Connect with us

Myanmar

တပ်မတော်နေ့တွင် နိုင်ငံခြား အကျဉ်းသား ၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု

နိုင်ငံခြား အကျဉ်းသား ၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ထုတ်ပြန်ချက်အားတွေ့ရစဥ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံခြားသား အကျဥ်းသား(၇)ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အကျဥ်းသားများသည် ကော့သောင်းအကျဉ်းထောင်မှ ထိုင်းနိုင်ငံသား လေးဦးနှင့် ဘားအံအကျဉ်းထောင်မှ ဖိလစ်ပိုင်နိုင်ငံသား သုံးဦးတို့ ပါဝင်ကြောင်း သိရသည်။

နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းအကျဉ်းသားများသည် ရာဇ၀တ်မှု ထပ်မံကျူးလွန်ပါက ကျန်ရှိသော ပြစ်ဒဏ်များပါ ထပ်လောင်းကျခံရမည်ပြီး ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

………………………
(English Vsersion)
Myanmar pardons 7 foreign prisoners on Armed Forces Day

YANGON, March 27 (Xinhua) — Myanmar’s State Administration Council pardoned seven foreign prisoners on the country’s 80th anniversary of Armed Forces Day on Thursday.
According to the council’s order, the pardoned prisoners included four Thai nationals from Kawthoung prison and three Philippine nationals from Hpa-an prison.
The prisoners were pardoned in consideration of friendly relations among the countries and on humanitarian grounds, the council said.
The prisoners were pardoned and expelled under the condition that they will serve the remainder of their reduced sentences if they commit crimes again, it added. ■