Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ဘရာဇီးနိုင်ငံ ပါရာပြည်နယ် မြို့တော် Belem ရှိ Olympic Stadium of Para တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘိုလီးဗီးယားနှင့် ပွဲစဉ်၌ ဘရာဇီးအသင်းမှ နေမာ အောင်ပွဲခံနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

— ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဘရာဇီးအသင်းပဏာမစာရင်းတွင် နေမာကို ထည့်သွင်း
ကိုလံဘီယာအသင်း၊ အာဂျင်တီးနားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဘရာဇီးအသင်း ပဏာမအမည်စာရင်းတွင် နေမာကိုထည့်သွင်းထားကြောင်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ် (CBF) က ဖေဖော်ဝါရီ ၂၈ ရက်၌ ပြောခဲ့သည်။
……..
— Heerenveen မြို့တွင် ကမ္ဘာ့ဖလား ISU စကိတ်အမြန်စီးပြိုင်ပွဲ ဖွင့်ပွဲနေ့၌ Han နှင့် Ning တို့ ကြေးတံဆိပ်ရရှိ
တရုတ် စကိတ်အမြန်စီးအားကစားသမားများဖြစ်သော Han Mei နှင့် Ning Zhongyan တို့သည် Heerenveen မြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသော ကမ္ဘာ့ဖလား ISU စကိတ်အမြန်စီးပြိုင်ပွဲ ဗိုလ်လုပွဲ ဖွင့်ပွဲနေ့၌ မီတာ ၁,၅၀၀ ပွဲစဉ်တွင် ကြေးတံဆိပ်များအသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
……….
— Renato က ဘိုတာဖိုဂိုအသင်းကို တာဝန်ယူမည်
ပေါ်တူဂီ မန်နေဂျာဖြစ်သူ Renato Paiva သည် ဘိုတာဖိုဂိုအသင်းကို တာဝန်ယူရန် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဒီဇင်ဘာလက မက္ကဆီကိုနိုင်ငံ Toluca မြို့တွင် လမ်းခွဲပြီးချိန်မှစ၍ အလုပ်ရပ်နားထားသော Paiva သည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်း ရီယိုဒီဂျနေးရိုးကလပ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
……
— ကမ္ဘာ့စားပွဲတင်တင်းနစ်ဂရင်းစမတ်ရှ်၊ ချန်ပီယံပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အိုလံပစ်ချန်ပီယံများကို ဖိတ်ကြားမည်
အိုလံပစ်ရွှေတံဆိပ်ဆုရှင်များအားလုံး ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ဂရင်းစမတ်ရှ်ပြိုင်ပွဲ ပင်မမဲနှိုက်ခြင်းနှင့် WTT ချန်ပီယံပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် “အိုလံပစ် ချန်ပီယံ ရွှေရောင်ကတ်များ” လက်ခံရရှိမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် မွမ်းမံထားသော WTT လက်စွဲစာအုပ်မှာ ဖော်ပြထားသည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ကျင်းပသော ၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပွဲ အမျိုးသမီး အဖွဲ့လိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၌ ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ပြီးနောက် ရွှေတံဆိပ်ဆု ရရှိခဲ့သော တရုတ်အသင်း အောင်ပွဲခံနေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(English Version)
— Neymar named in preliminary Brazil squad for World Cup qualifiers
RIO DE JANEIRO, Feb. 28 (Xinhua) — Neymar has been included in Brazil’s preliminary squad for World Cup qualifiers against Colombia and Argentina, the Brazilian Football Confederation (CBF) said on Friday.
Photo 1: Brazil’s Neymar celebrates during the 2026 World Cup qualifier match against Bolivia at the Olympic Stadium of Para in Belem, capital of the State of Para, Brazil, on Sept. 8, 2023. (Photo by Lucio Tavora/Xinhua)
……..
— Han, Ning take bronze on opening day of ISU Speed Skating World Cup in Heerenveen
THE HAGUE, Feb. 28 (Xinhua) — Chinese speed skaters Han Mei and Ning Zhongyan both secured bronze medals in their respective 1,500m events on the opening day of the ISU Speed Skating World Cup final in Heerenveen on Friday.
……….
— Renato Paiva takes reins at Botafogo
RIO DE JANEIRO, Feb. 28 (Xinhua) — Portuguese manager Renato Paiva has signed a deal to take charge of Botafogo, the reigning Brazilian and South American champions said on Friday. Paiva, who had been out of work since parting ways with Mexico’s Toluca in December, agreed to a contract that runs until December 2026, according to a statement on the Rio de Janeiro club’s official website.
……
— Reigning Olympic champions to be invited to compete at WTT Grand Smash, Champions
BEIJING, Feb. 28 (Xinhua) — The World Table Tennis (WTT) updated its Handbook on Friday, announcing that all reigning Olympic gold medalists will receive “Olympic Champions Gold Cards” to participate in the WTT Grand Smash main draw and WTT Champions.
Photo 2: China celebrates victory after winning the women’s table tennis team gold medal against Japan at the 2024 Olympic Games in Paris, France, Aug. 10, 2024. (Xinhua/Chen Yichen)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.