Connect with us

Europe

ယူကရိန်းအား မမှိတ်မသုန် ထောက်ခံအားပေးကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထပ်လောင်းပြောကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အမှတ်-၁၀ ဒေါင်းနင်းလမ်းရှေ့တွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ (ဝဲ) နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့ စကားပြောဆိုနေပုံကို ၂၀၂၅ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ယူကရိန်းအား မမှိတ်မသုန် ထောက်ခံအားပေးကြောင်း မတ် ၁၈ ရက် ညနေခင်းက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက ထပ်လောင်းပြောကြားခဲ့သည်ဟု ဒေါင်းနင်းလမ်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ဝန်ကြီးချုပ် စတားမာက သမ္မတဇယ်လန်းစကီးနဲ့ မတ် ၁၈ ရက် ညနေခင်းမှာ ဆွေးနွေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနဲ့ဆွေးနွေးရာမှာ သမ္မတထရမ့်အနေနဲ့ တိုးတက်မှုရရှိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးခဲ့တာပါ” ဟု ထိုကြေညာချက်၌ ဖော်ပြထားသည်။
“သမ္မတဇယ်လန်းစကီးက ရှေ့တန်းစစ်မြေပြင် နောက်ဆုံးအခြေအနေကို ပြောပြခဲ့ပြီး ဝန်ကြီးချုပ် စတားမာကလည်း ဗြိတိန်ရဲ့ မမှိတ်မသုန် ထောက်ခံအားပေးမှုကို ထပ်လောင်းပြောကြားခဲ့ပါတယ်” ဟု ကြေညာချက်၌ ဖြည့်စွက်ဖော်ပြခဲ့သည်။
ယင်းနေ့အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာတီမာပူတင်တို့က ယူကရိန်းတွင် “စွမ်းအင်နှင့် အခြေခံအဆောက်အအုံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး” အတွက် သဘောတူညီခဲ့ပြီး ပင်လယ်နက်ဒေသ၌ ရေကြောင်းသွားလာမှုအပေါ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆွေးနွေးမှုများကို အမြန်ဆုံး စတင်မည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ (Xinhua)
………………………………………………………
(English Version)
UK PM reiterates “unwavering support” for Ukraine
LONDON, March 18 (Xinhua) — British Prime Minister Keir Starmer reiterated the country’s “unwavering support” for Ukraine in a phone talk with Ukrainian President Volodymyr Zelensky on Tuesday evening, according to a Downing Street statement.
“The prime minister spoke to President Zelensky this evening. They discussed progress (U.S.) President Trump had made towards a ceasefire in talks with Russia,” the statement said.
“President Zelensky updated on the situation on the frontline and the prime minister reiterated UK’s unwavering support,” the statement added.
Earlier in the day, U.S. President Donald Trump and his Russian counterpart, Vladimir Putin, agreed on “an energy and infrastructure ceasefire” in Ukraine, and will “immediately” launch technical negotiations on the implementation of a maritime ceasefire in the Black Sea, full ceasefire and permanent peace, according to a White House statement.
English Caption
British Prime Minister Keir Starmer (L) speaks with visiting Ukrainian President Volodymyr Zelensky in front of 10 Downing Street in London, Britain, March 1, 2025. (Xinhua/Li Ying)