International Organizations
၂၀၂၅ ခုနှစ် မတ် ၂၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်အသင်းတွင်သာမက နိုင်ငံအသင်းတွင်လည်း ရေပန်းစားနေသည့် ဂျာမနီတိုက်စစ်မှူး တင်မ် ကလိုင်းဒင့်စ်
ဂျာမနီအသင်းအတွက် နိုင်ငံတကာပွဲစဉ်များတွင် ခြောက်ပွဲပါဝင်ကစားထားပြီး လေးဂိုးသွင်းယူထားကာ တိုက်စစ်ပိုင်းအား အဓိက ပုံဖော်ချိတ်ဆက်ပေးနေသည့် တိုက်စစ်မှူး တင်မ် ကလိုင်းဒင့်စ်မှာ ပရိသတ်များ၏ ပါးစပ်ဖျားတွင် အလွန်ရေပန်းစားလျက်ရှိသည်။ ထို့အတူ ပြည်တွင်းလိဂ်ပြိုင်ပွဲတွင်လည်း ၎င်း၏စွမ်းဆောင်ရည် မှတ်တမ်းမှာ အထင်ကြီးလောက်စရာဖြစ်ပြီး လိဂ်ပြိုင်ပွဲ ၂၅ ပွဲတွင် သွင်းဂိုး ၁၅ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားသည်။
အသက် ၂၉ နှစ်အရွယ် ကလိုင်းဒင့်စ်၏ ထွန်းတောက်မှုအား ၎င်းကဲ့သို့ပင် ကစားသမားဘဝ အချိန်နှောင်းပိုင်းရောက်ခါမှ ဂျာမနီအသင်း၏ အဓိက အထောင်တိုက်စစ်မှူးအဖြစ် နေရာရလာသည့် ဝက်စ်ဟမ်းတိုက်စစ်မှူး နစ်ကလက်စ် ဖူးလ်ကရက်ဂ်နှင့် ခိုင်းနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ ဖူးလ်ကရက်ဂ်နည်းတူ ကလိုင်းဒင့်စ်မှာလည်း အသင်းငယ်များအတွက် ကစားပေးရင်း ခက်ခဲကြမ်းတမ်းသော လမ်းကြောင်းကို လျှောက်လှမ်းခဲ့ပြီးမှ လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ယူလီယန် နာဂယ်စ်မန်း ဂျာမနီအသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ပြီးနောက် မျက်နှာသစ်ကစားသမားကို တံခါးဖွင့်ကြိုဆိုခဲ့ခြင်းကြောင့် အမြတ်ထွက်ခဲ့သူများအနက် ကလိုင်းဒင့်စ်လည်း အပါအဝင်ဖြစ်သည်။
ဂျာမနီအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ရူဒီဗောင်လာက ကလိုင်းဒင့်စ်၏ သွင်းဂိုးမှတ်တမ်းကို ချီးကျူးခဲ့သလို အမြင့်ဘောနှင့် ဘောလုံးအထိန်းအသိမ်းတို့တွင်လည်း ကြီးမားသော သက်ရောက်မှုများကို ဖန်တီးပေးနိုင်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။
…..
— ဩစတြေးလျနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပရိသတ်များအတွက် တိုက်ပွဲဝင်သွားမည်ဟု တရုတ်အသင်းနည်းပြ ကတိပြု
တရုတ်ဘောလုံးအသင်းအနေဖြင့် ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲစဉ်တွင် ပရိသတ်များအတွက် အစွမ်းကုန် ပေးဆပ်ကစားမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ဘရန်ကို အိုင်ဗန်ကိုဗစ်က မတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါပွဲစဉ်၌ စံချိန်တင်အဖြစ် ပရိသတ် ၇၀,၀၀၀ အထိ ကွင်းအပြည့် လာရောက်အားပေးဖွယ်ရှိကြောင်း သိရသည်။
“မနက်ဖြန်က နှစ်သင်းစလုံးအတွက် အလွန်အရေးပါတဲ့ ပွဲစဉ်တစ်ပွဲပါ။ ကျွန်တော့်ကစားသမားတွေ ကိုယ့်ပရိသတ်ရှေ့မှောက်မှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အိုင်ဗန်ကိုဗစ်က ပြောကြားခဲ့သည်။
တရုတ်အသင်းမှာ မတ် ၂၀ ရက်က ဆော်ဒီအာရေဗျအသင်းအား အဝေးကွင်း၌ ၀-၁ ဂိုးဖြင့် ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစစ်ပွဲသုံးပွဲ ကစားရန် ကျန်ရှိနေချိန်တွင် ခြောက်မှတ်ရရှိထားပြီး ၎င်း၏အုပ်စု၌ အောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။ ဩစတြေးလျအသင်းမှာမူ အင်ဒိုနီးရှားအား အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားသဖြင့် ၁၀ မှတ် ရရှိထားကာ ဒုတိယနေရာ၌ ရပ်တည်နေသည်။
…..
— တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် မိုင်ယာမီအိုးပင်းတွင် ကွာတားဖိုင်နယ်တက်ရောက်
မတ် ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အမေရိကန်တင်းနစ်မယ် အက်ရှ်လင်း ကရူဂါအား ၆-၂၊ ၇-၆ (၃) ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ပွဲကစားချိန် ၁ နာရီနှင့် ၂၉ မိနစ်ကြာမြင့်သော အဆိုပါပွဲစဉ်တွင် ကျိန့် (ဆီဒင်-၉) က Ace (စပေးဘောမှ အမှတ်ယူနိုင်မှု) ငါးကြိမ်ရှိခဲ့ပြီး ပထမစပေးဘောမှ ၈၁ ရာခိုင်နှုန်း အမှတ်ယူနိုင်ခဲ့သည်။
ကရူဂါကမူ စပေးဘောရိုက်ချက်များ ဟန်ချက်မညီသဖြင့် ရုန်းကန်ခဲ့ရပြီး double fault လေးကြိမ် ပြုလုပ်ခဲ့ကာ စပေးဘောတန်ပြန်ရိုက်ချက်များမှ ၂၇ ရာခိုင်နှုန်းသာ အမှတ်ရရှိခဲ့သည်။
WTA 1000 ပြိုင်ပွဲအမျိုးအစားဖြစ်သည့် မိုင်ယာမီအိုးပင်း ကွာတားဖိုင်နယ်တွင် ကျိန့်အနေဖြင့် ကမ္ဘာ့အဆင့်-၁ အရီနာ ဆာဘလန်ကာ (ဆီဒင်-၁) နှင့် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။ ဆာဘလန်ကာမှာ စတုတ္ထအဆင့်တွင် လက်ရှိချန်ပီယံ ဒန်နီယယ် ကောလင်းစ်အား ၆-၄၊ ၆-၄ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်သည်။
…..
— စီချွမ်းအသင်း၏ တရုတ်ဘတ်စကက်ဘော အားကစားမယ် Han က WCBA ၏ တန်ဖိုးအရှိဆုံးကစားသမားဆုကို ဆက်လက်ထိန်းထားနိုင်ခဲ့
တရုတ်လက်ရွေးစင် ဘတ်စကက်ဘောအသင်း၏ center ကစားသမား Han Xu မှာ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် တရုတ် အမျိုးသမီးဘတ်စကက်ဘောအဖွဲ့ချုပ် (WCBA) လိဂ်ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးကစားသမား (MVP) ဆုကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
…………………….
(English Version)
Striker Kleindienst embraces spotlight for club and country
With four goals in six international appearances and a key link in attack, German striker Tim Kleindienst has stepped into the limelight. His domestic record is equally impressive, with 15 league goals and six assists in 25 games.
The 29-year-old’s rise has drawn comparisons to West Ham striker Niclas Füllkrug, another late bloomer who has become a staple of Germany’s traditional center-forward role. Like Füllkrug, Kleindienst took a winding path through smaller clubs before earning a national team call-up.
When Julian Nagelsmann took over as Germany’s head coach in September 2023, he opened the door for fresh faces. Kleindienst was among those who benefited.
German national team sporting director Rudi Voller praised his goal-scoring record but emphasized “his vast impact when it comes to heading and ball retention.”
…..
China coach vows to fight for home fans in WC qualifier against Australia
China coach Branko Ivankovic said Monday that his squad will give their all for the home fans in the upcoming 2026 FIFA World Cup Asian qualifier against Australia, with a record-breaking crowd of 70,000 expected to pack the stadium.
“Tomorrow will be a grand match for both teams. I hope my players could play their best football and fight until the end in front of all our supporters,” Ivankovic said in the pre-match press conference here.
With three matches left in the qualifiers, China finds itself at the bottom of the group with six points after a narrow 1-0 away defeat to Saudi Arabia last Thursday. Meanwhile, Australia sits in second place with 10 points following a dominant 5-1 home win over Indonesia.
…..
China’s Zheng reaches Miami Open quarterfinals
China’s Zheng Qinwen reached the last eight of the Miami Open with a 6-2, 7-6(3) victory over American Ashlyn Krueger on Monday.
Ninth-seed Zheng hit five aces and won 81 percent of her first-serve points as she took the match in an hour and 29 minutes.
Krueger struggled for rhythm on serve, committing four double faults, while winning only 27% of total points on return.
Zheng’s quarterfinal opponent in the WTA 1000 event will be top seed and world No. 1 Aryna Sabalenka, who advanced by beating defending champion Danielle Collins 6-4, 6-4 in their fourth round duel.
…..
Sichuan center Han retains WCBA MVP
China international center Han Xu retained the 2024-2025 Women’s Chinese Basketball Association (WCBA) league’s Most Valuable Player (MVP) award on Tuesday.