Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၂၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဂျာမနီနှင့် အီတလီ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ၅၀-၅၀ စီ အခွင့်အရေးရှိနေဟု နာဂယ်စ်မန်း ဆို
အီတလီအသင်းနှင့် ရင်ဆိုင်ရမည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ဂျာမနီအသင်းနည်းပြဖြစ်သူ ယူလီယန် နာဂယ်စ်မန်းက အဆိုပါပွဲစဉ်အား ဘောလုံးရှုထောင့်မှ အလယ်အလတ်အမြင်ဖြင့် သုံးသပ်ပြောဆိုလျက်ရှိသည်။
“နည်းပြတစ်ယောက်အနေနဲ့ ပြောရရင် ဒါက ၅၀-၅၀ စီ အခွင့်အရေးရှိတယ်လို့ ဆိုနိုင်ပေမဲ့ ကျွန်တော်တို့က တစ်ဂိုးပိုသွင်းထားနိုင်လို့
အဲဒါက အဓိပ္ပာယ်မရှိဘူးလို့ သင်္ချာပညာရှင်တစ်ယောက်က ပြောကောင်းပြောနိုင်ပါတယ်” ဟု မတ် ၂၃ ရက် ညနေခင်းတွင် ဒေါ့မွန်မြို့၌ ယှဉ်ပြိုင်ကစားမည့် အဆိုပါပွဲစဉ်မတိုင်မီ
အသက် ၃၇ နှစ်အရွယ် နာဂယ်စ်မန်းက ပြောကြားခဲ့သည်။
“အီတလီဘက်က တစ်ဂိုးသွင်းလိုက်တာနဲ့ ရလဒ်က သရေဖြစ်သွားပြီလေ” ဟု အဆိုပါ ဂျာမန်လူမျိုးနည်းပြက
ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှာ မတ် ၂၀ ရက်က ၃၉ နှစ်အတွင်း ပထမဆုံးအနေဖြင့် အီတလီမြေ၌ အနိုင်ရရှိခဲ့သော်လည်း
၁၅ ပွဲရှုံး၊ ၁၀ ပွဲ အနိုင်ရထားပြီး ၁၃ ပွဲ သရေကျထားသည့် မှတ်တမ်းကြောင့် တည်တည်ငြိမ်ငြိမ် ရှိနေပုံရသည်။
မီလန်မြို့တွင် အီတလီအား နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းက စတုဂတ်နှင့် မြူးနစ်တွင် ကျင်းပမည့် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်သို့
တက်လှမ်းနိုင်ရေး မျှော်လင့်ချက်များကို ပိုမိုအားကောင်းစေခဲ့ပြီး ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်လည်း ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီကို ကျော်တက်နိုင်ခဲ့သည်။
…..
— တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် မိုင်ယာမီအိုးပင်း ရှုံးထွက်အဆင့်သို့ တက်ရောက်
မတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အမေရိကန်တင်းနစ်မယ် တေလာ တောင်းဆင်းဒ်ကို ၆-၁၊ ၇-၆ (၃) ဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ပွဲကစားချိန် ၁ နာရီနှင့် ၁၇ မိနစ် ကြာမြင့်သည့် အဆိုပါပွဲစဉ်တွင်
အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျိန့်က စပေးဘောရမှတ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို အမှတ်ယူနိုင်ခဲ့သလို break point သုံးကြိမ်တွင်လည်း နှစ်ကြိမ်အမှတ်ယူနိုင်ခဲ့သည်။
တောင်းဆင်းဒ်မှာ ကျိန့်ချင်းဝန် (ဆီဒင်-၉) ၏ အားကောင်း၍ တိကျသည့် စပေးဘောရိုက်ချက်များကို တုံ့ပြန်ရန် ရုန်းကန်ခဲ့ရပြီး စပေးဘောတုံ့ပြန်မှု ရမှတ် ၅၅ မှတ်တွင် ၁၁ မှတ်သာ အမှတ်ရရှိခဲ့သည်။
ကျိန့်မှာ လာမည့်ပွဲစဉ်တွင် ကနေဒါတင်းနစ်မယ် လေလာ ဖာနန်ဒက်ဇ် (ဆီဒင် ၂၆) ကို နှစ်ပွဲပြတ်အနိုင်ရခဲ့သည့် အမေရိကန်တင်းနစ်မယ် အက်ရှ်လင်း ကရူးဂါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်က WTA 1000 ကွင်းမာအမျိုးအစားပြိုင်ပွဲတွင် ၎င်း၏ ဆဋ္ဌမမြောက် ဆုဖလားကို ဆွတ်ခူးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
…..
— နန်ကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ရုံတွင်း ကမ္ဘာ့ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဒျူပလန်းတစ်စ်နှင့် ဟော်လိုဝေး ကမ္ဘာ့ချန်ပီယံဆုများ ဆွတ်ခူး
မတ် ၂၂ ရက်က တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ရုံတွင်း ကမ္ဘာ့ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် နာမည်ကျော် တုတ်ထောက်ခုန် အားကစားသမား မွန်ဒို ဒျူပလန်းတစ်စ်က ၎င်းအတွက် ခုနစ်ကြိမ်မြောက် အကြီးတန်း ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး အမေရိကန်မှ ဂရန့် ဟော်လိုဝေးကလည်း မီတာ ၆၀ ရုံတွင်းတန်းကျော်ပြေးပွဲတွင် သုံးကြိမ်ဆက်တိုက် ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
…..
— ဥရုဂွေးအသင်းမှ ဒယ် အာရာစကေတာနှင့် ဒယ်လာခရုဇ်တို့ ဘိုလီဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအား လွဲချော်မည်
ဖလာမင်ဂိုအသင်းမှ ဂျော်ဂျီယန် ဒယ် အာရာစကေတာနှင့် နစ်ကိုးလပ်စ် ဒယ်လာ ခရုဇ်တို့မှာ ဒဏ်ရာပြဿနာကြောင့် ဘိုလီဗီးယားနှင့် ယှဉ်ပြိုင်ကစားမည့် ဥရုဂွေး လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ကြောင်း ဥရုဂွေး ဘောလုံးအဖွဲ့ချုပ် (AUF) က မတ် ၂၂ ရက်၌ ကြေညာခဲ့သည်။
ဒယ် အာရာစကေတာမှာ မတ် ၂၁ ရက်က မွန်တီဗီဒီယိုတွင် အာဂျင်တီးနားအား ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ပွဲကစားချိန် ၄၁ မိနစ်တွင် တံကောက်ကြောဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့ဖြင့် ကွင်းထဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
၎င်း၏နေရာတွင် လူစားဝင်လာသည့် ဒယ်လာခရုဇ်မှာလည်း ထပ်မံဒဏ်ရာရရှိခဲ့သည့်တိုင် ပွဲပြီးဆုံးသည်အထိ ဆက်လက်ကစားပေးခဲ့ကြောင်း သိရသည်။ (Xinhua)


……………….
(English Version)
Nagelsmann calls second leg against Italy a “fifty-fifty” case
Ahead of the UEFA Nations League encounter against Italy, Julian Nagelsmann is assessing the intermediate status from a football perspective.
“As a coach I say, it’s a fifty case while a mathematician might call it nonsense and rate our chances in a possibility calculation higher as we have scored a goal more,” the 37-year-old said ahead of the second leg of the last-eight ties this Sunday evening in Dortmund.
“One Italian goal and things are even,” the German coach added.
A record of 15 defeats, 10 wins, and 13 draws might be reason enough to remain calm, despite the 2014 world champion’s first victory in 39 years on Italian soil last Thursday.
The 2-1 comeback victory in Milan has fueled German ambitions to reach the final-four tournament of the Nations League in Stuttgart and Munich and surpass the 2006 world champion in FIFA’s world ranking list.
…..
China’s Zheng reaches Miami Open last 16
China’s Zheng Qinwen progressed to the round of 16 of the Miami Open on Saturday with a 6-1, 7-6(3) win over American Taylor Townsend.
Olympic gold medalist Zheng won 80 percent of her total service points and converted two of three break points to take the match in an hour and 17 minutes.
Townsend struggled to deal with the power and accuracy of the ninth seed’s serve, winning just 11 of 55 points on her return.
Zheng’s next match will be against American Ashlyn Krueger, who registered a straight sets win over Canada’s 26th seed Leylah Fernandez in their third-round encounter.
Zheng, 22, is aiming for her sixth career title in the WTA 1000 hardcourt event.
…..
Duplantis, Holloway retain world indoor titles at Nanjing 2025
Pole vault superstar Mondo Duplantis clinched his seventh senior global title, while USA’s Grant Holloway won his third consecutive world indoor 60m hurdles victory at the 2025 World Athletics Indoor Championships here on Saturday.
…..
Uruguay’s De Arrascaeta, De La Cruz to miss World Cup qualifier against Bolivia
Flamengo’s Giorgian de Arrascaeta and Nicolas de la Cruz have been ruled out of Uruguay World Cup qualifier against Bolivia due to injury, the Uruguayan Football Association (AUF) said on Saturday.
De Arrascaeta limped off in the 41st minute of Uruguay’s 1-0 World Cup qualifying loss to Argentina in Montevideo on Friday with a hamstring strain.
He was replaced by De La Cruz, who finished the match despite suffering from an undisclosed injury.