Africa & Middle East
ဟားမက်စ်အဖွဲ့က လက်နက်ဖျက်သိမ်း၍ ဂါဇာဒေသအား ထိန်းချုပ်မှုကို စွန့်လွှတ်မည်ဆိုလျှင် အစ္စရေးအနေဖြင့် ဆွေးနွေးရန် လမ်းဖွင့်ထားဟု နေတန်ယာဟု ပြော

ဂျေရုဆလမ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် ဂါဇာပဋိပက္ခ အဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိနေသော်လည်း ဟားမက်စ်အဖွဲ့ဘက်က လက်နက်ချကာ ဂါဇာဒေသအား ထိန်းချုပ်ထားမှုကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက မတ် ၃၀ ရက်၌ အတိအလင်းပြောကြားခဲ့သည်။
ဟားမက်စ်ခေါင်းဆောင်များကို ထွက်ခွာခွင့်ပြုခြင်း၊ ဂါဇာကမ်းမြောင်ဒေသ၏ အထွေထွေလုံခြုံရေးအတွက် အသေအချာ ဆောင်ရွက်ပေးခြင်း၊ သမ္မတထရမ့်၏ ဆန္ဒအလျောက် နေရပ်ရွှေ့ပြောင်းရေး အစီအစဉ် အကောင်အထည်ဖော်ခြင်း စသည်တို့ ပါဝင်မည့် နောက်ဆုံးအဆင့် အဖြေတစ်ခု ရရှိရေးအတွက် ဆွေးနွေးရန် အစ္စရေးဘက်က အသင့်ရှိကြောင်း အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးစတင်ချိန်တွင် နေတန်ယာဟုက ပြောကြားခဲ့သည်။
ဟားမက်စ်အဖွဲ့အား စစ်ရေးအရ ဖိအားပေးမှုက ထိရောက်မှုရှိခဲ့ပြီး ယင်းအဖွဲ့၏ စစ်ရေးနှင့် စီမံအုပ်ချုပ်ရေး စွမ်းရည်များကို ချည့်နဲ့စေခဲ့သလို တစ်ဖက်တွင်လည်း အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်လာစေမည့် အခြေအနေများကို ဖန်တီးနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2np
………………………………………………………………….
(English Version)
Netanyahu says Israel open to Gaza talks if Hamas disarms, relinquishes control
JERUSALEM, March 30 (Xinhua) — Israeli Prime Minister Benjamin Netanyahu declared on Sunday that Israel is prepared to negotiate an end to the conflict in Gaza, but only if Hamas surrenders its weapons and relinquishes control of the besieged enclave.
Speaking at the start of a weekly cabinet meeting, Netanyahu said Israel is ready to discuss a final resolution under which “Hamas leaders will be allowed to leave, we will ensure general security in the Gaza Strip, and we will enable the implementation of the Trump plan for voluntary immigration.”
He said military pressure on Hamas was proving effective, weakening the group’s military and governance capabilities while creating conditions for the release of Israeli hostages.
English Caption
The screenshot from a video shows Israeli Prime Minister Benjamin Netanyahu making a statement, on Nov. 26, 2024. (GPO/Handout via Xinhua)