Connect with us

North America

ဂရင်းလန်းကျွန်းအား သိမ်းယူမည်ဟု နေတိုးအကြီးအကဲနှင့် တွေ့ဆုံစဉ် ထရမ့် ထပ်လောင်းပြောကြား

ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းကျွန်းအား သိမ်းယူလိမ့်မည်ဟု ယုံကြည်ကြောင်း ဘဲဥပုံရုံးခန်း၌ မတ် ၁၃ ရက်က နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရတ်တေးနှင့် တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု အမေရိကန် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။အမေရိကန်အနေဖြင့် အဆိုပါ ကျွန်းကြီးအား သိမ်းယူလိမ့်မည်ဟု ယုံကြည်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး လက်လွှဲယူမှု အဆင်ပြေစေရန် နေတိုးမဟာမိတ်အဖွဲ့ အကြီးအကဲက အဓိကအခန်းကဏ္ဍမှ ပါဝင်သူ ဖြစ်လာနိုင်ကြောင်း ၎င်းက အရိပ်အမြွက် ပြောကြားခဲ့သည်ဟု The Hill သတင်းဌာနက ဖော်ပြခဲ့သည်။

“အဲဒီလိုဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘဲဥပုံရုံးခန်း၌ အစည်းအဝေးပြုလုပ်စဉ် ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သိရသည်။

ရတ်တေးကမူ ဂရင်းလန်းကျွန်းအား ရယူရန် ထရမ့်၏ ကြိုးပမ်းမှုနှင့် ပတ်သက်သည့် ဆွေးနွေးမှုမှန်သမျှမှာ ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်နေကြောင်း၊ ၎င်းအနေဖြင့် အဆိုပါ ကိစ္စထဲသို့ နေတိုးအား ဆွဲမသွင်းလိုကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

လူဦးရေ ၆၀,၀၀၀ ခန့် နေထိုင်သော ကမ္ဘာ့အကြီးဆုံးဖြစ်သည့် ဂရင်းလန်းကျွန်းမှာ ၁၉၅၃ ခုနှစ် မတိုင်မီအထိ ဒိန်းမတ်ကိုလိုနီအဖြစ် တည်ရှိခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ဒိန်းမတ်နှင့် တစ်သားတည်းဖြစ်သော နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ကာ ဂရင်းလန်း ဒေသခံများကိုလည်း ဒိန်းမတ်နိုင်ငံသား ခံယူခွင့်ပြုခဲ့ကြောင်း သိရသည်။ ဂရင်းလန်းကျွန်းမှာ ၁၉၇၉ ခုနှစ်တွင် (ဟုမ်းမ်ရူး) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့ပြီး ဒိန်းမတ်က ၎င်းကျွန်း၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒများကို ဆက်လက်ထိန်းချုပ်ထားသည့်တိုင် ပိုမိုကျယ်ပြန့်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1UV
………………………………………
(English Version)
Trump vows to annex Greenland again during meeting with NATO chief: media
WASHINGTON, March 13 (Xinhua) — U.S. President Donald Trump said on Thursday that he believes the United States would annex Greenland, an autonomous territory of Denmark, during a meeting with NATO Secretary General Mark Rutte in the Oval Office, U.S. news outlets reported.
Trump expressed confidence the United States would annex the large island, even suggesting the head of the NATO alliance could be a key player in facilitating the acquisition, The Hill reported.
“I think it will happen,” Trump told reporters in the Oval Office during the meeting, said the report.
In response, Rutte said that any discussion about Trump’s attempts to acquire Greenland is outside of his purview and he doesn’t want to drag NATO in that, the report stated.
Greenland, the world’s largest island with a population of around 60,000, was a Danish colony until 1953, when it became an integral part of Denmark with Greenlanders given Danish citizenship. In 1979, Greenland achieved home rule, gaining greater self-governance while Denmark retained authority over its foreign and defense policy.
English Caption
This photo taken on March 11, 2025 shows posters of Greenland’s parliamentary election candidates in Aasiaat, Greenland, an autonomous territory of Denmark. (Photo by Zhang Quanwei/Xinhua)