Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၁၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ်တွင် ဘာစီလိုနာက ဘင်ဖီကာကို အနိုင်ယူ၍ ကွာတားဖိုင်နယ် တက်ရောက်
မတ် ၁၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘာစီလိုနာက ဘင်ဖီကာကို ၃-၁ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ရရှိခဲ့ရာ နှစ်ကျော့ပေါင်း ၄-၁ ဂိုးရလဒ်ဖြင့် ကွာတားဖိုင်နယ်သို့ အစောဆုံး တက်ရောက်ခွင့်ရရှိခဲ့သည်။
ပေါက်ကွဲအားအပြည့်နှင့် အရှိန်မြှင့်ကစားခဲ့သည့် ပထမပိုင်းတွင် လာမင်း ယမားလ် အထူးခြေစွမ်းပြခဲ့ပြီး သွင်းဂိုးတစ်ဂိုး သွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့သည်။ ရာဖင်ညာကလည်း မတ် ၈ ရက်က ကွယ်လွန်သွားသည့် အသင်းဆရာဝန် ကားလက်စ် မင်နာရိုအတွက် အောက်မေ့ဂုဏ်ပြုပွဲဟု ဆိုနိုင်သည့် အဆိုပါပွဲစဉ်တွင် ၎င်း၏ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့သည်။
ဘင်ဖီကာဂိုးသမား အနာတိုလီ ထရူဘင်က အလီဟန်ဒရို ဘာလ်ဒေ၏ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သော်လည်း ပွဲချိန် ၉ မိနစ်တွင် ရာဖင်ညာက ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။
သို့သော် နှစ်မိနစ်အကြာတွင် လူကပ်ခံထားရခြင်းမရှိသည့် နစ်ကိုးလပ်စ် အော့တာမန်ဒီက ‌ခေါင်းတိုက်၍ အိမ်ရှင်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။
ထို့နောက် ပွဲမှာ သူတင်ကိုယ်တင် တိုက်စစ်ဖွင့်ကစားလာသဖြင့် ဘာစီလိုနာအဖို့ တန်ပြန်တိုက်စစ်ဆင်ရာ၌ နေရာလွတ်များ ပိုမိုရှာဖွေနိုင်ခဲ့သည်။ ထို့နောက် ယမားလ်က တစ်ကိုယ်တော်အစွမ်းပြ၍ အတွင်းသို့ချိုးဝင်ကာ ဘယ်ခြေဖြင့် လှလှပပ ဝေ့ဝိုက်ကန်သွင်းမှုကို ဘင်ဖီကာဂိုးသမား ထရူဘင် ကာကွယ်နိုင်ခဲ့ခြင်းမရှိပေ။
ပွဲချိန် ၄၂ မိနစ်တွင် ဘာလ်ဒေ ခံစစ်ဇုန်မှ တောက်လျှောက်ဆွဲပြေးကာ ဖန်တီးပေးမှုကို ရာဖင်ညာက တစ်ချက်ထိန်း၍ အနိမ့်ကန်သွင်းကာ တတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
…..
— နွေရာသီတွင် ကစားသမားများ ထွက်ခွာမှုအတွက် တံခါးဖွင့်ထားဟု မန်ချက်စတာယူနိုက်တက် ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ် ဆို
မန်ချက်စတာယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင်ဖြစ်သူ ဆာဂျင်မ်ရက်ကလစ်ဖ်က အသင်းရှိ ကစားသမားအချို့မှာ လုံလောက်သည့် ခြေစွမ်းမျိုးမရှိကြောင်း၊ အိုးလ်ထရက်ဖို့ဒ်၌ ဝန်ထမ်းအင်အား အကြီးအကျယ် လျှော့ချမှုများ ပြုလုပ်ပြီးနောက် နွေရာသီတွင် အသင်း၌မလိုအပ်သော ကစားသမားများကို ရှင်းထုတ်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
ရက်ကလစ်ဖ်မှာ ယူနိုက်တက်၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားပြီး ၎င်း၏ INEOS ကုမ္ပဏီက အသင်း၏ အားကစားဆိုင်ရာ လည်ပတ်မှုများကို စီမံခန့်ခွဲနေခြင်းဖြစ်သည်။
လက်ရှိနည်းပြဖြစ်သူ အာမော်ရင်မ်အား ထောက်ခံပြီး ၎င်းအနေဖြင့် လာမည့်ရာသီတွင် အိုးလ်ထရက်ဖို့ဒ်၌ ဆက်ရှိနေမည်ဖြစ်ကြောင်း၊ သို့သော် ကစားသမားအချို့ အသင်းမှထွက်ခွာမှုအတွက် တံခါးဖွင့်ထားကြောင်း အ‌ကြောင်းအရာ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်သော အင်တာဗျူးတစ်ခု၌ ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။
“တချို့ကစားသမားတွေရဲ့ ခြေစွမ်းက လုံလောက်မှုမရှိသလို တချို့ကတော့ လစာများလွန်းနေပုံပါပဲ။ ဒါပေမဲ့ အသင်းလူစာရင်းကို ပြန်ပြီးပုံသွင်းဖို့ ကျွန်တော်တို့မှာ အပြည့်အဝတာဝန်ရှိသလို တာဝန်ခံမှုလည်းရှိပြီး အဲဒီအတွက် အချိန်ယူရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
…..
— ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်က လေဗာကူဆင်ကို သက်သောင့်သက်သာ အနိုင်ယူ၍ ကွာတားဖိုင်နယ် တက်ရောက်
မတ် ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်က လေဗာကူဆင်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၀ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ပထမအကျော့တွင် ၃ ဂိုးပြတ် အရေးနိမ့်ထားသော လေဗာကူဆင်အဖို့ အားထားရသည့် ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဝေါ့ဇ် ပါဝင်နိုင်ခြင်း မရှိခြင်းက အသင်းအတွက် နောက်ထပ်ထိုးနှက်ချက် ဖြစ်လာခဲ့သည်။ ဘိုင်ယန်က ပွဲကိုစောစောစီးစီး ထိန်းချုပ်ထားခဲ့ခြင်းကလည်း လေဗာကူဆင်၏ အရှိန်မြှင့်တင်ရန် ကြိုးပမ်းမှုများကို ရပ်တန့်စေခဲ့သည်။
…..
— IBA အမျိုးသမီး ကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲတွင် တရုတ်လက်ဝှေ့အားကစားမယ်များ ဆက်လက်အောင်ပွဲခံ
ဆားဘီးယားနိုင်ငံ နစ်စ်မြို့ရှိ Cair အားကစားခန်းမတွင် မတ် ၁၁ ရက်၌ ကျင်းပခဲ့သည့် IBA အမျိုးသမီး ကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ နိုင်ငံအဆင့်ချန်ပီယံ လက်ဝှေ့အားကစားမယ်များဖြစ်သည့် Hu Meiyi နှင့် Wang Xiaomeng တို့ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
လိုက်ဖလိုင်းဝိတ်တန်း (၄၈-၅၀ ကီလို) တွင် Hu က အိုင်ယာလန်မှ ဒိုင်နာမာရီ မိုးရ်ဟောက်စ်ကို ၄-၁ မှတ်ဖြင့် အနိုင်ရရှိခဲ့သလို လိုက်ဟဲဗီးဝိတ်တန်း (၇၅-၈၁ ကီလို) တွင်လည်း Wang က ကာဇက်စတန်မှ ဂူလ်ဆာယာ ယာဇန်ကို ၅-၀ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။

(250312) — NIS, March 12, 2025 (Xinhua) — Wang Xiaomeng (L) of China reacts after winning the elite women 75-81Kg light heavy category match against Gulsaya Yerzhan of Kazakhstan at the IBA Women’s World Boxing Championships in Nis, Serbia, on March 11, 2025. (Photo by Predrag Milosavljevic/Xinhua)

……………………
(English Version)
Barca books quarterfinal place in Champions League
FC Barcelona became the first team to book a place in the quarterfinals of the Champions League with a 3-1 home victory over Benfica on Tuesday night, securing a 4-1 aggregate triumph.
Lamine Yamal was the star in a high-octane first half, contributing an assist and a goal. Raphinha continued his outstanding season in a game that served as a tribute to club doctor Carles Minarro, who passed away on Saturday.
Benfica goalkeeper Anatoliy Trubin had already been called into action to deny Alejandro Balde when Raphinha opened the scoring in the ninth minute.
That lead lasted just two minutes before Nicolas Otamendi powered home a header at the other end after being inexplicably left unmarked five meters out.
The match turned into an end-to-end affair, with Barca finding more space on the counterattack. Yamal then scored a brilliant goal, showcasing his skill by collecting the ball wide, cutting inside, and curling a left-footed shot beyond Trubin’s reach.
Raphinha showed how it was done moments later, controlling and firing in a low shot after the impressive Balde ran with the ball from deep inside his half.
…..
Man Utd co-owner Ratcliffe opens the door for important summer departures
Manchester United’s co-owner Sir Jim Ratcliffe has indicated some of the players at his club are not good enough and indicated there will be a summer clear-out of players after already making deep cuts into off the pitch staff at Old Trafford.
Ratcliffe has nearly 30 percent share of the club, with his INEOS company now running football operations.
In a wide-ranging interview, Ratcliffe gave Amorim his support, saying he “would” be at Old Trafford next season, but then opened the door for several players to leave.
“Some are not good enough and some probably are overpaid, but for us to mold the squad that we are fully responsible for, and accountable for, will take time.”
…..
Dominant Bayern seals quarterfinal berth with comfortable win over Leverkusen
Bayern Munich secured its place in the Champions League quarterfinals with a commanding 2-0 victory over Bayer Leverkusen on Tuesday, completing a 5-0 aggregate triumph.
Leverkusen, which lost 3-0 in the first leg, faced further challenges with the absence of Florian Wirtz due to injury. Bayern took control early, stifling Leverkusen’s attempts to build momentum.
…..
Chinese boxers continue strong run at IBA Women’s World Boxing Championships
Chinese national champions Hu Meiyi and Wang Xiaomeng advanced to the quarterfinals of the IBA Women’s World Boxing Championships at Cair Sports Hall in Nis, Serbia, on Tuesday.
Hu secured a 4-1 victory over Daina Marie Moorehouse of Ireland in the light flyweight (48-50kg) category, while Wang dominated Gulsaya Yerzhan of Kazakhstan with a decisive 5-0 win in the light heavyweight (75-81kg) division.