Connect with us

North America

ယူကရိန်းတွင် “စွမ်းအင်ဆိုင်ရာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး” ကို ထရမ့်နှင့် ဇယ်လန်းစကီး သဘောတူ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (ဝဲဘက် ဒုတိယ) က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (ယာဘက် ဒုတိယ) ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကြိုဆိုနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့သည် မတ် ၁၉ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြပြီး ရုရှားနှင့် ယူကရိန်းကြား “စွမ်းအင်ဆိုင်ရာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး” ကို သဘောတူခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ယူကရိန်းငြိမ်းချမ်းရေးက ယူကရိန်းနိုင်ငံ “စွမ်းအင်နှင့် အခြေခံအဆောက်အအုံ အပစ်အခတ်ရပ်စဲရေးဖြင့် စတင်လိမ့်မည်” ကို ထရမ့်နှင့် ရုရှားသမ္မတ ဗလာတီမာ ပူတင်တို့ မတ် ၁၈ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် သဘောတူခဲ့ကြပြီး နောက်တစ်နေ့၌ အထက်ပါ ဖုန်းဖြင့်ဆက်သွယ်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် ယူကရိန်းတို့၏ “နည်းပညာအဖွဲ့များက ယူကရိန်းအပစ်အခတ်ရပ်စဲ‌ရေး အပြည့်အဝရရှိရေး လမ်းကြောင်းပေါ်တွင် အပစ်ရပ်ရေးကို ပင်လယ်နက်သို့ တိုးချဲ့သွားရန် လာမည့်ရက်များအတွင်း ဆော်ဒီအာရေဗျ၌ တွေ့ဆုံမည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်က လက်မှတ်ရေးထိုးထားသော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထရမ့်နှင့် ဇယ်လန်းစကီးတို့သည် ကာ့ဒ်ဒေသ အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြပြီး “စစ်မြေပြင်အခြေအနေ ပြောင်းလဲဖြစ်ပေါ်နေခြင်းကြောင့် ၎င်းတို့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား သတင်းအချက်အလက် အနီးကပ် မျှဝေရန်သဘောတူခဲ့ကြ” ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)
……………………..
(English Version)
Trump, Zelensky agree to “partial ceasefire against energy” in Ukraine
WASHINGTON, March 19 (Xinhua) — The White House said U.S. President Donald Trump and his Ukrainian counterpart Volodymyr Zelensky in a phone call on Wednesday agreed to “a partial ceasefire against energy” between Russia and Ukraine.
The phone call came one day after Trump and Russian President Vladimir Putin agreed on Tuesday in their phone talks that the peace in Ukraine “will begin with an energy and infrastructure ceasefire” in Ukraine.
U.S. and Ukraine’s “technical teams will meet in Saudi Arabia in the coming days to discuss broadening the ceasefire to the Black Sea on the way to a full ceasefire” in Ukraine, said a statement signed by U.S. Secretary of State Marco Rubio and National Security Advisor Mike Waltz.
Trump and Zelensky discussed the situation in Kursk and “agreed to share information closely between their defense staffs as the battlefield situation evolved,” said the statement.
Photo: U.S. President Donald Trump (2nd L) welcomes Ukrainian President Volodymyr Zelensky (2nd R) at the White House in Washington, D.C., the United States, on Feb. 28, 2025. (Xinhua/Hu Yousong)