Asia
မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် အမေရိကန်ဒေါ်လာ ၂၁၁ သန်း ဆုံးရှုူံး

ကွာလာလမ်ပူ၊ မတ် ၂၀ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ရေကြီးရေလျှံမှုနှင့် ဆက်စပ်သော အလုံးစုံပျက်စီးဆုံးရှုံးမှုအနေဖြင့် ရင်းဂစ် ၉၃၃.၄ သန်း (အမေရိကန်ဒေါ်လာ ၂၁၀.၅၈ သန်း) ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ရင်းဂစ် ၇၅၅.၄ သန်းရှိခဲ့ရာမှ မြင့်တက်လာခဲ့ကြောင်း မတ် ၁၉ ရက်ထုတ် တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။
ရေကြီးရေလျှံမှုနှင့် ဆက်စပ်သော ပျက်စီးဆုံးရှုံးမှုပမာဏမှာ ယမန်နှစ် အမည်ခံ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၀.၀၅ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာန (DOSM) က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ဖော်ပြပါ ပျက်စီးဆုံးရှုံးမှုများတွင် လူနေရပ်ကွက်များ၊ မော်တော်ယာဉ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းအဆောက်အအုံများ၏ ဆုံးရှုံးမှုတန်ဖိုးလည်း ပါဝင်ကြောင်း သိရသည်။
လူနေရပ်ကွက်များတွင် ပျက်စီးဆုံးရှုံးမှုမှာ အများဆုံးအဖြစ်စံချိန်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ရင်းဂစ် ၁၆၈.၃ သန်း ရှိရာမှ ၂၀၂၄ ခုနှစ်၌ ရင်းဂစ် ၃၇၂.၂ သန်းအထိ မြင့်တက်လာကြောင်း၊ ယင်းနောက်တွင် အများပြည်သူဆိုင်ရာပစ္စည်းများနှင့် အခြေခံအဆောက်အအုံ ပျက်စီးဆုံးရှုံးမှုကမူ ၂၀၂၃ ခုနှစ်က ရင်းဂစ် ၃၈၀.၇ သန်းရှိရာမှ ၂၀၂၄ ခုနှစ်၌ ရင်းဂစ် ၃၀၃.၄ သန်းအထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေးကဏ္ဍ၏ ပျက်စီးဆုံးရှုံးမှုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်က ရင်းဂစ် ၁၂၀.၆ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ရင်းဂစ် ၁၈၅.၂ သန်းအထိ မြင့်တက်လာခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Malaysia records 211 mln USD in flood losses in 2024
KUALA LUMPUR, March 20 (Xinhua) — Malaysia recorded overall flood-related losses of 933.4 million ringgit (210.58 million U.S. dollars) in 2024, up from 755.4 million ringgit in 2023, official data showed Wednesday.
The Department of Statistics Malaysia (DOSM) said in a statement that the flood-related losses were equivalent to 0.05 percent of the nominal gross domestic product (GDP) last year.
The reported losses include the value of damage to living quarters, vehicles, businesses, and industrial premises.
The highest losses were recorded in living quarters, surging to 372.2 million ringgit in 2024 from 168.3 million ringgit in 2023, followed by public assets and infrastructure at 303.4 million ringgit, down from 380.7 million ringgit in 2023.
Meanwhile, the agriculture sector’s losses increased to 185.2 million ringgit, up from 120.6 million ringgit in 2023.
Photo: File photo shows a man wades through water in Terengganu state, Malaysia. (Photo by Zhang Yu/Xinhua)