Connect with us

Africa & Middle East

လက်ဘနွန်တွင် တပ်ဖြန့်ထားသော သံချပ်ကာတပ်မက ဂါဇာ မြေပြင်စစ်ဆင်ရေးအတွက် ပြင်ဆင်နေဟု အစ္စရေးစစ်တပ် ပြော

ဂါဇာနှင့် ထိစပ်နေသော အစ္စရေးတောင်ပိုင်း နယ်စပ်အနီးတွင် အစ္စရေးတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

ဂျေရုဆလမ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ယခင်က လက်ဘနွန်နိုင်ငံတွင် တပ်ဖြန့်ထားသော သံချပ်ကာတပ်မတစ်ခုမှာ ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင်စစ်ဆင်ရေးများ လုပ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က မတ် ၂၃ ရက်၌ ပြောကြားခဲ့ရာ အစ္စရေးအနေဖြင့် လက်ရှိလုပ်ဆောင်နေဆဲ ဝေဟင်နှင့် မြေပြင်တို့မှ ထိုးစစ်ဆင်မှုအား ထပ်မံတိုးချဲ့မည့် အလားအလာကို ပြသလျက်ရှိသည်။
အမှတ်-၃၆ သံချပ်ကာတပ်မအနေဖြင့် အခြေအနေအား သုံးသပ်အကဲဖြတ်ပြီးနောက် ဂါဇာဒေသတွင် စစ်ဆင်ရေးများ လုပ်ဆောင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်က ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်း၌ ဂါဇာနှင့် နယ်စပ်အနီးတွင် သံချပ်ကာလူတင်ယာဉ် နှစ်ဒါဇင်ခန့် တပ်ဖြန့်ထားပုံကို ပြသထားသည်။
အမှတ်-၃၆ သံချပ်ကာတပ်မအနေဖြင့် လက်ဘနွန်တွင် စစ်ဆင်ရေးများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ယင်းကြေညာချက်၌ ဖော်ပြထားသည်။ ဇန်နဝါရီ ၁၉ ရက်၌ စတင်အသက်ဝင်လာသည့် ဟားမက်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့ပြီးနောက် အစ္စရေးက မတ် ၁၈ ရက်မှစ၍ ဂါဇာဒေသ၌ တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်နေစဉ် စစ်ကူစေလွှတ်ဖွယ်ရှိသည့် အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုနည်းတူ အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာတောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မြေပြင်စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမတိုင်မီ စစ်ဆင်ရေးလုပ်ဆောင်မှုများ၊ မဟာဗျူဟာ ခင်းကျင်းမှုနှင့် အင်အားစုဆောင်းမှုများအတွက် တာဝန်ယူခဲ့သည့် ဟားမက်စ်အဖွဲ့၏ ဂါဇာတပ်ဖွဲ့ ဒုတိယတပ်မှူးဖြစ်သူ အာမက် ဆာလ်မန် အော့ရှီမာလီကို သုတ်သင်ခဲ့ကြောင်း အစ္စရေးစစ်တပ်နှင့် ပြည်တွင်းလုံခြုံရေးဌာန ရှင်းဘတ် (Shin Bet) တို့က မတ် ၂၃ ရက်၌ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဟားမက်စ်အဖွဲ့၏ Shuja’iyya တပ်ရင်းမှ တပ်မှူးဖြစ်သူ ဂျမီလ် အိုမာ ဂျမီလ် ဝါဒီယာကိုလည်း သုတ်သင်ခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းတို့မှာ အစ္စရေး၏ လတ်တလော ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံခဲ့ရသော ဟားမက်စ်အဖွဲ့ အကြီးတန်းတာဝန်ရှိသူများဖြစ်ကြသည်။ (Xinhua)


……………………………………………………………..
(English Version)
Israeli military says armored division deployed in Lebanon prepares for Gaza ground operations
JERUSALEM, March 23 (Xinhua) — Israel’s military said Sunday that an armored division previously deployed in Lebanon is now preparing for ground operations in the Gaza Strip, signaling a possible further expansion of its ongoing air and ground offensive.
In a statement, the military said the 36th Division has begun preparations for operations in Gaza “following a situational assessment.”
Video footage released by the military showed about two dozen armored personnel carriers being deployed near the Gaza border.
According to the statement, the 36th Division has completed its operations in Lebanon. The potential reinforcement came as Israel resumed strikes in Gaza on Tuesday after a ceasefire with Hamas that began on Jan. 19 unraveled. Israeli forces subsequently launched ground operations across southern, northern, and central Gaza.
Also on Sunday, Israel’s military and Shin Bet domestic security agency said in a joint statement that they had killed Ahmad Salman ‘Awj Shimali, deputy commander of Hamas’ Gaza Brigade, who was responsible for operations, strategy planning, and forces building ahead of the October 7 attack.
Jamil Omar Jamil Wadiya, commander of Hamas’ Shuja’iyya Battalion, was also killed, the statement said. They were the latest in a string of senior Hamas figures targeted by Israel.
English Caption
Israeli troops are seen near the southern Israeli border with Gaza, on March 20, 2025. (JINI via Xinhua)