
…..
— ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် မန်စီးတီးက ပေါ်တိုကစားသမား နီကိုဂွန်ဇာလက်ဇ်အား ခေါ်ယူ
ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့၌ အကြီးမားဆုံး အပြောင်းအရွှေ့တစ်ခုအဖြစ် မန်ချက်စတာစီးတီးအသင်းက ဘာစီလိုနာအသင်း၏ လူငယ်ကြယ်ပွင့် ကစားသမားဟောင်းဖြစ်သူ နီကို ဂွန်ဇာလက်ဇ်အား ပေါ်တိုအသင်းထံမှ ယူရိုသန်း ၆၀ (အမေရိကန်ဒေါ်လာ ၆၂ သန်း) ဖြင့် ခေါ်ယူခဲ့ပြီး စာချုပ်သက်တမ်းမှာ လေးနှစ်ခွဲဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ မန်စီးတီးအသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်၌ ခြေလှမ်းအသွက်ဆုံးဖြစ်ခဲ့ပြီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ်အား ဖရန့်ဖွတ်အသင်းထံမှလည်းကောင်း၊ ခံစစ်ကစားသမားများဖြစ်သည့် ဗစ်တာဟေးစ်နှင့် အက်ဘ်ဒူကိုဒီယာ ခူဆာနော့ဗ်တို့အား ပါလ်မီးရက်စ်နှင့် လန်းစ်အသင်းထံမှလည်းကောင်း အသီးသီးခေါ်ယူထားပြီးဖြစ်ရာ ယခုအပြောင်းအရွှေ့ဈေးကွက်၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၄ သန်းဝန်းကျင် အသုံးပြုခဲ့သည်။
…..
— အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ ရေခဲပြင်ဟော်ကီပြိုင်ပွဲတွင် တရုတ်အသင်းက တောင်ကိုရီးယားအသင်းအား အချိန်ပို၌ ရှုံးနိမ့်
ဖေဖော်ဝါရီ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ အမျိုးသား ရေခဲပြင်ဟော်ကီပြိုင်ပွဲ အုပ်စု-A အဖွင့်ပွဲစဉ်တွင် တရုတ်အသင်းက တောင်ကိုရီးယားအသင်းအား အချိန်ပို၌ ၅-၆ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
“တောင်ကိုရီးယားက ပိုပြီးအင်အားတောင့်တင်းတဲ့ အသင်းပါ။ ပြီးတော့ ကျွန်တော်တို့ ဒီနေ့ပွဲမှာ အမှားတွေ ပိုလုပ်မိခဲ့တယ်။ ကျွန်တော်တို့ကစားသမားတွေက ငယ်ရွယ်ကြသလို နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံလည်း နည်းကြတယ်။ ဘာပဲဖြစ်ဖြစ် နောက်ပွဲစဉ်မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး ဆုတံဆိပ်ရဖို့ ကြိုးစားသွားမှာပါ” ဟု အသင်းခေါင်းဆောင် ကျန်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………………….
(English Version)
Atletico Madrid cruises into semifinals of Copa del Rey
Atletico Madrid cruised into the semifinals of the Copa del Rey on Tuesday with a comfortable 5-0 win at home to Getafe.
Giuliano Simeone scored Atletico’s first two goals, planting a free header past goalkeeper Jiri Letacek after just seven minutes on a Javi Galan cross from the left. He then finished a fine move involving Julian Alvarez and Rodrigo De Paul to double Atletico’s lead, and Samuel Lino made it 3-0 in the 42nd minute.
With the Atletico defense looking solid, Angel Correa drilled in Atletico’s fourth of the game from outside the penalty area in the 78th minute, and he then combined with Alexander Sorloth who made it 5-0 eight minutes later.
…..
Portuguese striker Felix joins AC Milan on loan from Chelsea
Italian Serie A giant AC Milan added another striker to its attacking squad as it confirmed the loan move of Joao Felix Sequeira from Chelsea on Tuesday.
The Rossoneri had already revamped its forward-line by signing Mexican striker Santiago Gimenez from Feyenoord and loaning out Alvaro Morata and Noah Okafor. According to the official statement, the Portuguese attacker has signed a contract with the club until June.
Born in 1999, Felix developed as a player in his home country before moving to Atletico Madrid from Benfica in 2019, with whom he won La Liga, after which he wore the shirts of Barcelona and Chelsea. To date, Felix has scored 75 goals in 259 appearances through his career.
…..
Man City closes deadline day in Premier League with Gonzalez signing from Porto
One of the biggest transfers in the Premier League on deadline day was also one of the biggest as Manchester City signed former FC Barcelona youngster Nico Gonzalez on a four and a half year contract from Porto for 60 million euros (62 million US dollars).
The move means Manchester City have been by far the biggest movers in the transfer market after also signing forward Omar Marmoush from Eintracht Frankfurt, along with defenders Vitor Reis and Abdukodir Khusanov from Palmeiras and Lens, taking the club’s total spend to around 214 million US dollars.
…..
China loses to S. Korea in overtime at Asian Winter Games ice hockey
China lost its opening match 6-5 to South Korea in overtime in the men’s ice hockey Group A match at the Harbin Asian Winter Games on Tuesday.
“South Korea is a stronger team, and we made more mistakes today. Our players are young and have limited experience at international competitions,” said China’s captain Zhang. “Anyway, we will do our best in the following match, striving to win a medal.”