Africa & Middle East
မတ် ၁၈ ရက်မှစ၍ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် သေဆုံးသူ ၅၉၀ ကျော် ရှိလာဟု ဂါဇာအစိုးရ ပြော

ဂါဇာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)
လွန်ခဲ့သော ၇၂ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူဦးရေ ၅၉၁ ဦးအထိ မြင့်တက်လာခဲ့သလို ဆေးရုံများသို့ ရောက်ရှိလာသည့် ဒဏ်ရာရသူဦးရေမှာလည်း ၁,၀၄၂ ဦးရှိကြောင်း ဟားမက်စ်အဖွဲ့က ဖွင့်လှစ်ထားသော ဂါဇာပြန်ကြားရေးရုံး၏ မတ် ၂၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထိုစဉ် ဂါဇာအခြေစိုက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများကလည်း မတ် ၂၀ ရက် အစောပိုင်းမှစ၍ သေဆုံးသူဦးရေ ၈၅ ဦးအထိ မြင့်တက်ခဲ့ကြောင်း၊ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိနေသေးပြီး ၎င်းတို့အား ကယ်တင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂါဇာဒေသတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေမှုအတွက် အစ္စရေးစစ်တပ်နှင့် အမေရိကန်အစိုးရတို့တွင် အပြည့်အဝတာဝန်ရှိကြောင်း၊ ထိုကျူးကျော်ရန်စမှုက ပါလက်စတိုင်းပြည်သူများကို ထိတ်လန့်တုန်လှုပ်စေမည် မဟုတ်သကဲ့သို့ မိမိတို့၏ ဇွဲသတ္တိကိုလည်း ပျက်ပြားစေမည်မဟုတ်ဟု ဂါဇာပြန်ကြားရေးရုံး၏ ထုတ်ပြန်ချက်တွင် အလေးအနက် ဖော်ပြထားသည်။
နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးရေးနှင့် ဂါဇာဒေသသို့ ဆေးဘက်ဆိုင်ရာနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်မှုကို ခွင့်ပြုရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အစ္စရေးအား ဝိုင်းဝန်းဖိအားပေးရန်လည်း ယင်းထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။
မတ် ၁၈ ရက် နံနက်အစောပိုင်းမှစ၍ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ နေရာအသီးသီးကို လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီး နှစ်လကြာ အပစ်အခတ်ရပ်စဲထားမှုကို ချိုးဖျက်ခဲ့သည်။ (Xinhua)

ဂါဇာဒေသရှိ ပျက်စီးသွားသော အဆောက်အအုံများကို ဂါဇာနယ်စပ် အစ္စရေးနိုင်ငံ တောင်ပိုင်းမှ ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)
…………………
(English Version)
Death toll from Israeli airstrikes on Gaza since Tuesday exceeds 590: Gaza gov’t
GAZA, March 20 (Xinhua) — The Hamas-run Gaza media office said in a statement on Thursday that the death toll from the Israeli strikes in the Gaza Strip over the past 72 hours has risen to 591, in addition to 1,042 wounded who have arrived at hospitals.
Meanwhile, the Gaza-based health authorities said the number of deaths recorded since early Thursday has risen to 85, adding that “a number of victims are still under the rubble, and efforts are underway to retrieve them.”
In its statement, the Gaza media office held the Israeli army and the U.S. administration fully responsible for the continued “mass killing” in Gaza, stressing that “the aggression will not terrorize the Palestinian people or break their steadfastness.”
It called on the international community to pressure Israel to reopen the border crossings and allow the entry of medical and humanitarian aid into the territory.
The Israeli army has been carrying out intensive airstrikes since dawn of Tuesday on various areas in the Gaza Strip, shattering a two-month ceasefire.
English Caption 1
A Palestinian man checks a destroyed building after an Israeli airstrike in the northern Gaza Strip town of Beit Lahia, on March 20, 2025. (Photo by Mahmoud Zaki/Xinhua)
English Caption 2
Photo taken on March 20, 2025 shows destroyed buildings in Gaza, as seen from the southern Israeli border with Gaza. (JINI via Xinhua)