Europe
ဥရောပအနေဖြင့် ကာကွယ်ရေးအတွက် မိမိကိုယ်ကို ပိုမိုအားကိုးရမည်ဟု စပိန်ဝန်ကြီးချုပ် တိုက်တွန်း

မက်ဒရစ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ဥရောပအနေဖြင့် ကာကွယ်ရေးအတွက် မိမိကိုယ်ကို ပိုမိုအားကိုးရန် လိုအပ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က မတ် ၉ ရက်၌ ထပ်လောင်းပြောကြားခဲ့ပြီး ပထဝီဝင်နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုများကြား ဥရောပ၏ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားနှင့် ပတ်သက်၍လည်း ၎င်းက အလေးထားပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် အမေရိကန်သမ္မတ ဖြစ်လာပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာလာသည့်အတွက် ဥရောပအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် တာဝန်ယူကြရန် အရေးတကြီး လိုအပ်နေသည်ဟု စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်တီယာဂို ဒီကွန်ပိုစတယ်လာမြို့၌ ပြုလုပ်သည့် ဆိုရှယ်လစ်ပါတီ အစည်းအဝေးတွင် ဆန်းချက်ဇ်က ပြောကြားခဲ့သည်။
“မျက်မြင်အခြေအနေအရဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုအားကိုးပြီး တခြားသူတွေအပေါ် မှီခိုနေတာကို လျှော့ချတာက ပိုပြီးသင့်လျော်ပါလိမ့်မယ်” ဟု ဆန်းချက်ဇ်က ဆိုသည်။ စပိန်အနေဖြင့် ကာကွယ်ရေးအတွက် ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်း သုံးစွဲရန် ကတိကဝတ်ပြုထားသည့်အတိုင်း အရှိန်မြှင့်လုပ်ဆောင်သွားမည့် အစီအစဉ်များကို ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် ၎င်း၏ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)
…………………………………………………………………………….
(English Version)
Spanish PM Sanchez urges greater European self-reliance in defense
MADRID, March 9 (Xinhua) — Spanish Prime Minister Pedro Sanchez on Sunday reiterated the need for European to enhance its self-reliance in defense, emphasizing the continent’s security interest amid shifting geopolitical dynamics.
Speaking at a Socialist Party meeting in Santiago de Compostela, north-west Spain, Sanchez underscored the urgency for Europe to take greater responsibility for its own security in light of strained relations with the United States following Donald Trump’s return to the U.S. presidency.
“From what we have seen, it’s better that we depend a bit more on ourselves and a bit less on others,” Sanchez stated. His remarks came days after announcing plans to accelerate the country’s commitment to spending 2 percent of its gross domestic product on defense.
English Caption
Spanish Prime Minister Pedro Sanchez speaks at an event in Barcelona, Spain, on Oct. 14, 2024. (La Moncloa/Handout via Xinhua)