Sport
ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲက အာရှတစ်လွှား၌ မျှော်လင့်ချက်နှင့် ချစ်ခြင်းမေတ္တာတို့ကို သက်ဝင်နိုးကြွစေ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/9i1.jpg)
၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲကို တရားဝင် စတင်ဖွင့်လှစ်ခဲ့ချိန်၌ အာရှတိုက်တစ်လွှားနှင့် အခြားနေရာဒေသများအထိ စည်းလုံးညီညွတ်မှု မြှင့်တင်ရေး၊ ဘုံသာယာဝပြောမှုအတွက် ပံ့ပိုးတွန်းအားပေးရေး၊ ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းရေးတို့အတွက် ထိုအားကစားပြိုင်ပွဲအပေါ် ၌ မျှော်လင့်တောင့်တမှုများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။
ယင်းအားကစားပြိုင်ပွဲအား ဖေဖော်ဝါရီ ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ နိုင်ငံနှင့် ဒေသအသီးသီးမှ အားကစားသမားများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းထောက်များနှင့် ခရီးသွားများက တရုတ်နိုင်ငံ၏ ရေခဲမြို့တော် ဟားအယ်ပင်းသို့ ရောက်ရှိလာခဲ့သည်။ ယင်းသို့ ပါဝင်ဆင်နွှဲသူများနှင့် စကားစမြည် ပြောဆိုခြင်းက အာရှတစ်လွှား၌ ဆောင်းရာသီ အားကစားများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခြင်းကို မြင်သာထင်သာရှိစေသည်။
အာရှတိုက်အနေဖြင့် အားကစားကို အသုံးချ၍ ယဉ်ကျေးမှုဆိုင်ရာ သိမြင်နားလည်မှု တိုးမြှင့်ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာနက်ရှိုင်းစေရေး၊ အာရှ၏ ပိုမိုတောက်ပသော အနာဂတ်အတွက် အားဖြည့်ပံ့ပိုးရေးတို့အတွက် ဆက်လက်ကြိုးပမ်းသင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/01y
…………………………………………………………………………
(English Version)
Harbin Asian Winter Games ignites dream, love across Asia
As the 9th Asian Winter Games began their first official day of competition, anticipation soared for the event to foster unity, drive shared prosperity and deepen friendships across Asia and beyond.
Running from Feb. 7 to 14, the Games has drawn athletes, officials, journalists and tourists from various countries and regions to China’s “Ice City” Harbin. Conversations with these participants highlight the growing appeal of winter sports across Asia.
They said the region should continue leveraging sports to enhance cultural understanding, deepen regional cooperation and contribute to a brighter future for Asia. xhtxs.cn/01y
English Caption
Su Shuaibing of China competes during the Men’s Freestyle Skiing Halfpipe finals the 9th Asian Winter Games in Yabuli, northeast China’s Heilongjiang Province, Feb. 8, 2025. (Xinhua/Xia Yifang)