Connect with us

North America

နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား ထရမ့်က နှစ်လအချိန်ပေးထားဟု CNN သတင်းဌာန ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ရှင်းလင်းပြောကြားနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီထံ ပေးပို့ခဲ့သည့် စာတစ်စောင်၌ နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား နှစ်လ အချိန်သတ်မှတ်ပေးထားကြောင်း ယင်းစာတွင် ပါဝင်သော အကြောင်းအရာများကို သိရှိထားသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက မတ် ၁၉ ရက်၌ ဖော်ပြခဲ့သည်။
နျူကလီးယား သဘောတူညီချက်သစ်အတွက် ဆွေးနွေးရန် ကမ်းလှမ်းထားသည့် စာတစ်စောင်ကို အီရန်ခေါင်းဆောင်ပိုင်းထံ ပေးပို့ထားသည်ဟု မတ်လအစောပိုင်းတွင် ထရမ့်က Fox Business Network သတင်းဌာနကို ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်အနေဖြင့် အီရန်နှင့် နောက်ဆုံးအဆင့် သဘောတူညီမှုအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အီရန်အား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အိမ်ဖြူတော်၌ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“အီရန်နဲ့ မကြာခင်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ “တခြားတစ်ခုခုထက် ငြိမ်းချမ်းရေးသဘောတူညီမှု ရတာကိုပဲ မြင်ချင်တယ်လို့ ဆိုလိုတာဖြစ်ပေမဲ့ တခြားတစ်ခုခုနဲ့လည်း ပြဿနာကို ဖြေရှင်းနိုင်မှာပါ” ဟု ထရမ့်က ဆိုသည်။
ယင်းစာအား ထရမ့်၏ အရှေ့အလယ်ပိုင်း သံတမန် စတိဗ် ဝစ်ကော့ဖ်က လွန်ခဲ့သောသီတင်းပတ်အတွင်း အဘူဒါဘီသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းရင်းမြစ်၏ အဆိုအရ သိရသည်။ နောက်ပိုင်းတွင် ယူအေအီးက ယင်းစာကို အီရန်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………
(English Version)
Trump sets two-month deadline for Iran to reach new nuke deal: CNN
WASHINGTON, March 19 (Xinhua) — U.S. President Donald Trump has given Iran two months to reach a new nuclear deal in a letter to Iran’s Supreme Leader Ayatollah Ali Khamenei, CNN reported Wednesday citing a source familiar with the letter’s content.
Trump told Fox Business Network in early March that he had sent a letter to Iran’s leadership proposing negotiations for a new nuclear deal.
He also told reporters at the White House that the United States is “down to final strokes with Iran” and “can’t let them have a nuclear weapon.”
“We have a situation with Iran that something’s going to happen very soon … Hopefully we can have a peace deal,” he said. “I’m just saying I’d rather see a peace deal than the other, but the other will solve the problem.”
According to the CNN source, the letter was presented to the President of the United Arab Emirates (UAE) Sheikh Mohamed bin Zayed Al Nahyan by Trump’s Middle East envoy Steve Witkoff during the latter’s visit to Abu Dhabi last week. Later, the UAE transferred the letter to the Iranians.
English Caption
U.S. President Donald Trump speaks at a press conference at the White House in Washington, D.C., the United States, on Feb. 24, 2025. (Xinhua/Hu Yousong)