Environment, Disasters & Accidents
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုအတွင်း ပိတ်မိနေသူများအတွက် အစွမ်းကုန် ကယ်ဆယ်ရေးလုပ်ဆောင်ရန် သမ္မတရှီ ညွှန်ကြား
![](https://xinhuamyanmar.com/wp-content/uploads/2025/02/9j1.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် ဖေဖော်ဝါရီ ၈ ရက်၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၀ လုံး မြေဖုံးလွှမ်းခံခဲ့ရပြီး လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိသဖြင့် ထိခိုက်သေဆုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရေးအတွက် ရှာဖွေကယ်ဆယ်မှုများကို အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ညွှန်ကြားခဲ့သည်။
Yibin မြို့ Junlian ခရိုင် ကျင့်ဖိန် ကျေးရွာတွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်၌ မြေပြိုမှု ဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
![](https://xinhuamyanmar.com/wp-content/uploads/2025/02/9j2.jpg)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် Yibin မြို့ Junlian ခရိုင် ကျင့်ဖိန်ကျေးရွာတွင် ရွာခံသက်ကြီးရွယ်အိုတစ်ဦးအား ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရှီက နောက်ဆက်တွဲအခြေအနေကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းသွားရန် တိုက်တွန်းခဲ့သည်။ ထို့အတူ စောင့်ကြည့်လေ့လာခြင်းနှင့် ကြိုတင်သတိပေးခြင်းတို့ကို အခိုင်အမာလုပ်ဆောင်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို သိပ္ပံနည်းကျဆောင်ရွက်ရေး၊ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားအောင် တားဆီးရေးအတွက်လည်း ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/01M
…………………………………………………………………………….
(English Version)
Xi orders all-out rescue of people buried in SW China landslide
BEIJING, Feb. 8 (Xinhua) — Chinese President Xi Jinping ordered all-out search and rescue efforts to minimize casualties after a landslide buried 10 houses and left over 30 people unaccounted for in southwest China’s Sichuan Province on Saturday.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the instruction after the landslide struck Jinping Village, Junlian County in the city of Yibin at about 11:50 a.m.
Xi urged efforts to properly handle the aftermath. He stressed strengthening monitoring and early warning, ensuring the rescue work is carried out scientifically, and preventing the occurrence of secondary disasters. xhtxs.cn/01M
English Caption
Rescuers help a senior villager evacuate in Jinping Village, Junlian County in the city of Yibin, southwest China’s Sichuan Province, Feb. 8, 2025. (Photo by Yang Chao/Xinhua)