International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/1-2-scaled.jpg)
— ရီးရဲလ်မက်ဒရစ်က လူငယ်ကစားသမား ဂါစီယာ၏ နောက်ကျအနိုင်ဂိုးဖြင့် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်
ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ပြိုင်ပွဲတွင် လူငယ်ကစားသမား ဂွန်ဇာလို ဂါစီယာ၏ နာကျင်အချိန်ပိုသွင်းဂိုးဖြင့် ရီးရဲလ်မက်ဒရစ်က လီဂါနက်စ်အား အဝေးကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
လီဂါနက်စ်အသင်းက ၂ ဂိုးရှုံးနိမ့်နေရာမှ ချေပဂိုးများ ပြန်လည်သွင်းယူခဲ့သဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရဖွယ် ရှိခဲ့သော်လည်း နာကျင်အချိန်ပို ၉၃ မိနစ်တွင် အသက် ၂၀ အရွယ် ဂါစီယာက ဘရာဟင် ဒီယက်ဇ်၏ ဖြတ်တင်ဘောအား ဂိုး၏အနီးတိုင်ဆီသို့ ခေါင်းတိုက်၍ ရီးရဲလ်အတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
ယခုသီတင်းပတ်ကုန်တွင် အရေးကြီး မက်ဒရစ်ဒါဘီပွဲစဉ်ရှိသလို လာမည့်သီတင်းပတ်တွင်လည်း မန်ချက်စတာစီးတီးနှင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် playoff ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ရီးရဲလ်နည်းပြ အန်ဆလော့တီက ဒဏ်ရာပြဿနာများကို ရှောင်လွှဲရန် ပွဲထွက်လူစာရင်းအား အပြောင်းအလဲ အများအပြားပြုလုပ်ခဲ့သည်။
…..
— ဂျာမန်ဖလားပြိုင်ပွဲတွင် လေဗာကူဆင်က ကိုလုံးအား အကြိတ်အနယ်ကစားပြီးနောက် ၃-၂ ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ရောက်
ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဖလားပြိုင်ပွဲတွင် လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းက ကစားရခက်ခဲသည့် ဒုတိယတန်းကလပ် ကိုလုံးအား ဦးဆောင်ဂိုးနှစ်ဂိုး ပေးခဲ့ရသော်လည်း အချိန်ပိုတွင် ၃-၂ ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဖေဖော်ဝါရီ ၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် စတုဂတ်နှင့် အော့ဘတ်အသင်း၏ ပွဲစဉ်တွင်မူ စတုဂတ်က ဒန်းနစ် အွန်ဒက်ဗ်၏ သွင်းဂိုးနှင့်အတူ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— ပီအက်စ်ဗီက မန်ချက်စတာယူနိုက်တက် နောက်ခံလူ မာလာစီယာအား အငှားဖြင့်ခေါ်ယူ
နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းက မန်ချက်စတာယူနိုက်တက် နောက်ခံလူ တိုင်ရယ်လ် မာလာစီယာအား ရာသီကုန်အထိ အငှားဖြင့်ခေါ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက် ညပိုင်းတွင် ၎င်းကလပ်အသင်း နှစ်သင်းလုံးက ကြေညာခဲ့သည်။
နယ်သာလန် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့၊ နောက်ဆုံးနာရီ၌ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကာ ပီအက်စ်ဗီက အဆိုပါ အသက် ၂၅ နှစ်အရွယ် ဘယ်နောက်ခံလူအား အပြီးသတ်ဝယ်ယူခွင့် ပါဝင်ကြောင်း သိရသည်။ နယ်သာလန်အသင်းအတွက် ၉ ပွဲ ပါဝင်ကစားခဲ့သည့် မာလာစီယာအနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ပြီးမှ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။
…..
— အာရှဆောင်းရာသီ အားကစားပြိုင်ပွဲက ယဉ်ကျေးမှုဖလှယ်ရေးအတွက် ပေါင်းကူးတံတားတစ်စင်းဖြစ်ဟု ထိုင်းအိုလံပစ်ကော်မတီ တာဝန်ရှိသူ ပြောကြား
ဟားအယ်ပင်းမြို့တွင် မကြာမီကျင်းပမည့် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲသည် အာရှတိုက်တစ်လွှား ယဉ်ကျေးမှု ဖလှယ်ရေးအတွက် ခိုင်မာသော ပေါင်းကူးတံတားတစ်စင်းအဖြစ် ပေါ်ထွန်းလာခဲ့ပြီး နယ်နိမိတ်များကို ကျော်လွန်လျက် ကမ္ဘာသုံး ဘာသာစကားတစ်ရပ်အဖြစ်လည်း အကျိုးပြုလျက်ရှိသည်ဟု ထိုင်းအိုလံပစ်ကော်မတီ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အားကစားဆိုသည်မှာ နိုင်ငံအချင်းချင်း၊ ဒေသအချင်းချင်း ယဉ်ကျေးမှုဆိုင်ရာ ပေါင်းကူးဆက်သွယ်မှုများကို မြှင့်တင်ရာ၌ အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ထိုင်းအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဆူပီတာ ဆာမာဟီတိုက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
Youngster Garcia fuels Real Madrid into Copa del Rey semis
An injury-time goal from youngster Gonzalo Garcia put Real Madrid into the semifinals of the Copa del Rey with a 3-2 win away to Leganes on Wednesday.
20-year-old Garcia nodded home Brahim Diaz’s cross to the near post in the 93rd minute to give Madrid a win after Leganes had fought back from 0-2 down and appeared to take the game to extra time.
With a vital Madrid derby in La Liga this weekend and a UEFA Champions League playoff against Manchester City next week, Real Madrid coach Carlo Ancelotti made a host of changes to his side to avoid any more injuries.
…..
Leverkusen rallies past Cologne to advance into German Cup semifinals
Defending champions Bayer Leverkusen came from two goals down to beat stubborn second-division Cologne 3-2 in extra time to book its semifinal spot in the German Cup on Wednesday.
Also on Tuesday, Stuttgart saw off Augsburg 1-0 thanks to Deniz Undav’s winner
…..
PSV, Man Utd complete Malacia loan deal
PSV Eindhoven and Manchester United struck a loan deal for Tyrell Malacia until the end of the season, both clubs announced late on Tuesday night.
The deal, which was reached in the final hour of deadline day of the Dutch winter transfer window, included a buy option for PSV on the 25-year-old left-back. The nine-time capped Dutch international seemed on his way to Portuguese club Benfica last week, but that transfer collapsed.
…..
Thai Olympic official: Asian Winter Games a bridge for culture exchange
The upcoming Asian Winter Games in Harbin have emerged as a powerful bridge for culture exchange across Asia, serving as a universal language that transcends borders, a senior Thai Olympic Committee official said.
Dr. Supitr Samahito, vice president of the Thai Olympic Committee, told Xinhua in an interview that sports play a vital role in fostering cultural connections between countries and regions.