Africa & Middle East
အားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်လာရေးအတွက် ဆီးရီးယား အတိုက်အခံခေါင်းဆောင် တိုက်တွန်း
ဆီးရီးယားနိုင်ငံ၌ မကြာမီပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲသည် ဆီးရီးယားပြည်သူ အားလုံးနှင့် နယ်ပယ်အသီးသီးကို ကိုယ်စားပြုကာ လူထု၏ မျှော်လင့်ချက်များနှင့် ကိုက်ညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ အကြီးအကဲဖြစ်သူ ဟာဒီ အယ်လ်-ဘာရာက ဇန်နဝါရီ ၄ ရက်၌ ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲနှင့် စပ်လျဥ်း၍ အသေးစိတ် အစီအစဥ်များ မရှိသေးသည့်တိုင် အဓိပ္ပာယ်ပြည့်ဝသော ရလဒ်များ ထွက်ပေါ်လာရေးအတွက် အချိန်လုံလုံလောက်လောက် သတ်မှတ်ထားသင့်ကြောင်းလည်း အယ်လ်-ဘာရာက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………………………………………………………………..
(English Version)
Syrian opposition leader urges inclusive national dialogue
Hadi al-Bahra, head of the Syrian National Coalition, told Xinhua on Saturday he hopes an upcoming national dialogue conference in Syria will meet public expectations by representing “all spectrums and components of the Syrian people.”
While there are still no detailed plans for the conference, it should be allocated “enough time to produce meaningful outcomes,” al-Bahra said. #XinhuaNews