မြန်မာ-ENG
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် တရုတ်ကယ်ဆယ်ရေးသမားများ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ

မန္တလေး၊ မြန်မာ၊ မတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်စေတနာ့ဝန်ထမ်းအဖွဲ့သည် မတ် ၂၈ ရက်က အင်အား ၇.၇. အဆင့်ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ဆိုးဝါးစွာထိခိုက်မှုရှိခဲ့သည့် မန္တလေးမြို့သို့ မတ် ၂၉ ရက်က ရောက်ရှိလာခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Blue Sky Rescue (BSR) အဖွဲ့သည် သဘာဝဘေးသက်သာလျော့ပါးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီလျက်ရှိသည်။ အဖွဲ့ဝင်များက ရောက်လျှင်ရောက်ချင်း ငလျင်လှုပ်ခတ်ခဲ့သောနေရာများကို ချက်ချင်းသွားရောက်ကာ အပျက်အစီးများ အကဲဖြတ်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ စေတနာ့ဝန်ထမ်းများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ မတ် ၂၉ ရက် နံနက်ပိုင်းက ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ယူနန်ပြည်နယ်မှ နောက်ထပ် ကယ်ဆယ်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံသို့ မတ် ၂၉ ရက် နံနက်ပိုင်းက အရင်ရောက်ရှိလာခဲ့သည်။ အဆိုပါအဖွဲ့သည်လည်း နောက်ထပ် ငလျင်ဒဏ်ဆိုးဝါးစွာ ခံစားခဲ့ရသော နေပြည်တော်တွင် ကယ်ဆယ်ရေးလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် လူပေါင်း ၁,၆၄၄ ဦး သေဆုံးပြီး ၃,၄၀၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လူ ၁၃၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက မတ် ၂၉ ရက် ညနှောင်းပိုင်းတွင် ပြောကြားခဲ့သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၂၉ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese rescuers start to work in earthquake-hit Myanmar
MANDALAY, Myanmar, March 30 (Xinhua) — A squad of Chinese volunteers started rescue operations Sunday after they arrived in Mandalay, a Myanmar city severely hit Friday in a 7.7-magnitude earthquake.
The Blue Sky Rescue (BSR) team is to provide assistance in disaster relief and rescue efforts. Members of the team have started assessment work about damage at quake scenes immediately upon arrival.
The volunteers departed from Southwest China’s Yunnan Province on Saturday morning.
Another rescue team sent by Yunnan Province arrived in Myanmar earlier on Saturday morning. The team has started work in Nay Pyi Taw, another badly-affected Myanmar city.
Myanmar’s authorities said late on Saturday that 1,644 people have died, 3,408 were injured and 139 remained missing in the earthquake in Myanmar, according to the Information Team of the State Administration Council on Saturday night.
Photo 1: Members of the Chinese Blue Sky Rescue team are working at the site of the collapsed Sky Villa Condominium in Mandalay, a central city of Myanmar, on March 30, 2025. (Xinhua)