Connect with us

Africa & Middle East

အမေရိကန်နိုင်ငံဆိုင်ရာ တောင်အာဖရိကသံအမတ် ထွက်ခွာရန် ၇၂ နာရီအချိန်ပေး

ဂျိုဟန်နာဘာ့ခ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

နှင်ထုတ်ခံရသော တောင်အာဖရိကသံအမတ် အီဘရာဟင် ရာစူးလ် (Ebrahim Rasool) အား အမေရိကန်နိုင်ငံမှ ထွက်ခွာရန် အချိန် ၇၂ နာရီပေးထားကြောင်း သိရသည်။နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဌာန (DIRCO) ပြောခွင့်ရပုဂ္ဂိုလ် ခရစ္စပင်း ဖီရီက ၎င်းတို့အနေဖြင့် ရာစူးလ်က နိုင်ငံအတွင်းမှ နှင်ထုတ်ခံရကြောင်းနှင့် နေရပ်ပြန်ရန်စီစဉ်မှုများ လုပ်ဆောင်ထားကြောင်း တရားဝင်အတည်ပြုချက်အား အမေရိကန်နိုင်ငံရှိ တောင်အာဖရိကမစ်ရှင်ထံမှ မတ် ၁၄ ရက်ညနှောင်းပိုင်း၌ လက်ခံရရှိခဲ့သည်ဟု News24 ဒေသတွင်းမီဒီယာကို မတ် ၁၅ ရက်က အတည်ပြုပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ရှိ သမဂ္ဂအဆောက်အအုံများရှေ့တွင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားရုပ်တုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာစူးလ်အနေဖြင့် ‌တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိချိန်တွင် အစီရင်ခံမည်ဖြစ်ကြောင်း ဖီရီက ဆိုသည်။ “အဲဒီအချိန်ကစပြီးတော့ ပရီတိုးရီးယားအနေနဲ့ နောက်ပိုင်းလုပ်ဆောင်ဖို့လိုအပ်တဲ့အဆင့်တွေကို ချင့်ချိန်ဆုံးဖြတ်ပြီး အလေးထားလုပ်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1X6
……….
(English Version)
South African ambassador to U.S. given 72 hours to leave
JOHANNESBURG, March 15 (Xinhua) — Ebrahim Rasool, South Africa’s expelled ambassador, has been given 72 hours to leave the United States.
Chrispin Phiri, spokesperson for the Department of International Relations and Cooperation (DIRCO), confirmed to local media News24 on Saturday that they have received official confirmation from the South African mission in the U.S. late on Friday night that Rasool had been expelled, and arrangements have been made for his return.
Phiri said Rasool will debrief Pretoria once in South Africa. “From there, Pretoria will assess what are the next steps that need to be done and attend to it,” he added. xhtxs.cn/1X6
Photo 1: This photo taken on Oct. 13, 2023 shows a view featuring jacaranda trees in Pretoria, South Africa. (Xinhua/Zhang Yudong)
Photo 2: A statue of former South African President Nelson Mandela is seen in front of the Union Buildings in Pretoria, South Africa, Dec. 5, 2023. (Xinhua/Zhang Yudong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.