International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/9h1-scaled.jpg)
— ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်နှင့် အက်သလက်တီကိုတို့၏ မက်ဒရစ်ဒါဘီတွင် သရေရလဒ်ထွက်ပေါ်
ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ် အသင်းတို့၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မက်ဒရစ်ဒါဘီပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ရာ ရီးရဲလ်အသင်းက မြို့ခံပြိုင်ဘက်အား တစ်မှတ်အသာဖြင့် လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။
အက်သလက်တီကိုက ပွဲကစားချိန် ၃၅ မိနစ်တွင် ဟူလီယန် အယ်လ်ဗာရက်စ်၏ အငြင်းပွားဖွယ် ပင်နယ်တီသွင်းဂိုးဖြင့် ပထမပိုင်းတွင် ဦးဆောင်ထားသော်လည်း ဒုတိယပိုင်း ပြန်လည်စတင်ပြီး ငါးမိနစ်အကြာတွင် ကီလီယန် အမ်ဘာပေက ရီးရဲလ်အတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ရီးရဲလ်အနေဖြင့် ယခုဘောလုံးရာသီတွင် ပထမဆုံးအကြိမ် ပင်နယ်တီပေးခဲ့ရခြင်းဖြစ်သည်။
ရီးရဲလ်အသင်းက အနိုင်ဂိုးသွင်းယူနိုင်ရန် တိုက်စစ်အရှိန်မြှင့်ခဲ့ပြီး ပွဲချိန်နှောင်းပိုင်းတွင် အပြင်းအထန် ဖိအားပေးကစားခဲ့သော်လည်း အက်သလက်တီကို ခံစစ်နှင့် ဂိုးသမား ဂျန်အော့ဘလက်ခ်တို့က ကြံ့ကြံ့ခံ တုံ့ပြန်ကစားနိုင်ခဲ့သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် စတုဂတ် အဆင့်-၄ သို့ ရောက်ရှိလာ၊ သရေရလဒ်ကြောင့် လေဗာကူဆင်၏ ချန်ပီယံမျှော်လင့်ချက်များ ထိခိုက်ခဲ့ရ
ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်- ၂၁ တွင် စတုဂတ်က နည်းပြသစ် နီကို ကိုဗက် ပွဲဦးထွက်ကိုင်တွယ်သည့် ဒေ့ါမွန်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံ လေဗာကူဆင်ကမူ ဝုဖ်ဘတ်နှင့် ဂိုးမရှိသရေကျခဲ့သည်။
၎င်းရလဒ်ကြောင့် စတုဂတ်က ဘွန်ဒက်စ်လီဂါ ထိပ်ဆုံးလေးသင်းထဲတွင် ပါဝင်လာခဲ့သော်လည်း ဒေ့ါမွန်မှာ ယခုဘောလုံးရာသီတွင် ရှစ်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး အဆင့်-၁၁ ၌ ဆက်လက်ရပ်တည်နေသည်။
ဖေဖော်ဝါရီ ၈ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်တစ်ပွဲတွင်မူ ဒုတိယနေရာမှ လေဗာကူဆင်က ဝုဖ်ဘတ်နှင့် ဂိုးမရှိသရေကျခဲ့သဖြင့် နည်းပြ ဇာဗီအလွန်ဆို၏ အသင်းမှာ အမှတ်ပေးဇယားဦးဆောင်သူ ဘိုင်ယန်နှင့် ၉ မှတ် ကွာဟသွားပြီဖြစ်သည်။
…..
— အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ အမျိုးသား ရေခဲပြင်ဟော်ကီပြိုင်ပွဲတွင် တရုတ်အသင်းက
တရုတ် (တိုင်ပေ) အသင်းအား ပြတ်ပြတ်သားသား အနိုင်ရရှိ
ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၅ ခုနှစ် ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ၏ အမျိုးသား ရေခဲပြင်ဟော်ကီပြိုင်ပွဲ အုပ်စု-A တွင် တရုတ်အသင်းက တရုတ် (တိုင်ပေ) အား ၅-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဒုတိယမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။
တရုတ်အသင်းမှ Hou Yuyang က ပွဲစပြီး ၅၆ စက္ကန့်အကြာတွင် အဖွင့်ဂိုးသွင်းယူခဲ့သလို Yu Jilong ၊ Zhang Zesen နှင့် Yan Juncheng တို့ကလည်း တစ်ဂိုးစီ ထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် တရုတ်သင်းက ဂိုးပေါက်တည့်မှု အကြိမ် ၂၀ ရှိသော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိပေ။ ပွဲချိန် ၅၁ မိနစ်တွင် Wang Jing က ပဉ္စမဂိုးသွင်းယူခဲ့ရာ တရုတ်အသင်းက ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ တရုတ်အသင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်၌ ယှဉ်ပြိုင်မည့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
…..
— အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ အမျိုးသမီး မီတာ ၃,၀၀၀ လက်ဆင့်ကမ်း တာတိုအမြန်စကိတ်စီး ပြိုင်ပွဲတွင် တရုတ်အသင်း ရွှေတံဆိပ် ဆွတ်ခူး
ဖေဖော်ဝါရီ ၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ အမျိုးသမီး မီတာ ၃,၀၀၀ လက်ဆင့်ကမ်း တာတိုအမြန်စကိတ်စီးပြိုင်ပွဲတွင် တရုတ်အသင်းက ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
တရုတ်အသင်းမှ အမျိုးသမီး စကိတ်စီးကစားသမားများဖြစ်သည့် Fan Kexin ၊ Gong Li ၊ Zhang Chutong နှင့် Wang Xinran တို့မှာ အချိန် ၄ မိနစ် ၁၁.၃၇၁ စက္ကန့်ဖြင့် ပထမဆု ရရှိခဲ့ကာ ကာဇက်စတန်အသင်းက ၄ မိနစ် ၁၃.၄၉၈ စက္ကန့်ဖြင့် ဒုတိယရရှိခဲ့ပြီး ဂျပန်အသင်းမှာမူ ကြေးတံဆိပ် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/9h7-1024x750.jpg)
…………………………………………….
(English Version)
Atletico Madrid holds on for Bernabeu draw
Real Madrid and Atletico Madrid drew 1-1 in the Santiago Bernabeu Stadium on Saturday night in a thrilling game that leaves Real with a 1-point lead over its neighbor at the top of La Liga.
Julian Alvarez put Atletico ahead in the first half after a controversial penalty, with Kylian Mbappe pulling Real level five minutes into the second half. It was the first penalty given against Real Madrid this season.
Real pushed for a winning goal, but Atletico’s defense and goalkeeper Jan Oblak stood firm in the closing minutes as Real pressed hard.
…..
Stuttgart secures top-four spot, Leverkusen’s title hopes take a hit
Stuttgart spoiled Niko Kovac’s debut in charge of Dortmund as the Swabians ran out 2-1 winners, while defending champion Bayer Leverkusen was held to a goalless draw by Wolfsburg at the 21st round on Saturday.
The result sees Stuttgart move into the Bundesliga’s top four, while BVB remains in 11th place after suffering its eighth defeat of the season.
In Saturday’s other matches, second-placed Bayer Leverkusen is now nine points adrift of leader Bayern Munich after Xabi Alonso’s side was held to a goalless stalemate by the Wolves.
…..
China dominates Chinese Taipei 5-0 in men’s ice hockey at Asian Winter Games
China secured their second victory in the men’s ice hockey Group A match at the 2025 Harbin Asian Winter Games with a 5-0 win over the Chinese Taipei on Saturday.
China’s Hou Yuyang opened the scoreline just 56 seconds into the match, while Yu Jilong, Zhang Zesen and Yan Juncheng each netted a goal to extend the host’s lead. Despite firing 20 shots on goal, China was unable to score in the second period. Wang Jing contributed the fifth goal for China in the 51st minute to seal the lop-sided victory. China will take on Japan in their final group-stage match on Monday.
…..
China wins short track speed skating women’s 3,000m relay at Asian Winter Games
China claimed the gold medal in the short track speed skating women’s 3,000m relay at the Harbin Asian Winter Games here on Sunday.
The Chinese quartet of Fan Kexin, Gong Li, Zhang Chutong and Wang Xinran finished first in four minutes and 11.371 seconds. Kazakhstan took a silver in 4:13.498, while the bronze went to Japan.