Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၁၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဥရုဂွေးအသင်း မန်နေဂျာ ဘီရယ်လ်ဆာက ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မျက်နှာသစ်ကစားသမား ခြောက်ဦးကို ရွေးချယ်
ဥရုဂွေးအသင်း မန်နေဂျာ မာဆယ်လို ဘီရယ်လ်ဆာက အာဂျင်တီးနား၊ ဘိုလီဗီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များအတွက် ရွေးချယ်ထားသော ဥရုဂွေးအသင်း လူစာရင်းတွင် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ဖူးခြင်းမရှိသော ကစားသမားခြောက်ဦးအား ထည့်သွင်းရွေးချယ်ခဲ့သည်။
အဆိုပါ မျက်နှာသစ်ကစားသမား ခြောက်ဦးမှာ တိုက်စစ်မှူး ပတ်ဘလို ဆွာရက်ဇ်၊ ကွင်းလယ်လူ ဂျာမန် ဘာဘက်စ်၊ ကွင်းလယ်လူ အဲရစ်ကို ကူအယ်လို၊ နောက်ခံလူ ပက်ထရီစီယို ပါစီဖီကို၊ ဗဟိုနောက်ခံလူ ပေါ်လို ကာလီအိုနီနှင့် တောင်ပံကစားသမား လူးကက်စ် အာဂက်ဇီတို့ဖြစ်ကာ ၎င်းတို့အားလုံးမှာ ပြည်တွင်းကလပ်များမှဖြစ်ကြောင်း သိရသည်။
ထို့ပြင် အများမျှော်လင့်ထားသည့်နည်းတူ ဘီရယ်လ်ဆာက လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်၊ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ၊ တော့တင်ဟမ်ကွင်းလယ်လူ ရိုဒရီဂို ဘန်တန်ကာနှင့် ဘာစီလိုနာနောက်ခံလူ ရော်နယ် အာရူဟိုတို့ကိုလည်း အသင်းအတွက် ခေါ်ယူခဲ့သည်။ ဥရုဂွေးအသင်းမှာ မတ် ၂၁ ရက်တွင် မွန်တီဗီဒီယို၌ အာဂျင်တီးနားနှင့်လည်းကောင်း၊ မတ် ၂၅ ရက်တွင် အယ်လ်အာလ်တို၌ ဘိုလီဗီးယားနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ၏ ၁၄၄ ကြိမ်မြောက် အစည်းအဝေး ရှေးဟောင်းမြို့ အိုလံပီယာတွင် ဖွင့်လှစ်
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ၏ ၁၄၄ ကြိမ်မြောက် အစည်းအဝေးအား အိုလံပစ်ပြိုင်ပွဲများ အစပြုရာ ဂရိနိုင်ငံ ရှေးဟောင်းမြို့ အိုလံပီယာတွင် မတ် ၁၈ ရက်၌ တရားဝင် ဖွင့်လှစ်ခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ နီးပါးက အိုလံပစ်ပြိုင်ပွဲကြီးများ စတင်ကျင်းပခဲ့ရာ ရှေးခေတ် အကြွင်းအကျန် အပျက်အစီးများအနီးရှိ နိုင်ငံတကာ အိုလံပစ်အကယ်ဒမီ၌ မိုးတဖွဲဖွဲရွာနေစဉ် အဆိုပါ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အဓိက အစည်းအဝေးလုပ်ငန်းစဉ်များကို ဂရိနိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းအပန်းဖြေမြို့ ကော့စတာ နာဗာရီနိုတွင် မတ် ၁၉ ရက်မှ ၂၁ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
အများဆုံးတာဝန်ယူနိုင်သော ၁၂ နှစ်ကြာသက်တမ်းအတွက် တာဝန်ယူပြီးနောက် ဇွန်လတွင် ရာထူးမှထွက်ခွာတော့မည့် IOC ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်က အဆိုပါ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အိုလံပစ်လှုပ်ရှားမှု၏ အဓွန့်ရှည်တည်တံ့လျက်ရှိသော စံတန်ဖိုးများအကြောင်း အလေးထားပြောဆိုခဲ့သည်။
…..
— ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် နေမာ မပါဝင်နိုင်သည့်အတွက် ဂွီမာရက်စ် စိတ်မကောင်းဖြစ်နေ
ကိုလံဘီယာ၊ အာဂျင်တီးနားတို့နှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များတွင် ဒဏ်ရာပြဿနာကြောင့် နေမာ မပါဝင်နိုင်ခြင်းမှာ ကမ္ဘာ့ဖလားကို ငါးကြိမ်ဆွတ်ခူးထားသော ဘရာဇီးအတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်လာမည်ဟု ဘရာဇီးကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်က မတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။
ဘရာဇီးအသင်း၏ အရေးပါသော ကစားသမားတစ်ဦးဖြစ်သည့် နေမာမှာ ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားစဉ် ပေါင်ခြံဒဏ်ရာရရှိပြီးနောက် မတ် ၂၀ ရက်တွင် ဘရာဆီးလီးယား၌ ကိုလံဘီယာအသင်း၊ မတ် ၂၅ ရက်တွင် ဗျူနိုအေရိစ်၌ အာဂျင်တီးနားအသင်းတို့နှင့် ပွဲစဉ်များကို လွဲချော်မည်ဖြစ်သည်။
“ကျွန်တော်တို့ သူ့ကို သတိရနေမှာပါ။ ကစားသမားတွေရော ပရိသတ်တွေရောပါပဲ” ဟု ဂွီမာရက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “သူက ခေါင်းဆောင်တစ်ယောက်နဲ့ ကျွန်တော်တို့ရဲ့ နံပါတ်-၁၀ ကစားသမားပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားပါ။ သူ အမြန်ဆုံး ပြန်သက်သာလာမယ်လို့ မျှော်လင့်ပါတယ်။ သူဒဏ်ရာရနေတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— ဆော်ဒီအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အသင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်အသင်းတိုက်စစ်မှူး ကျန်းယွိနင် ပြောကြား
တရုတ်အသင်းအနေဖြင့် မတ် ၂၀ ရက်တွင် ဆော်ဒီအာရေဗျအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်သလို စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း တိုက်စစ်မှူး ကျန်းယွိနင်က ပြောကြားခဲ့သည်။
တရုတ်အသင်းမှာ မတ် ၁၇ ရက်၌ ရိယတ်မြို့သို့ ရောက်ရှိလာပြီးနောက် မတ် ၁၈ ရက်တွင် အသင်း၏ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၇ အဖြစ် အယ်လ်-အော်ဝါလ်ပါခ့် အားကစားကွင်း၌ ဆော်ဒီအာရေဗျအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ခရိုအေးရှားနိုင်ငံသား ဘရန်ကို အိုင်ဗန်ကိုဗစ် ကိုင်တွယ်နေသော တရုတ်အသင်းမှာ အုပ်စု-C တွင် အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျ၊ ဘာရိန်းတို့နှင့် ခြောက်မှတ်စီ ရမှတ်ချင်းတူနေပြီး ဂျပန်အသင်းက ရမှတ် ၁၆ မှတ်ဖြင့် အုပ်စုထိပ်ဆုံး၌ ဦးဆောင်လျက်ရှိကာ ဩစတြေးလျက ရမှတ်ခုနစ်မှတ်ဖြင့် ၎င်း၏နောက်တွင် ရပ်တည်လျက်ရှိသည်။ (Xinhua)

 


……………….
(English Version)
Uruguay boss Bielsa names six newcomers for World Cup qualifiers
Uruguay manager Marcelo Bielsa named six uncapped players in his squad on Tuesday for the FIFA World Cup qualifiers against Argentina and Bolivia.
The newcomers are forward Pablo Suarez, midfielder German Barbas, midfielder Erico Cuello, defender Patricio Pacifico, center-back Paolo Calione and winger Lucas Agazzi, all from local clubs.
As expected, Bielsa also called up Liverpool forward Darwin Nunez, Real Madrid midfielder Federico Valverde, Tottenham midfielder Rodrigo Bentancur and Barcelona defender Ronald Araujo.
Uruguay will meet Argentina in Montevideo on Friday and Bolivia in El Alto next Tuesday.
…..
144th IOC Session opens in Ancient Olympia ahead of presidential election
The 144th Session of the International Olympic Committee (IOC) officially opened on Tuesday in Ancient Olympia, Greece, the birthplace of the Olympic Games.
In light rain, the ceremony took place at the International Olympic Academy, adjacent to the ancient ruins where the Games began nearly 3,000 years ago. Following the opening ceremony, the main proceedings will take place from March 19 to 21 at Costa Navarino, a coastal resort in southwestern Greece.
IOC President Thomas Bach, who will step down in June after serving the maximum 12-year term, delivered a speech emphasizing the enduring values of the Olympic Movement.
…..
Guimaraes rues Neymar’s absence from Brazil’s World Cup qualifiers
Brazil midfielder Bruno Guimaraes said Tuesday that Neymar’s injury-enforced absence from the World Cup qualifiers against Colombia and Argentina would be a “great loss” for the five-time world champions.
Brazil’s talisman was ruled of the clash against Colombia in Brasilia on Thursday and Argentina in Buenos Aires next Tuesday after suffering a thigh injury while playing for Santos.
“We will miss him – not only the players but also the fans,” Guimaraes told reporters. “He is a leader, our number 10, the best player we have had in the last 10 years. We hope he recovers soon. It is a great loss for us.”
…..
China striker Zhang confident ahead of World Cup qualifier against Saudi Arabia
Chinese forward Zhang Yuning has expressed confidence in his team’s readiness and anticipation for a strong performance in Thursday’s 2026 FIFA World Cup qualifier against Saudi Arabia.
The Chinese team held its first open training session on Tuesday evening after arriving in Riyadh on Monday. They will face Saudi Arabia at Al-Awwal Park in the seventh round of the Asian qualifiers.
Croatian Branko Ivankovic’s side has six points, level with Indonesia, Saudi Arabia, and Bahrain in Group C. Japan currently leads the group with 16 points, followed by Australia with seven.